Friday, November 16, 2012

Android App ရေးရအောင်

    Android App ရေးရအောင်ဆိုလို့.. Programming တွေတတ်စရာမလိုပါဘူး။ ညီမကို..အထင်ကြီးသွားပါဦးမယ် (အဟီး) ။ Android App တစ်ခုကို...ကိုယ်တိုင်ရေးပြီးတော့... Google Play မှာတင်ပြီး..စီးပွားရှာလို့ရတာပေါ့နော်။
၁. www.andromo.com ကိုသွားလိုက်ပါ။
၂. Sign up လုပ်ပါ။
၃. Gmail ထဲကို Andromo က စာရောက်လာရင်...ဖွင့်ပြီးတော့ link ကိုနှိပ်လိုက်ပါ။ Activiton ဖြစ်သွားအောင်လို့ပါ။
၎. ပြီးရင် www.andromo.com ပြန်ဝင်ပါ။ create project ကို နှိပ်ပါ။ မေးသမျှကိုဖြေလိုက်ပါ ^_^
၅. icon ပေးရပါလိမ့်မယ်။ icon ကိုသေသေချာလုပ်ရင်ပိုကောင်းပါမယ်။ icon က ကိုယ့် app ရဲ့အသက်ပဲလေ။
၆. အပေါ်နားမှာ..ခေါင်းစဉ်လေးတွေ..အဆင့်ဆင့်ရှိနေပါတယ်။ တစ်ခုချင်းစီကိုလိုက်ထည့်လိုက်ပါ။
၇. Activities မှာတော့... သင့် program က ဘာတွေလုပ်ဆောင်ပေးမှာလည်းဆိုတာတွေထည့်ပေးရမှာပါ။ Facebook နဲ့ join မှာလား ။ RSS feed ပေးမှာလားဆိုတာတွေပေါ့။
၈. action bar ကပိုအရေးကြီးပါတယ်။ လူတကာအရင်ဆုံးသတိပြုမိမှာကလည်း... action bar ပါ။ သင့်တော်မယ့်အရောင် ၊ မျက်လုံးအေးစေမယ့်အရောင် ၊ ပြတ်သားစေမယ့်အရောင်ကို ပေး၇င်ပိုကောင်းပါတယ်။
၉. Ads and Analytics မှာ.. သင့် app အတွက်ကြော်ညာတွေထည့်မထည့် ၊ Google က.. သင့် app နဲ့ပတ်သက်ပြီး.. analyse လုပ်ခွင့်ပြု ၊ မပြုတို့ကိုလည်း..ရွေးချယ်ပေးရမှာပါ။
၁၀. အားလုံးပြီးသွားရင်တော့.. Generate My App လုပ်ရုံပါပဲ။ အဲ့လိုလုပ်ဖို့အတွက်... Mail ထဲကို..စာရောက်လာမှ..ရမှာပါ။ စာရောက်ဖို့အတွက်... Andromo sever အလုပ်များနေ၇င်တော့.. တစ်ရက် ၊ နှစ်ရက်မက.. ကြာတတ်ပါတယ်။ ညီမလုပ်ထားတာ.. 4ရက်ရှိပါပြီ... စာမရောက်သေးပါဘူး.. :(
အားလုံးပဲရကြပါစေ...........................

No comments:

Post a Comment