Subscribe For Free Updates!

We'll not spam mate! We promise.

Wednesday, May 29, 2013

Android Battery Virus သတိပေးချက်

Android ဖုန်းအသုံးပြုနေသူများသို့ Android Battery Virus အကြောင်းအသိပေးပါရစေ
ဖုန်းအတွင်း Internet အသုံးပြုခြင်း Buletooth များအသုံးပြုခြင်း တို့ကြောင့်အများဆုံး
ဝင်ရောက်ပါတယ်..အဓိက ပြန့်နှံ့တာကတော့ အင်တာနက်ကနေဖြစ်ပါတယ်
Android ဖုန်း အသုံးပြုနေသူ User များရဲ့ Android Battery စနစ်ကိုတိုက်ခိုက်တဲ့ Virus
ဖြစ်ပါတယ်.. ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲဆိုရင် ဒီ Virus ၀င်ရောက်တိုက်ခိုက်
ခံရသည့် Android Phone ရဲ့ Battery ဟာ အရင်လောက် အား ( Power ) သက်တမ်း
ကြာရှည်မခံတော့ခြင်း ၊ Battery အကုန်မြန်စေပြီး Battery ကုန်လို့အားသွင်းလိုက်ရင်လည်း
ငါးမိနစ် ဆယ်မိနစ်ဖြင့် Battery အားပြည့်ကြောင်းပြခြင်း ၊ သုံးလိုက်ပါက ချက်ချင်းကုန်သွား
ခြင်း ၊ အဆိုးဆုံးအဆင့်တွင် Virus Attack ဖြစ်နေတဲ့ Android ဖုန်းမှာလုံးဝ Battery သုံးမရ
တော့ခြင်းတို့ဖြစ်ပေါ်လာပါတယ်.. ဒီ လိုမျိုး ကြုံတွေ့လာရပြီဆိုရင်တော့ ဖုန်းမှာ Antivirus
တင်ထားလဲ ခဏတာသာထိန်းချုပ်နိုင်ပြီး လုံးဝ သတ်ပစ်ဖို့တော့စွမ်းဆောင်နိုင်မှာ မဟုတ်
ပါဘူး..ဒီလိုဖြစ်လာခဲ့ရင် အကောင်းဆုံးဖြေရှင်းနည်းက ဖုန်းရဲ့ SD Card ကို Format ချပစ်ပါ
ပြီးတာနဲ့ မိမိရဲ့ဖုန်းကို Factory Reset ချပစ်ပါ SD Card များကို တစ်ဦးနှင့်တစ်ဦး လဲလှယ်
အသုံးပြုခြင်း တတ်နိုင်သမျှရှောင်ပါ လို့ အသိပေးအပ်ပါတယ်ခင်ဗျာ။

Please Give Us Your 1 Minute In Sharing This Post!
SOCIALIZE IT →
FOLLOW US →
SHARE IT →
Powered By: BloggerYard.Com

1 comments:

  1. ကျေးဇူးတင်ပါတယ်ခင်ဗျာ.............အခုလိုမှတ်သားဖွယ်ရာလေးတွေတင်ပေးတာ
    နောက်လဲတင်ပေးပါဦး............များများလေ

    ReplyDelete