Subscribe For Free Updates!
We'll not spam mate! We promise.
Saturday, June 7, 2014
Crypter အကြောင်း တစေ့တစောင်း
Crypter ဆိုသည်မှာ
Crypter တွေပာာ Malware code တွေကို နည်းအမျိုးမျိုးနဲ့  Encryption လုပ်ပေးကြတတ်ပါတယ် ။ ဒီတော့ ဘာဖြစ်လာလဲဆိုတော့ မူရင်း Malware code တွေက ပျောက်သွားလုဆဲဆဲဖြစ်သွားပါတယ်။
ဥပမာ ပေးရရင်
1 0 1 0 လို malware code မျိုးဆို Anti-virus ကဖမ်းပါလိမ့်မယ်။ ဒါကို Encryption အမျိုးမျိုးနဲ့ 
0 1 0 1 လို့ ချိန်းပေးလိုက်ပါမယ်။ ဒါဆိုရင် Anti-Virus တွေက မမိတော့သလိုမျိုးပေါ့။
Crypter နဲ့ ပတ်သက်ပြီးတော့ နှစ်မျိုးခွဲခြားနိုင်ပါသေးတယ်။
-Scan Time Crypter
- Run Time Crypter
လို့ ယေဘုယျ အနေနဲ့ ခေါ်ဆိုပါတယ်။
Scan Time Crypter
   Scan Time Crypter ကတော့ ရိုးရိုးရှင်းရှင်းပါဘဲ။ Anti-Virus Scan လုပ်နေတဲ့အချိန်မှာ မမိနိုင်တဲ့ အရာမျိုးကိုပြောတာပါ။ Anti Virus က မိမိ စက်တည်း အမြဲလိုလို scan နေကြပါဘဲ ဒီလို အချိန်တွေမှာ မမိတတ်ပါဘူး။ ဒါပေမယ့်လည်း အဲ့ crypter ကိုသုံးပြီး လုပ်ထားတဲ့
ဖိုင်လေးကို Run လိုက်တဲ့အချိန် ကျရင်တော့ Anti-Virus က မိကောင်းမိနိုင်တဲ့အခြေအနေ မျိုးကိုဆိုလိုတာပါဘဲ။
Run Time Crypter
    Run Time Crypter ကတော့ ရှင်းရှင်းဘဲ။ Run လိုက်ရင်လည်း Anti-Virus က မမိနိုင်တဲ့အနေအထားမျိုးကို ဆိုလိုတာပါ။ ဒီကောင်တွေကိုတော့ FUD ဖြစ်တယ်လို့ ခေါ်ဆိုနိုင်ပါတယ်။
Crypter ပိုင်းလေ့လာနေတဲ့သူတစ်ယောက်ဖြစ်မယ် ဆိုရင်တော့ FUD ဆိုတဲ့သဘော တရားကို သိထားရပါလိမ့်မယ်။
FUD ဆိုတာသည်မှာ
Encryption Method အမျိုးမျိုးကိုသုံးပြီးတော့ ရလာတဲ့ရလဒ် တွေကို Online Scanner တွေနဲ့ တိုက်စစ်တာပိုကောင်းပါတယ်။ ဘာလို့ လဲဆိုတော့ Online Scanner တွေက Update အမြဲဖြစ်တယ်။ ပြီးတော့ Anti-Virus အမျိုးပေါင်းများစွာနဲ့ လဲ
တိုက်စစ်ပေးနိုင်လို့ ပါဘဲ။ Eg- http://virustotal.com/
နောက်တစ်ခုရှိတာက UD ပါ ။ UD ဆိုတာကတော့ Undetected လို့ သုံးနှုန်း ထားပါတယ်။ သူကဘယ်လိုမျိုးလဲဆိုတော့ FUD လိုမပာုတ်တော့ပါဘူး Fully မဖြစ်ဘဲနဲ့  တစ်ချို့  anti-virus software တွေကို ဘဲ မမိအောင်လုပ်ပေးနိုင်တဲ့
အနေအထားမျိုးဖြစ်ပါတယ်။ Anti-Virus အကုန်လုံးမမိအောင် လုပ်ပေးနိုင်ခြင်းမရှိတဲ့ပာာမျိုးကိုဆိုလိုတာပါ။
ဒါကိုဆက်လေ့လာချင်တဲ့ ညီကိုတွေကတော့ ကျွန်တော်ရေးခဲ့ဖူးတဲ့ Anti-Virus Hacker ဆိုတဲ့စာအုပ်လေးကို ဖတ်စေချင်ပါတယ်။
အဲ့စာအုပ်ကိုဖတ်ပြီး အဲ့တည်းကအတိုင်း လုပ်မယ်ဆိုရင်တော့ Crypter အကြောင်း အနည်းငယ်နားလည်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Redirect Link : Click Here
Please Give Us Your 1 Minute In Sharing This Post!
SOCIALIZE IT →
FOLLOW US →
SHARE IT →
Powered By: BloggerYard.Com
1 comments:
  1. အကိုရေ Anti-Virus Hacker စာအုပ်ထဲက Exidous Crypt Pr1v8 ကိုဒေါင်းလို့မရတော့လို့ပါ
    ဖြစ်နိုင်ရင်ထပ်တင်ပေးပါလား
    ReplyDelete