10တန်းတွေကလည်း အောင်စာရင်းက ထွက်ပြီဆိုတော့ ဒါလေးကို ပာာသ အဖြစ်တင်ပေးလိုက်တာပါ..
ကျရှံးသွားတဲ့ သူတွေကလည်း ထပ်ကြိုးစားပါ...
ကဲ စမယ်ဗျာ..
တစ်နေ့ မှာ 10 ကျောင်းသားလေး တစ်ယောက်က စာအရမ်းတော်တယ်ဗျ .. အခန်းတည်းမှာ ဆိုလည်း 1 ဘဲ
ကျောင်းမှာဆိုလဲ နံပါတ် 1 ဘဲအမြဲချိတ်တယ်လေ.. ဒီတော့ အဖေကို ပြောတယ်
.. " အဖေရယ် သားကို ကျူရှင်လေး ထားပေးပါလား " တဲ့  ဒီအချိန် မှာ အဖေ ဖြစ်သူက တစ်ခွန်းသာပြန်ပြောသွားတော့တယ်..
" မင်း ကိုထားပေးလို့ မရဘူး မင်းမသိသေးပါဘူးကွာ " တဲ့ လေ..
ဒီလိုနဲ့  ဘဲ ကောင်လေး က ကျူရှင်မတတ်ဘဲ 10 တန်းကို ဘာသာစုံ ဂုဏ်ထူးနဲ့ အောင် မြင်ခဲ့ပါတယ်..
အောင်စာရင်း ထွက်ပြီး သိသိခြင်း မှာဘဲ သူ့ အဖေက အိမ်ပေါ်ကနေ နှင် ချလိုက်ပါတော့တယ်..
ဒီလို အချိန် လေးမှာဘဲ သား ဖ နှစ်ယောက်ပြောပုံလေး က
သား ။ ။ အဖေ ရယ် သားမှာ ဘာများ အပြစ်ရှိလို့  သားကိုအိမ်ပေါ်က နှင်ချတာလဲ ဗျာ..
အဖေ ။ ။ မင်းက ငါ့အရှက်ကို ခွဲ တာကိုကွ....
သား ၊ ။ ကျွန်တော်ဘာများမှားမိလို့ လဲ အဖေရယ်..
အဖေ ၊ ။ အေး ....... အဖေ တောင် 10တန်း မအောင်တာ မင်းက 10တန်းကို ဘာသာစုံဂုဏ်ထူးနဲ့ အောင်တာဆိုတော့ ငါ့အရှက် ခွဲသလို ဖြစ်နေတာပေါ့ကွ..
ကဲ မင်း အိမ်ပေါ်က ဆင်းပေတော့....
No comments:
Post a Comment