သားကိုသာ စာရင်းထဲက လျှော့လိုက်ပါတော့…
အထူးစည်းကမ်းတင်းကြပ်သည်ဟု နာမည်ကြီးသော လန်ဒန်မြို့ရှိ ကျောင်းအိပ်ကျောင်းစားကျောင်း တစ်ခုသို့ တွမ်.. ဆိုသူ
ကျောင်းသားအသစ်တစ်ယောက်ရောက်ရှိလာသည်။
ဤကျောင်းသည် စည်းကမ်းကြီးလှကြောင်း မိဘများသို့ စာရေးလျှင်
မလိုအပ်သည်များကို
မရေးသင့်ကြောင်း ကျောင်းသားကြီးများက တွမ် ကိုသတိပေးသည်။
အချိန်အနည်းငယ်အကြာတွင် တွမ်.. ထံမှ ပထမဆုံးစာကို တွမ်၏ မိဘများ
လက်ခံရရှိကြသည်။
စာမှာတိုတိုလေးဖြစ်သည်။
“ဖေဖေ.. မေမေတို့ခင်ဗျား… ကျွန်တော်တို့၏ ကျောင်းတွင် ကျောင်းသားပေါင်း
၃၈၇ ယောက်ရှိပါသည်။
ကျောင်းသားဦးရေ ၃၈၆ ယောက်သာဖြစ်စေလိုသော ဆန္ဒ ကျွန်တော့်တွင်
ပြင်းပြလျက်ရှိပါသည်”
ချစ်တဲ့သား.. တွမ်”

0 comments:
Post a Comment