Subscribe For Free Updates!

We'll not spam mate! We promise.

Wednesday, November 28, 2012

iPhone 5 ဈေး ကျပ်တစ်သိန်းဝန်းကျင် ကျဆင်း

http://pyae-phyo.blogspot.com

iPhone 5 ဟန်းဆက်ဈေးနှုန်းများမှာ ပြည်တွင်းမိုဘိုင်းဖုန်း ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်ပြီး နှစ်လနီးပါးအကြာတွင် ကျပ်တစ်သိန်း ၀န်းကျင်စီ ကျဆင်းလာကြောင်း သတင်းရရှိသည်။
စမတ်ဖုန်းအမျိုးအစားဖြစ်သော iPhone 5 ဈေးနှုန်းများမှာ ဈေးသိသိသာသာ ကျဆင်းလာသော်လည်း ၀ယ်လိုအား တက်မလာဘဲ    အနည်းငယ်ကျဆင်းသွားကြောင်း သိရသည်။
အောက်တိုဘာလ ၂၄ ရက် တွင် ပြည်တွင်းမိုဘိုင်းဖုန်းဈေးကွက်သို့ စတင်ရောက်ရှိလာခဲ့စဉ်က iPhone 5 ဈေးနှုန်းများသည် 16GB, 32GB, 64 GB တို့တွင် ကျပ်ဆယ်သိန်း၊ ဆယ့်တစ်သိန်း နှင့် ဆယ့်နှစ်သိန်းဝန်းကျင်စီ အသီးသီးရှိခဲ့ရာမှ ယခုလက်ရှိ အချိန်တွင်မူ ကျပ်တစ်သိန်းဝန်းကျင်စီ အသီးသီး ကျဆင်းလာသည်ဟု iNora မိုဘိုင်းဖုန်းဆိုင်မှာ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြည်တွင်းဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ချိန်က ဈေးနှုန်းမှာ နိုင်ငံတကာနှင့် ကွာဟမှု ကြီးမားခဲ့သော်လည်း ၀ယ်လိုအား များပြားခဲ့သဖြင့် ယခုကဲ့သို့ ဈေးကျလာသောအချိန်တွင် ၀ယ်သူနည်းပါးသွားရခြင်းဖြစ်ကြောင်း Apple အမှတ်တံဆိပ်သီးသန့် ရောင်းချသော ဆိုင်များက ပြောသည်။
iPhone 5 ၏ အပြိုင် Samsung ၏ Glaxy စီးရီးဟန်းဆက်များမှာလည်း ဈေးကွက်တွင် ၀ယ်လိုအားများပြားနေကြောင်း မိုဘိုင်းဖုန်း အရောင်းဆိုင်များထံမှ သတင်းရရှိသည်။
လက်ရှိအချိန်တွင် Apple နှင့် Samsung တံဆိပ်များမှာ နည်းပညာမြင့် Application များကြောင့် လူကြိုက်များသော်လည်း တရုတ်ထုတ်      Huawei အမှတ်တံဆိပ်များ၏ ရောင်းလိုအားကိုမူ လိုက်မမီသေးကြောင်း ဈေးကွက်မှ စုံစမ်းသိရှိရသည်။

credit - 7daynewsjournal.com

Please Give Us Your 1 Minute In Sharing This Post!
SOCIALIZE IT →
FOLLOW US →
SHARE IT →
Powered By: BloggerYard.Com

0 comments:

Post a Comment