အမွှာနှစ်ကောင်
အမျိုးသမီးတစ်ယောက် အမွှားပူးလေးမွေးပြီး ကလေးအရမ်းမွေးစားချင်တဲ့
သူတွေကိုပေးလိုက်တယ်။ ကလေး နှစ်ယောက်ထဲမှာ တစ်ယောက်က အီဂျစ်နိုင်ငံက
မိသားစုတစ်ခုကိုရောက်သွားပြီး “အာမဲ”လို့ အမည်ပေး ခံရတယ်။ ကျန်တစ်ယောက် က
စပိန်နိုင်ငံက မိသားစုတစ်ခုနားရောက်သွားပြီး “ဂျူအန်” လို့ အမည်ပေး ခံရတယ်။
နှစ်အတန်ကြာတော့ ဂျူအန်က သူ့ပုံကို မွေးမိခင်ဆီ ပို့ပေးလိုက်တယ်။
အမေဖြစ်သူခမျာ အဲဒီ့ဓာတ်ပုံလေးကိုကြည့်ပြီး အာမဲရဲ့
ဓာတ်ပုံလေးကိုတွေ့ချင်လိုက်တာလို့ သူ့ယောကျာ်းကို ပြောလိုက်တယ်။ အဲဒီ့မှာ
သူ့ယောကျာ်းက “သူတို့က အမွှာပူးတွေလေကွာ။ ဂျူအန်ပုံကို တွေ့ရင် အာမဲပုံကို
တွေ့တာနဲ့ တူတူပဲ” လို့ပြောလိုက်ပါတယ်။

0 comments:
Post a Comment