Thursday, February 7, 2013

GTC ကျောင်းသား ရိုးမဘဏ်ဝင်ဖောက်


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-7R4LNTFH1NEQNrJgxrHBXUPXhDPOJERToMdid8O0nbj8YOscKW3zIkqdv-DNLFIIqnek7Oo0LOU8Zcfq9k_qWfN4yEw2Lj8KS_Ck8Nb4auxKY8E6qTWaC1VJucXBPPS9RxuOdc6mkTGd/s1600/yomabank.jpg

ရှမ်းပြည်နယ် အောင်ပန်းမြို့ တွင် GTC ကျောင်းသား လူငယ်တစ်ဦးအား ရိုးမဘဏ်ကို ဖောက်ထွင်းမှုဖြင့် ဖမ်းဆီး အရေးယူထားကြောင်းသိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၅ ရက် နံနက် ၁နာရီခန့်က အသက် ၁၉နှစ်ရှိ မောင်---သည်ရိုးမဘဏ် မျက်နှာကျက်မှ ဖောက်ထွင်း ဝင်ရောက်ကာ ငွေ ၁၇၀၀၀ ကျပ် ခိုးယူခဲ့မှုဖြင့် ယင်းသို့ ဖမ်းဆီးအရေးယူခဲ့ကြောင်း အဆိုပါဘဏ်မှ သိရသည်။
ရိုးမဘဏ်(အောင်ပန်း) ငွေခန်းဒုတိယ တာဝန်ခံ ဒေါ်ခင်သက်ဦးက
“ ဘဏ်ကို မျက်နှာကျက်ကနေဖောက်ပြီးတော့ဝင်တယ်။ ငွေခန်းကိုတော့
ဖောက်လို့မရဘူး။ အဲဒါကြောင့် ဘဏ်ဝန်းထမ်းတွေရဲ့  စားပွဲတွေ
ကနေ ငွေကျပ် ၁၇၀၀၀ ကျော် ကို ခိုးယူသွားတယ်” ဟု ဆိုသည်။

အဆိုပါတရားခံကို နံနက် ၃ နာရီတွင် ဖမ်းဆီးရမိခဲ့ပြီး အောင်ပန်းမြို့ နယ် ရဲစခန်းမှ အရေးယူထားကြောင်း၏သိရသည်။

ဒေါ်ခင်သက်ဦးက “ ကောင်လေးက ငယ်ငယ်လေးပဲ ရှိသေးတယ် ။
ပြီးတော့ အင်ဂျင်နီယာ ကျောင်းသား တစ်ယောက်လည်း ဖြစ်တယ် ။ သူ့အဖေက ပညာရေး (၃) က အရာရှိတစ်ယောက်လို့ပြောတယ်။
မနက် ၈ နာရီ မှာ အဲဒီကောင်လေးကို ခေါ်လာပြီး ရဲအရာရှိတွေက
ဘဏ်မှာ သရုပ်ပြခိုင်းတယ် ” ဟု ဆက်လက်ပြောသည်။

ရိုးမဘဏ်သည် ယခင်က ငွေလွှဲလုပ်ငန်းကိုသာ အဓိက လုပ်ကိုင်သော်လည်း
လက်ရှိတွင် ဘဏ်လုပ်ငန်း ဆိုင်ရာ လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည့်
ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည်။

သန်းနိုင်ဦး
Yangon Media Group

1 comment:

  1. ဘဏ်ကိုဝင်ဖေါက်တာ ၁၇၀၀၀ ကျပ်ပဲရတယ်ဆိုတော့ စဉ်းစားစရာပါပဲ

    ReplyDelete