Subscribe For Free Updates!

We'll not spam mate! We promise.

Friday, February 8, 2013

Ipod Touch 4thG iOS 4.1 ကို jailbreak ပြုလုပ်ခြင်း



 တခြားသူတွေဆွေးနွေးဖူးမှာပါ။ ကျွန်တော်လုပ်တဲ့ ပုံစံလေး ကိုလည်းပြောပြချင်လို့ပါ။ apple ရဲ့ IOS4.x ကို jailbreak လုပ်ဖို့က အရင် 3.x မှာသုံးတဲ့ software တိုင်းနဲ့ မရပါဘူး။ youtube မှာ
ရှာကြည့်မယ်ဆိုရင်တော့ နည်းလမ်းတွေအများကြီးတွေ့ရမှာပါ။ ကျွန်တော်က အဲဒီထဲက ကောင်းနိုးရာ နည်းလမ်း ၁ ခု ( ကျွန်တော်လုပ်လို့အဆင်ပြေသွားတဲ့ နည်းလမ်း) ကို ပြန်ပြီးတော့ ဖောက်သည်ချချင်တာပါ။
              
လိုအပ်ချက်တွေကတော့ jailbreak လုပ်ဖို့အတွက် wireless internet connection
ပါ။ ဘာလို့ လိုတယ်ဆိုတာတော့ နောက်မှာဆက်ပြောသွားပါမယ်။ (
ဆိုင်တွေမှာလုပ်ပေးတာကတော့ ဘယ်နည်းနဲ့ လုပ်ပေးလည်း ကျွန်တော် မသိပါ )
နောက်ပြီးတော့ ipod usb cable, limera1n software လိုအပ်ပါတယ်။
                  ကဲ လုပ်ကြည့်ကြရအောင်။ ipod ကို computer နဲ့ ချိတ်ပါ။ ပြီးရင် limera1n.exe ကို ဖွင့်ပါ။ software ကို ဖွင့်လိုက်တာနဲ့ software က
instruction တွေကို ပေးနေမှာပါ။ make it ra1n ကို နိုပ်လိုက်တာနဲ့ ipod ကို
နိုပ်ရမယ့် ခလုပ်တွေကို instruction တွေပေးမှာဖြစ်ပါတယ်။ Press Home +
power button ဆိုရင် home key ( အလယ်က အ၀ိုင်းလေး ) နဲ့ ညာ
အပေါ်ထောင့်နားမှာရှိတဲ့ sleep button ကို တွဲနိုပ်ပေးရမှာဖြစ်ပါတယ်။
software က ဘယ်ခလုပ်ကို လွတ်ပါဆို လွတ်ပေးလိုက်ပါ။ ipod က ပါဝါပိတ်သွားပြီ
DFU mode သို့ပြောင်းသွားမှာပါ။ ပြီးရင်တော့ enjoy your jailbreak iphone
ဆိုတဲ့ message ကို မြင်ရရင်တော့ limera1n နဲ့
အလုပ်လုပ်တဲ့ပိုင်းပြီးသွားပါပြီး။ အဲဒီလောက်နဲ့ jailbreak လုပ်လို့မပြီးသေးပါဘူး။နောက်ဆက်ပြီးလုပ်ရမှာက...
                       ipod ကို ပါဝါပြန်ဖွင့် လိုက်ရင် limera1n ဆိုတဲ့ နာမည်နဲ့ application ၁ ခုဝင်နေမှာဖြစ်ပါတယ်။ အဲလိုလုပ်ပြီးရင်တော့ နောက်၁ ဆင့်မှာ internet connection လိုအပ်မှာဖြစ်ပါတယ်။ မိမိတို့ရဲ့ network နဲ့ internet
connection ကို သေချာအောင် ချိတ်ဆက်ထားပေးပါ။ ခုနက install လုပ်ထားတဲ့
limera1n ဆိုတဲ့ application ကို ဖွင့်ပါ။ Please select package ဆိုတဲ့
အောက်မှာ Cydia ဆိုတာကို နိုပ်ပေးပြီး Install လုပ်ပေးရမယ်။ အဲဒီ install
ကတော့ internet ပေါ်ကနေ download လုပ်သွားမှာပါ။ ပြီးရင် ipod restart
ဖြစ်သွားမှာပါ။ ပြန်တက်လာရင် Cydia နာမည်နဲ့ application ၁ ခု
ရောက်နေမှာဖြစ်ပါတယ်။ ဒီအဆင့်ထိကို jailbreak လုပ်လို့ပြီးပြီလို့
ပြောလို့မရသေးပါဘူး။ application တွေ အလွယ်တကူ အလကား ရယူဖို့အတွက်
installous  ဆိုတဲ့ application ကို ရယူရဦးမှာဖြစ်ပါတယ်။ ရယူရမယ့်
ပုံစံကတော့...
                        cydia ကိုဖွင့်ပါ။ Manage > source > Edit > add အတိုင်းသွားပါ။ Enter Cydia/APT URL ဆိုတဲ့နေရမှာ http://cyida.hackulos.us
လို့ရိုက်ထည့်ပေးပြီး Add Source နဲ့ installous ရှိတဲ့ URL link ကို
ထည့်ပေးရပါမယ်။ URL ထည့်ပြီးရင်တော့ Manage > source အောက်ထဲမှာ
Hackulo.us နာမည်နဲ့ ၀င်နေတာတွေ့ရမှာပါ။ အဲဒီထဲကိုသွားပြီ installous ကို
နိုပ်ပေးရပါမယ်။ ပြီးရင် ညာဘက်အပေါ်ထောင့်နားမှာ Install ဆိုတာနဲ့သွားပေးရင်
Installous နဲ့ ပတ်သက်ထဲ source တွေကို အလိုလို install
လုပ်ပေးသွားပါလိမ့်မယ်။ ( ကြားထဲမှာ အပိုအဆင့်လေးတွေပါလာ
မလားမပြောတက်တော့ဘူး။ ကျွန်တော် jailbreak လုပ်ရင် ရေးထာ မဟုတ်လို့ တချို့
အဆင့်လေးတွေ ကျန်ခဲ့ရင် ခွင့်လွတ်ပေးပါ ) installous ကို install
လုပ်တဲ့အချိန်က နည်းနည်း ကြာတယ်။ internet connection မကောင်းရင်
ပိုကြာတက်တယ်။ နောက်ပြီးတော့ error လည်းကျတက်တယ်။ အဲဒါကို ပြီးသွားရင်တော့
screen ပေါ်မှာ စာတန်းတွေတက်လာပြီ restart ဖြစ်သွားမှာပါ။ ပြန်တက်လာရင်တော့
Installous ဆိုတဲ့ application ကို home မှာတွေ့မှာဖြစ်ပါတယ်။
                         Installous ကို ရပြီဆိုရင်တော့ စိတ်ကြိုက် Game, Application တွေကို download ချနိုင်ပါပြီ။ ကျွန်တော် စသုံးတုန်းကလို ဖြစ်မှာစိုးလို့
ရယ်စရာလေး ၁ ခုပြောပြပါဦးမယ်။ Installous ထဲမှာ itune store မှာရှိတဲ့
application တွေကို တွေ့ရမှာဖြစ်ပါတယ်။ itunes store မှာ ၀ယ်ရမယ့်
application တွေပါ။ ကိုယ်လိုချင်တဲ့ application ထဲကိုဝင်ကြည့်ရင် $
ဘယ်လောက်ပေးရမယ်လို့ရေးထားပါလိမ့်မယ်။  ကျွန်တော်တုန်းကတော့ အဲဒီနေရမှာ ငါ
download ချလိုက်ရင် ငါ့ကို ဘယ်ကနေ ပိုက်ဆံလာတောင်းမလဲမသိဘူးဆိုပြီးတော့
ကြောင်တောင်တောင် ဖြစ်သွားသေးတယ်ဗျ။ ကျွန်တော်လိုမျိုး မဖြစ်ပါနဲ့နော်။
installous ထဲကနေ $ ဘယ်လောက်ပါလို့ရေးထားလဲ ဂရုစိုက်စရာမလိုပါဘူး
လိုချင်ရင် အကုန်သာယူပါ။ အကုန် အလကားကြီးပါပဲ။ ဟဲဟဲ ကျွန်တော်တုန်းကတော့
နည်းနည်း ပိန်းသွားလို့ ဖြစ်သွားတာပါ။
                          နောက် ၁ ခုပြောစရာ ကျန်နေပါသေးတယ်။ Installous ကို အသုံးပြုရပုံပါ။ အရင်ဆုံး installous အလုပ်လုပ်တဲ့ ပုံစံကို ကျွန်တော်သိသလောက်
ရှင်းပြချင်ပါတယ်။ cracker တွေက itunes store က နေ တိုက်ရိုက် software
တွေကို မယူဘဲနဲ့ သူတို့ကိုယ်ပိုင် blog or web site နဲ့ တခြား file sharing
web site တွေမှာ software source တွေကို တင်ထားတာပါ။ software တွေရဲ့
extension ကတော့ .ipa ဖြစ်ပါတယ်။ ( တခြားextension ရှိမရှိ ကျွန်တော်မသိပါ။
ကျွန်တော် download ချတဲ့ software အများစုကတော့ .ipa တွေနဲ့ ဆုံးပါတယ်)
installous ကို install လုပ်တဲ့ အချိန်မှာ သတိထားမိရင် AppSync ဆိုတဲ့
source ကိုတွေ့မိမှာပါ။ installous နဲ့ download ချထားတာကို AppSync နဲ့
ပြန်ပြီးတော့ ipod/iphone ထဲကို application တွေ ပြန်ပြီးတော့ install
လုပ်ပေးသွားတာပါ။ ဆိုလိုချင်တာက ကျွန်တော်တို့ itunes store ထဲက လုံးဝ
ရယူတာ မဟုတ်ပါဘူး။ အဲဒီတော့ လိုချင်တာ ကြိုက်သလောက်ယူ တပြားဆို တပြားမှ
မပေးရပါဘူး။
                            သတိထားရမှာ ၁ ချက်ရှိပါတယ်။ Cracker တွေက application file တွေ တခြား web page or blog or file share web page တွေကနေ တင်ထားတဲ့ အတွက် advertising
link လေးတွေရှိပါတယ်။ download link တွေကိုပဲ သတိထားပြီ လုပ်ကြစေချင်ပါတယ်။ virus, spyware, adware, malware ဆိုတာ တွေက စိတ်ချရတာ မဟုတ်လို့ပြောတာပါ။
Installous က download လုပ်ရတာတာ့ မြန်ပါတယ်။
                         ကဲ ဒီလောက်ဆိုရင် ipod/iphone အတွက် လိုချင်တာ မှန်သမျှ ရယူနိုင်ကြပါစေ။ limera1n ကို install လုပ်တဲ့ တချိန်ကလွဲရင် ကျန်တဲ့အဆင့်တိုင်းမှာ
internet connection လိုအပ်တယ်။ မြန်မာနိုင်ငံ connection နဲ့
ထင်တိုင်းမပေါက်ဖြစ်ကြရင်တော့ မုဒိတာ ပွားများပြီး လုပ်ကြပါခင်ဗျာ။
ကိုယ်တိုင် ကိုယ်ကျလုပ်လို့ ပျော်ရွင်နိုင်ကြမယ်လို့ ထင်ပါတယ်။ (
ဆိုင်မှာသွားလုပ်ရင် အနည်းလေး ၂သောင်းလောက်တော့ ပေးရမယ်နဲ့တူတယ်။
ကိုယ်တိုင်လုပ်လို့ ရသွားတယ်ဆိုရင်တော့ ၂သောင်းက ကိုယ့်အိတ်ထဲရောက်မှာနော်
:P )

p.s :  offline နဲ့ install လုပ်နည်းရှိတယ်လို့ ကြားပါတယ်။ အဲဒါကိုတော့
ကိုယ်တိုင် လုပ်ကြည့်ပြီးရင် ထက်ပြောပြသွားပါ့မယ်။ limera1n software ကို
ရယူချင်တယ်ဆိုရင် online မှာ လွယ်လွယ် download ချနိုင်ပါတယ်။ 318KB
ပဲရှိပါတယ်။ ရှာမတွေ့ဘူးဆိုရင်တော့ ကျွန်တော့် email ကို ဆက်သွယ်ပြီး
တောင်းယူနိုင်ပါတယ်။ ကျွန်တော် email ကတော့ picikway@gmail.com ,
htunaung23@yahoo.com ပါ။



ကျွန်တော်ဆွေးနွေးထားတာ မှားတာ ရှိရင် ခွင့်လွတ်နားလည်ပေးပါလို့ တောင်းပန်အပ်ပါတယ်ခင်ဗျာ။ ကျွန်တော်ပြောတဲ့ နည်းလမ်းနဲ့ အဆင်ပြေသွားရင်တော ကျွန်တော် ပိတိ ၁ ခုဖြစ်မိမှာ အမှန်ပါ။ အားလုံး အဆင်ပြေကြပါစေ။ သာယာပျော်ရွင်စရာကောင်းတဲံ နှစ်သစ် (2011) ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်ခင်ဗျာ။

ref: MMIT

Please Give Us Your 1 Minute In Sharing This Post!
SOCIALIZE IT →
FOLLOW US →
SHARE IT →
Powered By: BloggerYard.Com

0 comments:

Post a Comment