Subscribe For Free Updates!

We'll not spam mate! We promise.

Showing posts with label OS Tutorials. Show all posts
Showing posts with label OS Tutorials. Show all posts

Sunday, November 10, 2013

iOS 7+ တွင် မြန်မာလို ဖတ်ရှုနိုင်ပြီ

iOS 7 နှင့်အထက်ကို ယနေ့ထိ Jailbreak လုပ်လို့ မရသေးတာ အားလုံးပဲသိကြပါလိမ့်မယ်။ Jailbreak မရသေးတဲ့အတွက် မြန်မာစာ အခက်အခဲကို ရင်ဆိုင်နေကြရမှာပါ။
အခုတော့ ဒီအခက်အခဲကို ကျော်လွှားနိုင်ဖို့ မြန်မာ Developer တစ်ဦးဖြစ်သူ (ယခင်ကလည်း iDevice အတွက် ဇော်ဂျီကို ကြိုးပမ်းပေးခဲ့သူ၊ Mogok Browser, Likebook App များကိုရေးသားသူ) "ကိုသန့်သက်ခင်ဇော်" က iOS 7 နှင့်အထက်မှာ မြန်မာစာကို ကောင်းမွန်စွာ ဖတ်ရှုနိုင်အောင် စီစဉ်ပေးလိုက်ပါပြီ...



ဇော်ဂျီဖောင့် ဖတ်နိုင်ရန်အတွက်...
  • မိမိ iDevice ၏ "Safari Browser" မှနေ၍ "http://d.pr/f/M8Es+" ကို ရိုက်ထည့်ပါ။ (သို့မဟုတ်) ဤနေရာကို နှိပ်ပြီးသွားပါ။
  • ထိုအခါ iDevice ၏ Setting ထဲသို့ရောက်သွားပြီး "Install" ဆိုတာကို နှိပ်လိုက်ပါ။
  • "Install" လုပ်ပြီးသွားတဲ့ အခါမှာ မည်သည့် App တွင်မဆို မြန်မာစာ(ဇော်ဂျီ) နှင့် ရေးသားထားသော စာများကို ကောင်းမွန်စွာ ဖတ်ရှုနိုင်ပါလိမ့်မည်။ Install လုပ်ပြီးသော်လည်း ဖတ်ရှု၍ မရသေးပါက iDevice ကို Reboot လုပ်ပါ။

ယူနီကုဒ် ဖတ်နိုင်ရန်အတွက်...
  • မိမိ iDevice ၏ "Safari Browser" မှနေ၍ "http://d.pr/f/x4at+" ကို ရိုက်ထည့်ပါ။ (သို့မဟုတ်) ဤနေရာကို နှိပ်ပြီးသွားပါ။
  • ထိုအခါ iDevice ၏ Setting ထဲသို့ရောက်သွားပြီး MON3 Anonta1 ကို "Install" ဆိုတာကို နှိပ်လိုက်ပါ။
  • "Install" လုပ်ပြီးသွားတဲ့ အခါမှာ မည်သည့် App တွင်မဆို မြန်မာစာ(ယူနီကုဒ်) နှင့် ရေးသားထားသော စာများကို ကောင်းမွန်စွာ ဖတ်ရှုနိုင်ပါလိမ့်မည်။ Install လုပ်ပြီးသော်လည်း ဖတ်ရှု၍ မရသေးပါက iDevice ကို Reboot လုပ်ပါ။

**မိမိအသုံးပြုမည့် ဖောင့်ကိုသာ ရွေးချယ် Install လုပ်ပါ။ နှစ်ခုလုံး ထည့်ထားပါက ယူနီကုဒ်ဖောင့်သာလျှင် အလုပ်လုပ်ပါလိမ့်မည်**

ပြန်လည်ဖျက်ပစ်လိုပါက Settings -> General -> Profiles -> Remove နှင့် ဖျက်ပစ်နိုင်ပါသည်။

ချွင်းချက်အနေနှင့် Safari Browser တွင်တော့ အချို့သော မြန်မာဆိုက်များတွင် မြန်မာလို မပေါ်ပါ။ Site ၏ အားနည်းချက်ဖြစ်မည်ဟု ယူဆမိပါသည်။ အခြား (Facebook, Notes, Message) App များတွင် ကောင်းစွာ ဖတ်ရှုနိုင်ပါတယ်။
မြန်မာစာ ရေးနိုင်ရန် ကီးဘုတ်အတွက်တော့ ကျွန်တော်တို့ ဆက်လက် မျှော်လင့်ကြပါဦးစို့...

ယခုကဲ့သို့ မြန်မာစာကို အဆင်အပြေဆုံးဖြစ်အောင် စီစဉ်ဖန်တီးပေးသူ "ကိုသန့်သက်ခင်ဇော်" ကို အထူးအထူးပင် ကျေးဇူးတင်ရှိပါတယ်...

ဤသတင်းကို ကနဦး ရေးသားပေးသူ "ကိုစေတန်" နှင့် ညကြီးမင်းကြီး ကျွန်တော် အိပ်ယာဝင်ခါနီးမှ FB တွင် Tag လုပ်ပြီး သတင်းပေးလာသူ ချစ်သူငယ်ချင်းကြီး "ကိုကမ္ဘာ့ဖျာ" တို့ကိုလည်း ကျေးဇူးအထူးပဲတင်ပါတယ်။

ကျွန်တော်တို့လို iDevice သုံးစွဲကြသူများ အနေနှင့်လည်း Developer များကို အားပေးကူညီကြတဲ့ အနေနဲ့ App များကို ဝယ်ယူသုံးစွဲကြပါလို့ "မိုးသိကြား" ဘလော့ခ်မှနေ၍ လေးလေးနက်နက် တိုက်တွန်းလိုက်ပါရစေ....


Credit to : blog.saturngod.net


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... 

Copy ------  http://www.moethagyar.info/ 

Thursday, September 12, 2013

Kali Linux Installation Step By Step

ဒါလေးကတော့ ကျွန်တော့အစ်ကို ကိုအယ်ဖာ ဆီကကူးလာတာလေးပါ.. ကဲ လမ်းကြုံလေးအနေနဲ့ ကျွန်တော့အစ်ကို ဆိုဒ်ဖြစ်တဲ့..
http://koalpha.blogspot.com/ ကို လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ..
ပာက်ကင်းပိုင်း နဲ့ ပတ်သတ်ပြီး ဆိုဒ်ကောင်းလေး တစ်ခု ဖြစ်မယ်လို့  ထင်ပါတယ်...
(ကျွန်တော့ အတွက် တော့ ဗပာုသုတ ရစရာ ဆိုဒ်လေးပါ...×)


Requirement တွေကတော့

  • အနည်းဆုံး 8 GB disk space လိုအပ်ပါတယ်
  • RAM ကတော့ အနည်းဆုံး 512 MB ရှိရမယ်လို့ ဆိုပေမယ့် 1024 MB လောက်ရှိသင့်တယ်လို့   recommend ပေးထားပါတယ်။
  • ISO သို့ မဟုတ် VM Ware image ကို Kali Linux Site ကနေ download လုပ်ဖို့ လိုအပ်ပါတယ်။
အခု ကျွန်တော် Kali Linux ( version 1.0.2 ) ကို VM Ware ပေါ်မှာတင်ပြီး install လုပ်ပုံ အဆင့်ဆင့်ကို တစ်ဆင့်ချင်း ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ပြီးတော့ ကျနော် Ubuntu OS ကို အသုံးပြုနေတာဖြစ်လို့ VM Ware ကို Ubuntu ပေါ်ကနေတဆင့် အသုံးပြုသွားမှာဖြစ်ပါတယ်။

အရင်ဆုံး အပေါ်မှာ ဖော်ပြထားတဲ့ Kali Linux ရဲ့  Official Site ကနေပြီးတော့ image file ကို download လုပ်ရမှာဖြစ်ပါတယ်။ အဲ့ဒီ link မှာ download လုပ်တဲ့အခါမှာ အရင်ဆုံး register လုပ်ခိုင်းပါလိမ့်မယ်။ သင့်အနေနဲ့  name တွေ email address တွေ ဖြည့်ပြီး register လုပ်ချင်လဲ လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် မလုပ်ချင်ဘူးဆိုလဲ no problem ပါ။ "No thanks, just want to download!" ဆိုတာလေးကို click လုပ်ပြီး download process ကို စတင်လို့ ရပါတယ်။
download လုပ်တဲ့နေရာမှာလဲ ISO သို့ မဟုတ် VM Ware စသည်ဖြင့် format ရွေးခြယ်နိုင်ပါတယ်။ ဒီမှာတော့ ကျနော်က VM Ware နဲ့  install လုပ်မှာ ဖြစ်လို့  VM Ware ကို ရွေးခြယ်ပြီး "Download Kali"  ကို click လုပ်လိုက်ပါ။
Download လုပ်ပြီးသွားပီဆိုရင်တော့ VM Ware မှာ install လုပ်ဖို့  အဆင်သင့်ဖြစ်နေပါပြီ။
အခု ဒီ Tutorial မှာတော့ ကျနော်က VMWare Player version: 5.0.2 build-1031769 ကို အသုံးပြုပြီး ပြသသွားမှာဖြစ်ပါတယ်။ အခြား VM Ware version တွေနဲ့ လည်း အသုံးပြုနိုင်ပါတယ်။

Step 1
VM Ware Player ကို ဖွင့်ပြီး Create a New Virtual Machine ဆိုတာကို click လုပ်ပါ။ ဒါဆိုရင် New Virtual Machine Wizard ဆိုတာ ပွင့်လာမှာဖြစ်ပါတယ်။

Step 2
အဲ့ဒီ screen မှာ I will install the operating system later ဆိုတာကို click လုပ်လိုက်ပါ။ ပြီးရင် Next ကို နှိပ်လိုက်ပါ။

Step 3
Guest operating system အတွက် Linux ကို ရွေးခြယ်ရပါမယ်။ ပြီးတော့ Version အနေနဲ့  Ubuntu ကို ရွေးခြယ်ပြီး Next နှိပ်လိုက်ပါ။

Step 4
Virtual machine name နဲ့ Location နေရာမှာ သူ default အတိုင်းထားပြီး Next နှိပ်ပါ။

Step 5
Specify Disk Capacity အတွက်Max: disk size နေရာမှာတော့ default အနေနဲ့  20 GB ထားပေးထားပါတယ်။ ပြီးရင်တော့ Split virtual disk into multiple files ဆိုတာကိုရွေးပြီး Next နှိပ်ပါ။

Step 6
ဒီအဆင့်မှာတော့ Finish နှိပ်ပါ။ ဒါဆိုရင်တော့ virtual machine process ပြီးဆုံးပြီဖြစ်ပါတယ်။
Step 7
Edit virtual machine settings  ဆိုတာကို click လုပ်ပါ
Step 8
ဒီအဆင့်မှာတော့ Hardware Settings တွေကို စိတ်ကြိုက် customize or edit လုပ်နိုင်ပါတယ်။ 
memory ကို အနည်းဆုံး 1 GB ထားရပါမယ်
processor ကိုတော့ 1 သို့ မဟုတ် 2 ပေါ့ ဒါပေမယ့် Automatic ကိုထားဖို့ တော့ recommend ပေးပါတယ်။
ပြီးရင် CD/DVD IDE ကို click လုပ်ပါ ညာဘက် panel မှာ Connection ဆိုတာရဲ့ အောက်မှာ option ၂ ခုရှိပါတယ်
ပထမတစ်ခု Use physical drive မှာ Kali Linux ရှိတဲ့ CD ရဲ့  drive path ကိုပေးရမှာဖြစ်ပါတယ်။ (CD မှတဆင့် install လုပ်မည့်သူများအတွက်ဖြစ်ပါတယ်)
နောက်တစ်ခုက Use ISO image file မှာတော့ Kali Linux download လုပ်ထားတဲ့ path ကို ရွေးပေးရမှာဖြစ်ပါတယ်
ပြီးရင် OK ပေးလိုက်ပါ။
Step 9
ဘယ်ဘက် panel မှာရှိတဲ့ Kali Linux ဆိုတာကို select လုပ်လိုက်ပါ။ ပြီရင် Play virtual machine ဆိုတာကို click လုပ်လိုက်ပါ။
Step 10
ဒါဆိုရင်တော့ VM Ware Set up စတင်ပြီဖြစ်ပါတယ်။
Step 11
Set up လုပ်တဲ့အဆင့်ပြီးပီဆိုရင်တော့ Kali Linux Boot Screen ကိုတွေ့ ရမှာဖြစ်ပါတယ်။ အဲ့ဒီမှာ Graphical သို့ မဟုတ် Text-Mode install ကိုရွေးခြယ်ပြီး boot လုပ်ဖို့  Enter နှိပ်ပါ။
ပြီးရင်တော့ language select မှာ English ကို ရွေးပြီး Continue နှိပ်ပါ။
Step 12
Location ရွေးခြယ်ပြီး Continue ကို နှိပ်ပါ။
Step 13
Keyboard Configuration မှာတော့ English ကို ရွေးခြယ်ပေးရမှာဖြစ်ပါတယ်။
Step 14
OS ကနေပြီး disk ကို detect ဖြစ်ပြီဆိုတာနဲ့hard disk ထဲကို image copy လုပ်မှာဖြစ်ပါတယ်

Step 15
အဲ့ဒါပြီးရင်တော့ network configuration မှာ Host Name နှစ်သက်ရာ နာမည်တစ်ခုခုပေးပြီး Continue နှိပ်ပါ။
Step 16
ဒီအဆင့်မှာတော့ သင့်မှာ domain ရှိရင်ဖြည့်ပါ။ domain name မှန်ကန်ဖို့ တော့လိုအပ်ပါတယ်။ မရှိလဲ ဘာမှမဖြည့်ပဲ Continue နှိပ်လိုက်ပါ။
Step 17
root account အတွက် password တစ်ခုခု ပေးလိုက်ပြီး Continue နှိပ်ပါ။
Step 18
Network time server ကို auto detect လုပ်သွားပါလိမ့်မယ်
Step 19
Disk Partition လုပ်ဖို့  option တွေ ရွေးခိုင်းပါလိမ့်မယ်။ Beginner တွေအတွက်တော့ Guided- use entire disk ဆိုတာကို ရွေးခြယ်သင့်ပါတယ်။ ဒါမှမဟုတ် အတွေ့ အကြုံရှိတဲ့သူတွေကတော့ စိတ်ကြိုက် partition ခွဲနိုင်အောင် Manual ကိုလည်းရွေးခြယ်နိုင်ပါတယ်။

Manual Partition လုပ်တဲ့  procedure အဆင့်ဆင့်ကိုတော့ ကျနော် မဖော်ပြတော့ပါဘူး ပိုစ့်လဲတော်တော်ရှည်နေပြီလေ ... :P
Step 20
Disk Partition လုပ်တဲ့အဆင့်ဆင့်တစ်ခုပြီးတစ်ခု လုပ်သွားလိုက်ပါ ပြီးရင်တော့ Finish Partition and Write Change to Disk ဆိုတာ သင် partition လုပ်မယ့် condition ကို ပြန်ပြင်လို့ မရတော့ပါဘူးလို့ ဆိုလိုတာပါ။ သေချာပီဆိုရင်တော့ Continue နှိပ်လိုက်ပါ။
Step 21
Partition Format နဲ့ Installing အဆင့်တွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။
Step 22
Network Mirror အသုံးပြုမလားလို့ မေးတဲ့နေရာမှာ Yes ကို ရွေးခြယ်လိုက်ပါ။
နောက်တစ်ခုကတော့ package manager configuration နေရာမှာ ဘာမှမဖြည့်ပဲ blank ထားပြီး Continue လုပ်လိုက်ပါ။
Step 23
GRUB boot loader ကို install လုပ်ပါ။
Step 24
နောက်ဆုံးအနေနဲ့  Finish ကိုနှိပ်ပြီး Kali Linux installation ကို reboot လုပ်လိုက်ပါ။
ဒါဆို reboot ပြန်တက်လာတဲ့အခါ Kali Linux Login Screen မှာ Step 17 မှာ ပေးထားခဲ့တဲ့ root account ရဲ့ password ရိုက်ထည့်ပြီး အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

Monday, March 18, 2013

iOS Apps များ Crack နည်း


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7MUtdpqkVaaAdfSXKvc-CtIuLherRGiMiOYhgJQktSsIJwd1sUJy_r0zYtpNLwCCmxTbIgVOfjfGhDkV38eBSUBXFqr2aTA0t96OVUlMkM4wsPsYH5dpcetytKnhGHJoLWeULRW_fd_pj/s1600/images.jpg

iOS Apps(.ipa) ကို Crack မယ်ဆိုရင်ပထမဆုံး သိရမယ့်တစ်ချက်က Crack လုပ်ထားတဲ့ ipa ကို Jailbreak ပြုလုပ်ထားတဲ့  iDevice ထဲမှာပဲ ဆော့လို့ရပါမယ်။
ဒုတိယအနေနဲ့ Crack ဘာလို့လုပ်ရတယ်ဆိုတဲ့ အကြောင်းအရင်းတွေကို သိရပါမယ်။
Apple’s App Store ကနေ တရားဝင် အခပေးပြီး ဒေါင်းလိုက်တဲ့ App နဲ့ Game တွေကို တပါးသူ (Jailbroken) Device မှာ အခမဲ့ဆော့လို့ရအောင် crack ရပါတယ်။
အခပေးဖြစ်ဖြစ်.. အခမဲ့ဖြစ်ဖြစ်.. App Store အကောင့်တစ်ခုနဲ့ ဒေါင်းထားတဲ့ App နဲ့ Game တွေကို တပါးသူ (Jailbroken) Device ထဲ ထည့်တော့မယ် ဆိုပါစို့၊ အဲ့ဒီ apps တွေ ဒေါင်းထားသူရဲ့ အကောင့်နာမည်နဲ့ စကားဝှက်မသိပဲ iTunes နဲ့ သွင်းလို့မရနိုင်ပါဘူး၊ iTools, iFun-Box စတဲ့ 3rd party software တွေနဲ့ သွင်းလိုက်လို့ စက်ထဲကို ဝင်သွားတယ်ပဲ ထားဦး၊ apps က ဖွင့်မရပဲ crash ဖြစ်နေတတ်ပါတယ်၊ အဲ့လို အခြေအနေတွေ မဖြစ်အောင် crack ရပါတယ်။

Crack လုပ်ဖို့ နည်းလမ်း (၂) ခုရှိပါတယ်။
Crackulous ကဲ့သို့သော Cydia tool အသုံးပြုပြီး ဖုန်းထဲမှာ crack တဲ့နည်း
Computer မှာပဲ.. manual crack တဲ့နည်း

အသေးစိတ်ရှင်းပါမယ်။
စမ်းသပ်ရအောင်.. AppStore ကနေ အခမဲ့ (သို့) အခပေး apps တစ်ခုခုရှာပြီးဒေါင်းထားလိုက်ပါ။ (PC က ဒေါင်းတာဆိုရင်လဲ iTunes နဲ့ သွင်းလိုက်ပါ)

>>> ပထမနည်း အတွက်..
Wifi နဲ့ အင်တာနက်ချိတ်ဆက်ပြီး Cydia ထဲကိုဝင်ပါ။
Manage -> Source -> Edit -> Add -> http://repo.biteyourapple.net ရိုက်ပြီး Add Source ကို နှိပ်ပါ။ ပြီးရင် source သွင်းတာကို ခဏစောင့်လိုက်ပါ။
(BiteYourApple source ထဲ ဝင်ပြီး) Crackulous ကို ရှာဒေါင်းလိုက်ပါ။
Crackulous ထဲဝင်ပါ။ လာလာချင်းတွေ့ရမှာက.. AppStore ကနေ တရားဝင် သွင်းထား.. ဒေါင်းထားတဲ့ apps တွေကိုပါ။ အဲ့ဒီမှာ စောနက စမ်းသပ်ဖို့အတွက် ဒေါင်းထားတဲ့ ipa ကို တစ်ချက်နှိပ်ကြည့်လိုက်ပါ။ Cracking ထဲ ဝင်သွားပြီး.. ခဏမှာတော့ လည်နေတာပြီးသွားပါလိမ့်မယ်။ ဒါဆိုရင် crack လုပ်လို့ပြီးပါပြီ။
Crack လုပ်ပြီးတဲ့ ipa ကို file sharing ဆိုက် တစ်ခုခုမှာ upload လုပ်ဖို့ပဲ ပါပါတယ်။ ဒါပေမယ့် ကျတော်တို့အတွက် အဲ့လောက်ကောင်းတဲ့ ကော်နက်ရှင် မရှိတဲ့အတွက် ကွန်ပျူတာနဲ့ချိတ်ပြီးတော့ပဲ ယူပါမယ်။
iTools (Download ပြုလုပ်ရန်) နဲ့ချိတ်ပြီး FileSystem ထဲဝင်ပါ။ FileSystem (Jailbreaked) ကို ထပ်နှိပ်ပါ။ /var/root/Documents/Cracked ထဲ အဆင့်ဆင့်ဝင်ကြည့်လိုက်ရင် စောနက Crackulous နဲ့ Crack ထားတဲ့ ipa လေးကိုတွေ့ရပါလိမ့်မယ်။ အဲ့ဒီကောင်ကို Right Click ခေါက်.. Copy to Local ဆိုပြီး ကိုယ်သိမ်းချင်တဲ့ နေရာလေးတခု မှာ သိမ်းလိုက်ပါ။ (ကောင်းတာကတော့ Desktop ပေါ့)
ကဲ.. ဒါဆိုရင် Crack လုပ်ထားတဲ့ IPA ကို ကြိုက်သလို share လို့ရပီပေါ့ဗျာ ။
ပထမနည်း.. Done!

>>> ဒုတိယနည်း အတွက်
WinRAR (သို့) 7-Zip လိုပါတယ်။ ( ဖြစ်နိုင်ရင်တော့ 7-Zip သုံးပါ.. http://downloads.sourceforge.net/sevenzip/7z920.exe)
ပြီးရင် iTunes ကနေ စမ်းသပ်ဖို့ ဒေါင်းထားတဲ့ apps ကို သွားရှာပါမယ်။
C:\Users\-your user name-\Music\iTunes\iTunes Media\Mobile Applications ထဲမှာ ရှိပါလိမ့်မယ်။ အဲ့ဒီကောင်လေးကို (Ctrl နှိပ်ထားပြီး mouse နဲ့ ဆွဲကာ) copy ကူးလိုက်ပါ။
အဲ့ဒီ copy လုပ်ထားတဲ့ကောင်ကို Right Click ခေါက် -> 7-Zip -> Open archive ဆိုပြီး ဖွင့်လိုက်ပါ။
အထဲမှာပါတဲ့ iTunesMetadata.plist ကိုဖျက်ပါ။ Payload -> YourAppsName.app ထဲ ဝင်ပြီး _CodeSignature ဆိုတဲ့ ဖိုဒါကို ဖျက်ပါ။ ပြီးရင် CodeResources နဲ့ ResourceRules.plist စတဲ့ ဖိုင်တွေကို ဖျက်ပါ။(အထက်မှာ ပြောတဲ့ဖျက်စရာတွေထဲက တခုခု မရှိဘူးဆိုရင် လျစ်လျူရှုပါ)
ကဲ.. Crack လို့တော့ပြီးပြီ.. ဖုန်းထဲမှာရှိတဲ့ကောင်ကို ဖျက်ပြီး ဒါလေး သွင်းကြည့်လိုက်ပါ ။ ဒါဆိုပြီးပါပြီ

မှတ်ချက်-
ဒုတိယနည်းက 100% အောင်မြင်မယ်လို့တော့ အာမ,မခံဘူး။ ဒါပေမယ့် ကျတော် စမ်းကြည့်တာတော့ အကုန်လုံး(နီးပါး) ရတယ်။ WinRAR နဲ့လုပ်ရင်တော့ တချို့ဆို မရတတ်ဘူး။ Crack လုပ်နည်းမအောင်မြင်ရင် ဘာဖြစ်တတ်လဲဆိုတော့. apps ကို ဖွင့်လိုက်တာနဲ့ crash ဖြစ်တတ်ပါတယ်။

Friday, March 15, 2013

Window Xp , 7 Vista to Window 8 > Windows 8 Transformation Pack 6.5

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhiejgSa413-OHTE-dXFoV5k7iHl5_LPIsP7Kpb1gTUOkGe7Y9IezUHyEbq3WltlvyeR1yT25w9EbGKMbZrU3s6kfHTeLKZ92Rc3lfiBAHFDhRVlJY4kLr2yRow-pExjL9LQVLf5PG_Ijk/s320/26.png



 It’s been a week since Windows 8 officially gone live. I’ve been looking all this time since 6.0 release until Windows 8 officially gone live for something better, something to improve user experiences like updated themes and applications. But sadly, no better alternatives released since 6.0. Hence, I’m releasing 6.5 as refreshed build fixing problems in 6.0 instead.
I recommend installing version 6.5 over existing 6.0 to solve existing bugs and incompatibilities along with some minor improvements like Metro Inspirat updates for
Windows XP users and Windows drive icon for UX Pack. I also added some notes for Windows 8 Transformation Pack about disabling antivirus as I found some antivirus software interfering Windows 8 Transformation Pack. You don’t need to do that for Windows 8 UX Pack or you don’t have problems before though.

Windows 8 Transformation Pack 6.5 Changelog
-Added ‘Transformation Pack Notes’ in readme about temporary disabling antivirus software
-Changed default Immersive UI back to Charms Bar
-Fixed default user account configuration not checking requirements causing improper configuration
-Fixed font installation using method from version 5.0 with improved API code
-Fixed launcher incompatibilities with limited user account
-Fixed permission problems with 3rd-party applications
-Fixed Windows version checking error that allows installation on Windows 8
-Removed Aero Frame UI from default configuration as some machines find it not stable enough
-Updated Metro Inspirat theme for Windows XP having Modern UI updated on taskbar and start menu

Windows 8 UX Pack 6.5 Changelog
-Added changing default system drive icon to Windows 8 ones
-Changed default Immersive UI back to Charms Bar
-Fixed default user account configuration not checking requirements causing improper configuration
-Fixed logon screen not changing properly on OEM bundled machine
-Fixed logon screen requires restart on OEM bundled machine after uninstall
-Fixed permission problems with 3rd-party applications
-Fixed start orb not showing up correctly after restart

As I value solid performance as top priority, some default apps are removed from configuration as some comments in previous release mentioned about their issues. You can try Metro start screen and Aero frame UI yourself and see if it works well on your system but defaults won’t come with them. About .NET Framework, please install .NET Framework 4.0 before using Windows 8 features like Metro Desktop UI. As I found version 4.5 doesn’t allow installation on Windows XP, I changed link in product page back to version 4.0 now.

  ခေါင်းစဉ်ကိုကြည့်လိုက်တာနဲ့တင်ဘဲ စိတ်ဝင်စားသွားကြလိမ့်မယ်ထင်ပါတယ်ဗျာ။
Window
8 ကိုစမ်းသုံး
ကြည့်ချင်သူများအတွက် Window အသစ်တင်စရာမလိုဘဲ Software တစ်ခု Install လုပ်သလိုမျိုး လုပ်လိုက်
ရုံနဲ့ လက်ရှိသုံးနေတဲ့ Window ကနေပြီး Window 8 ကို မိနစ်ပိုင်းအတွင်ပြောင်းသွားမှာပါ။ နဂိုတင်ထားတဲ့
Window လည်းမပျောက်ပျက်သွားပါဘူး။ နဂိုတင်ထားတဲ့ Window အဟောင်းမှာ တင်ထားတဲ့ Software
တွေကိုလည်း အသစ်တင်လိုက်တဲ့ Window 8 မှာ အဆင်ပြေစွာ ဆက်လက်ပြီး အသုံးပြုနိုင်မှာပါဗျာ။အသစ်
တင်လိုက်တဲ့ Window 8 ကိုမသုံးချင်တော့ဘူးဆိုရင်လည်းလွယ်ပါတယ်။ Software တစ်ခုကို Uninstall  လုပ်သလိုဘဲ Add or Remove Program ထဲကနေ Uninstall လုပ်လိုက်ရုံနဲ့တင် Windaw 8 ပျက်ပြီး အရင်
တင်ထားပြီးသား Window အဟောင်းကိုပြန်သုံးနိုင်မှာပါ။ ဒီလောက်ဆို ဒီ Software အကြောင်းသိလောက် ပြီလို့ထင်ပါတယ်ဗျာ။ ထပ်ပြီးသိချင်သေးရင်တော့ အောက်မှာ ဆက်ဖက်လိုက်ပါဗျာ။ 



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Wednesday, March 6, 2013

How To Install Window 7 with USB Stick




Window 7 ကို ကျနော်တို USB Stick ကနေတင်တဲ့နည်းလေးပါ။
အခွေနဲတင်တာနဲ USB Stick တင်တာဘာကွာလဲဆိုတော့ USB Stick နဲတင်တာက ပိုပြီး အလုပ်မြန်မြန်ပြီးပါတယ်။နောက်ပြီး ကွန်ပျုတာက DVD Rom ကိုလည်း သက်သာစေပါတယ်။တစ်ချို ROM မရှိတဲ့ စက်တွေကို စတစ် နဲတင်လိုရပါတယ်။ကျနော်ကိုယ်တိုင်တင်တာ ဆယ့်ငါးမိနစ်ပဲကြာပါတယ်။
စတစ်မှာတင်ဖိုအတွက် ကျနော်တို လိုအပ်တာတွေကတော့
USB Stick 4GB အလွတ်တစ်ခု
Window 7 ISO ဖိုင်
Window 7 USB Tool လေးပါ။
Windows 7 USB Tool
ဆော့ဝဲကိုအင်စတောလုပ်လိုက်ပါ။အားလုံးပြီးသွားရင် Desktop မှာ Icon လေးပေါ်လာပါလိမ်မယ်။
အဲ့ ကောင်လေးကို Click လုပ်ပြီး ဖွင့်လိုက်ပါ။
Windows 7 USB TOol ISO select
ကျနော်တို Window 7 ISO ဖိုင်ရှိတဲ့နေရာကိုရွေးပေးလိုက်ပါ။
ကျနော်တိုက ဒီနေရာမှာ USB Device ကိုရွေးပေးလိုက်ပါ။DVD နဲ ဘမ်းမယ်ဆိုလည်းရပါဒယ်။
နောက်တစ်ဆင့်မသွားခင်ကျနော်တို USB Stick အလွတ်လေးကို ကွန်ပျုတာမှာ ထိုးထားလိုက်ပါ။
အခုဆို ကျနော် Stick နာမည်လေးနဲတပ်လာပါပြီ။ဒီလိုပြနေရင် Begin Copying လုပ်လိုက်ပါ။ 100% ပြည့်သွားတဲ့အထိစောင့်နေလိုက်ပါ။
100% ပြည့်သွားပြီဆို Run နေတဲ့ ဆော့ဝဲလေးကိုပိတ်လိုက်ပါ။
My Computer ထဲကိုသွားကြည့်လိုက်ပါ။
အဲ့လိုလေးပေါ်နေပါလိမ်မယ်။ဒီလိုဆိုကျနော်တို Stick ထဲဝင်လိုက်ပါ။
Windows 7 USB Drive Version Tweak
အပေါ်မှာပြထားတဲ့လမ်းကြောင်းအတိုင်းသွားပြီးတော့ "ei.cfg" ဖိုင်လေးကို Delete လုပ်လိုက်ပါ။
ဒီလိုဆိုကျနော်တို Window 7 ကို USB စတစ်နဲ တင်လိုရပါပြီ။ကိုယ်တင်မယ်ကွန်ပျုတာမှာ 
Boot Option ကို USB လိုရွေးပြီး ၀င်းဒိုးတင်နိုင်ပါပြီ။
အားလုံးပဲအဆင်ပြေကြပါစေ.............................


Ref: http://www.taikkyi-thar.blogspot.com/2013/03/how-to-install-window-7-with-usb-stick.html#.UTYrQ--NPIV

Sunday, March 3, 2013

Remote Desktop Connection ဆိုတာဘာလဲ။


http://t3.gstatic.com/images?q=tbn:ANd9GcQLG4vlozvQnJhQ_15qte2mvRHVIFiLpynRYoTuVf3IAx6bmyyB

  ကဲဒီတစ်ခေါက်တော့ Microsoft ရဲ့ Operating System တွေမှာပါဝင်တဲ့ Feature တွေထဲက Remote Desktop Connection ဆိုတဲ့ Feature လေးအကြောင်းကို မိတ်ဆက်တင်ပြပေးချင်ပါတယ်။ ဒီ Remote Desktop Connection ဆိုတဲ့ Feature လေးဟာ သုံးစွဲဖူးသူ user များတော်တော်လေး ကြိုက်နှစ်သက်ကြတဲ့ Feature ကောင်းလေး တစ်ခု ဖြစ်ပါတယ်။ ဒီ Remote Desktop Connection အကြောင်းကို Microsoft Windows Operating System တွေနဲ့ ရင်းနှီးနေပြီးသား ဖြစ်တဲ့ Online ICT Reader ပရိသတ်ကြီး အနေနဲ့ သိပ်မစိမ်းလှဘူးလို့တော့ ထင်ပါတယ်။ ဒီ Remote Desktop Connection က ဘယ်လို Feature မျိုးလဲ၊ ဘယ်လိုနေရာတွေမှာ သုံးရတာလဲဆိုတာလေးကို ကျွန်တော်ကဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ဘယ်လို Feature မျိုးလဲဆိုတော့ ............... ကွန်ပျူတာ နှစ်လုံးရှိတယ်၊ အဲဒီ ကွန်ပျူတာ နှစ်လုံးက Network တစ်ခုတည်းအတွင်းမှာပဲရှိတာလည်းဖြစ်နိုင်တယ် ဒါမှမဟုတ် Connection အချိတ်အဆက် မိနေတဲ့ သီးခြား Network တစ်ခုစီမှာ တည်ရှိနေတာလည်းဖြစ်နိုင်တယ်၊ ဘာပဲပြောပြော အဲဒီ ကွန်ပျူတာနှစ်လုံးဟာ Network Connection မိနေဖို့တော့ လိုတယ်။ အဲဒါဆိုရင် ကွန်ပျူတာ A နဲ့ ကွန်ပျူတာ B ပဲထားပါတော့ သူတို့ နှစ်လုံးစလုံးကို User တစ်ယောက်တည်းက အသုံးပြုနေတာဖြစ်တယ်။ အဲဒီမှာ User က ကွန်ပျူတာ A မှာ ထိုင်သုံးနေရင်းနဲ့ ကွန်ပျူတာ B မှာ လုပ်ရမယ့် အလုပ်တွေကလည်းပေါ်လာတယ်ဆိုပါတော့။ (ဥပမာ User က ကွန်ပျူတာ A မှာ ပုံမှန် Office Application လေးတွေနဲ့ အလုပ်လုပ်နေတုန်း Photoshop CS နဲ့ လုပ်ရမယ့် အလုပ်လေးတွေကပေါ်လာမယ် အဲဒီ Photoshop CS ကလည်း ကွန်ပျူတာ A မှာ မရှိဘူး ကွန်ပျူတာ B မှာပဲ ရှိတယ်ဆိုပါတော့၊) အဲဒီလို အနေအထားမျိုးမှာ ကွန်ပျူတာ A နဲ့ ကွန်ပျူတာ B နဲ့က ဟိုဘက်ဒီဘက် နီးနီးလေးဆိုရင်တော့ထားပါတော့။ ဒါပေမယ့် အဲလို မဟုတ်ဘဲ ကွန်ပျူတာ A နဲ့ ကွန်ပျူတာ B က ဟိုဘက်ခန်းဒီဘက်ခန်းလိုမျိုး တော်တော်ဝေးတယ် ဒါပေမယ့် Network တော့ ချိတ်ထားတယ် ဆိုရင်တော့ User ဟာ ကွန်ပျူတာ B ဆီကို ထသွားစရာမလိုပါဘူး။ ကွန်ပျူတာ A ကနေပဲ Remote Desktop Connection ကို သုံးပြီး ကွန်ပျူတာ B ကို လှမ်းပြီးချိတ်ဆက်နိုင်ပါတယ်။ လိုအပ်တဲ့ Configuration လေးတွေတော့ လုပ်ထားရမှာပေါ့နော်။
Remote Desktop Connection ချိတ်မိသွားပြီဆိုရင်တော့ User ဟာ ကွန်ပျူတာ A ရဲ့ ရှေ့မှာ ထိုင်နေပေမယ့် ကွန်ပျူတာ A ရဲ့ Monitor ပေါ်မှာကို ကွန်ပျူတာ B ရဲ့ Monitor မှာ မြင်ရမယ့် မြင်ကွင်းအတိုင်း မြင်နေရမှာဖြစ်ပြီး ကွန်ပျူတာ B ရဲ့ ရှေ့မှာ ထိုင်သုံးနေသကဲ့သို့ကို ကွန်ပျူတာ B မှာ ရှိသမျှ Program တွေ File တွေ Folder တွေအားလုံးကို စိတ်ကြိုက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် Monitor တစ်လုံးတည်းနဲ့ System Unit နှစ်လုံးကို တပြိုင်တည်းအသုံးပြုချင်တဲ့နေရာမှာပဲ ဖြစ်ဖြစ်၊ ခုနကလိုမျိုး အလှမ်းဝေးတဲ့ နေရာ နှစ်ခုမှာရှိနေတဲ့ ကွန်ပျူတာနှစ်လုံးကို တပြိုင်တည်း အသုံးပြု ချင်တဲ့အခါမှာဖြစ်စေ Remote Desktop Connection ကို အသုံးပြုနိုင်ပါတယ်။ နိုင်ငံရပ်ခြား ကုမ္ပဏီကြီးတွေမှာဆိုရင် သူတို့ရဲ့ ၀န်ထမ်းတွေကို သူတို့ရဲ့ အိမ်မှာရှိတဲ့ ကွန်ပျူတာတွေကနေပဲ ရုံးက သူတို့ရဲ့ သက်ဆိုင်ရာ ကွန်ပျူတာ အသီးသီးကို Remote Desktop Connection ကိုအသုံးပြုပြီး လှမ်းချိတ်ဆက်ကာ လုပ်စရာရှိတာတွေကို အိမ်မှာနေရင်းလည်းလုပ်နိုင်အောင် ဖန်တီးပေးထားတတ်ကြပါတယ်။ ဒါကြောင့် ၀န်ထမ်းတွေရဲ့ အလုပ်ချိန်ကို ပိုမို အသုံးချနိုင်လာကြပါတယ်။ ၀န်ထမ်းတွေအနေနဲ့လည်း အိမ်က ကွန်ပျူတာကို ကြားခံ သုံးနေရပေမယ့် တကယ့်တကယ် သုံးနေရတာက ရုံးကကွန်ပျူတာဖြစ်တဲ့အတွက် ရုံးမှာသုံးနေရတဲ့အတိုင်း အဆင်ပြေမှုကိုခံစားရမှာပါ။ နောက်နေ့ ရုံးကို ရောက်တော့လည်း ရုံးက ကွန်ပျူတာမှာ ညက အိမ်မှာ လုပ်ခဲ့တဲ့အတိုင်း ရပ်ထားခဲ့တဲ့ နေရာကနေ အခန့်သင့် ဆက်လုပ်ရုံ ဖြစ်တဲ့အတွက် ဘာမှ အခက်အခဲ အဆင်မပြေမှုတွေကို တွေ့ကြုံရမှာမဟုတ်ပါဘူး။
နောက်ပြီးတော့ သူ့ကို အသုံးပြုနိုင်တဲ့ အခြေအနေ နှစ်မျိုးရှိတယ်ဆိုတာကိုတော့ ပြောပြချင်ပါသေးတယ်။ Client to Client အခြေအနေ နဲ့ Client to Server အခြေအနေပါ။ ဘာကွာသလဲဆိုတော့ Client to Client မှာ ကွန်ပျူတာ A ကော ကွန်ပျူတာ B ကော ဟာ Client Operating System တွေ (ဥပမာ Windows XP) ကို အသုံးပြုနေကြတာ ဖြစ်ပါတယ်။ အဲဒီ အခြေအနေမှာဆိုရင် ကွန်ပျူတာ A ကနေ ကွန်ပျူတာ B ဆီကို  Remote Desktop Connection တစ်ခု တည်ဆောက်လိုက်မယ် ဆိုတာနဲ့ Connection မိသွားပြီ ဆိုရင် ကွန်ပျူတာ B ဟာ Auto Log off ဖြစ်သွားမှာဖြစ်ပါတယ်။ ကွန်ပျူတာ B ပေါ်မှာ လက်ရှိ Running ဖြစ်နေသမျှ Program အားလုံးဟာ ဒီအတိုင်း ကွန်ပျူတာ A ပေါ်မှာ ဆက်ပြီး Running ဖြစ်နေမှာဖြစ်ပါတယ်။ ကွန်ပျူတာ A ကနေ Remote Desktop Connection ကို ပိတ်လိုက်မယ်ဆိုရင်လည်း ကွန်ပျူတာ B ဟာ Log Off ဆက်ဖြစ်နေဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကွန်ပျူတာ A ကနေတော့ Remote Desktop Connection ကို ထပ်မံ ချိတ်ဆက်ချင်သေးတယ်ဆိုရင် အချိန်မရွေး ပြန်လည် ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ ကွန်ပျူတာ B ကို Log On ပြန်ဝင်စေချင်တယ် ဆိုရင်တော့ ကွန်ပျူတာ B ရဲ့ရှေ့မှာ သွားပြီး ကိုယ်တိုင်  Log On ၀င်ပေးဖို့လိုပါတယ်။ ကဲဒီလောက်ဆိုရင် Client to Client အနေအထား Remote Desktop Connection ဆိုတာဘယ်လိုပုံစံဆိုတာ တွေးမြင်သဘောပေါက်နိုင်ကြလောက်ပြီထင်ပါတယ်။
ဒါဆိုရင် နောက်တစ်မျိုးဖြစ်တဲ့ Client to Server အနေအထား အကြောင်းကို ဆက်ပြီးလေ့လာကြည့်ကြရအောင်။ Client to Server အနေအထားမျိုးကတော့ ခုနက အနေအထားမျိုးထက် အများကြီးပိုပြီး သုံးစွဲသင့်တဲ့ သုံးစွဲနိုင်တဲ့ နေရာတွေရှိပါတယ်။ အဲဒီလို အနေအထားမျိုးမှာ Server နေရာက ကွန်ပျူတာက Client နေရာက ကွန်ပျူတာကို လှမ်းခေါ်ပြီး သုံးလို့ ရနိုင်ပေမယ့် သုံးတာကတော့ အင်မတန်နည်းပါတယ်။ ပုံမှန်အားဖြင့်ကတော့ Client နေရာက ကွန်ပျူတာကသာ Server နေရာက ကွန်ပျူတာကို လှမ်းခေါ်ပြီး ချိတ်ဆက်သုံးလေ့ရှိပါတယ်။ ဒီနေရာမှာ Client နေရာက ကွန်ပျူတာဆိုတာက Client Operating System (ဥပမာ Microsoft Windows XP) တင်ထားတဲ့ ကွန်ပျူတာမျိုးလို့ အကြမ်းဖျင်း မှတ်သားထားနိုင်ပါတယ်။ ဒါဆိုရင် Server နေရာက ကွန်ပျူတာဆိုတာဟာလည်း Server Operating System (ဥပမာ Microsoft Windows Server 2003) တင်ထားတဲ့ ကွန်ပျူတာမျိုးဆိုတာ အလွယ်တကူ ဆက်စပ် တွေးမြင်နိုင်မယ်လို့ ထင်ပါတယ်နော်။
Client to Server အနေအထားမှာကျတော့ Client ကနေ Server ဆီကို လှမ်းပြီး Remote Desktop Connection လှမ်းပြီးချိတ်ဆက်လိုက်တဲ့ အချိန်မှာ Connection ချိတ်ဆက်မိသွားတဲ့ အချိန်မှာလည်း Server ဟာ Log Off ဖြစ်သွားမှာမဟုတ်ပါဘူး။ သူ့ရဲ့ လက်ရှိအနေအထားအတိုင်းပဲ ဆက်လက် Running ဖြစ်နေမှာဖြစ်ပါတယ်။ Client ဆီမှာလည်း Server ရဲ့ လက်ရှိအနေအထားကို မြင်တွေ့ရမှာမဟုတ်ပါဘူး။ ပထမဆုံးအကြိမ် လှမ်းချိတ်ဆက်တာ ဆိုရင် စတင် ချိတ်ဆက်မိသွားတဲ့အခါမှာ OS စတက်လာတဲ့အချိန် ပထမဆုံး Log On ၀င်တုန်းကပုံစံအတိုင်း တက်လာတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် Server မှာ ရှိတဲ့ Program တွေ File တွေနဲ့ Folder တွေကိုတော့ ရယူသုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဒီအနေအထားဟာ User တစ်ယောက်တည်းက ကွန်ပျူတာနှစ်လုံးကို တပြိုင်တည်းသုံးတဲ့ အနေအထားမျိုးမဟုတ်တော့ဘဲ ကွန်ပျူတာတစ်လုံး (ပြောရမယ်ဆိုရင် စွမ်းရည်မြင့် Server ပေါ့) မှာရှိတဲ့ Resources တွေ (တနည်းပြောရရင် တင်ထားတဲ့ Program တွေ Data တွေ ပြီးတော့ စွမ်းဆောင်ရည် ပိုမိုမြင့်မားတဲ့ Hardware Peripheral တွေ) ကို စွမ်းဆောင်ရည် အနည်းငယ်သာရှိတဲ့ ကွန်ပျူတာလေးတွေက ရယူသုံးစွဲပြီး လုပ်စရာရှိတာတွေကို အဲဒီ Server ပေါ်မှာ တခါတည်းလုပ် ပြီးရင် တခါတည်းအဲဒီ Server ပေါ်မှာပဲ သိမ်းဆည်းထားခဲ့နိုင်တဲ့ အနေအထားဖြစ်သွားပါပြီ်။ အဲဒီတော့ Client ကွန်ပျူတာလေးတွေများစွာမှာ Data သိမ်းဆည်းဖို့ အတွက် Hard Disk ပမာဏ များများလည်း တပ်ဆင်ထားစရာ မလိုတော့သလို Program တွေ အများကြီးကိုလည်း အလေးခံပြီး တင်ထားစရာမလိုတော့ပါဘူး။ ပြီတော့ Processing လုပ်မယ့် Data တွေကိုလည်း Server ပေါ်ကနေပဲ တခါတည်းရယူပြီး Process လုပ်၊ ပြီးရင်လည်း အချောထည် (Processing လုပ်ပြီးသား) Data တွေကို Server ပေါ်မှာပဲ တခါတည်း သိမ်းခဲ့ဆိုတော့ Data Centralized Management ကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်။
Client to Client အနေအထားမှာ Remote Desktop Connection ဟာ တစ်ခုထက် ပိုပြီးတည်ဆောက်ဖို့ မဖြစ်နိုင်ပါဘူး။ နောက်ဆုံး Connection တစ်ခုထဲပဲ Active ဖြစ်ကျန်နေမှာဖြစ်ပြီး သူ့ရှေ့က တည်ဆောက်ထားတဲ့ Connection (လှမ်းချိတ်ဆက်ခံထားရတဲ့ Host ကွန်ပျူတာ အပါအ၀င်ပေါ့) တွေအားလုံးဟာ Inactive (Log Off) ဖြစ်နေမှာဖြစ်ပါတယ်။ ဒါပေမယ့် Client to Server အနေအထားမှာတော့ Server (လှမ်းချိတ်ဆက်ခံရမယ့် Host ကွန်ပျူတာပေါ့နော်) ဆီကို Client နှစ်ဦးထက်မကက တပြိုင်နက်တည်းမှာတင် လှမ်းပြီးချိတ်ဆက်နိုင်ပါတယ်။ သူတို့တွေဟာ တပြိုင်နက်တည်းမှာပဲ Server ပေါ်မှာ လုပ်ဆောင်စရာရှိတာတွေကို အသီးသီး လုပ်ဆောင်နေနိုင်ကြပါတယ်။ Server ကွန်ပျူတာရဲ့ စွမ်းဆောင်ရည်ပေါ်မှာ မူတည်ပြီးတော့ ပမာဏပိုမိုများပြားလာဖို့သာရှိပါတယ်။
Client to Client အနေအထားမှာတော့ Host ကွန်ပျူတာရဲ့ ဘယ်အစိတ်အပိုင်း ဘယ် Program တွေကို ရယူသုံးစွဲခွင့်ပေးမှာလဲ ဆိုတဲ့ Permission အပိုင်းဟာ သိပ်ပြီး စဉ်းစားကြလေ့မရှိပါဘူး။ ဒါပေမယ့် Client to Server အနေအထားမှာကျတော့ Permission အပိုင်းဟာ တော်တော်လေး ထည့်သွင်းစဉ်းစားကြလေ့ရှိသလို မေ့ထားလို့လဲ မသင့်တဲ့ အနေအထားဖြစ်ပါတယ်။ Server ကိုလှမ်းပြီး ချိတ်ဆက်မယ့် Client အရေအတွက်က တစ်လုံးထက်မကတဲ့အတွက်ကြောင့်လည်း ပါပါတယ်။ ဒါကြောင့် Client တစ်လုံးချင်းစီအတွက် (User တစ်ယောက်ချင်းစီအတွက်) ကို သီးသန့် သက်ဆိုင်ရာ Permission တွေ ပေးထားဖို့လိုပါတယ်။
ကဲ ဒီလောက်ဆိုရင်တော့ Remote Desktop Connection ဆိုတာ ဘယ်လို Feature မျိုးလဲဆိုတာရယ် သူ့ကို ဘယ်လိုနေရာတွေမှာ ဘယ်လိုပုံစံမျိုးနဲ့ သုံးလို့ရတယ်ဆိုတာတွေကို သဘောပေါက် တွေးမြင်နိုင်ကြလောက်ပြီလို့ထင်ပါတယ်နော်။

Ref : Z** Z**

Thursday, December 20, 2012

နောက်ကြောင်းမရှင်းတဲ့ŠpÏđěŗ Mĩňနှင့်Operation System(OS)

          နောက်ကြောင်းမရှင်းတဲ့ŠpÏđěŗ Mĩňတစ်ယောက်ဆယ်တန်းဖြေဖြစ်ခဲ့တာပေါ့။
ဆယ်တန်းအောင်စာရင်းထွက်ပြီးတော့အောင်ရင်အိမ်ကလို့ ချင်တာဝယ်ပေးမယ်လို့ ပြောထားခဲ့သည်။
ဘာတောင်းရင်ကောင်းမလဲစဉ်းစားရင်ကွန်ပျူတာဝယ်ခိုင်းရန်ဆုံးဖြတ်လိုက်သည်။
ဒီလို့ နဲဆယ်တန်းပြီးလို့ ကျောင်းပိတ်ရက်အားနေသည့်မို့ အိမ်ကိုပူစာခဲ့ပေမဲ့ကွန်ပျူတာမ၇ခဲ့ပါ။
မင်းမင်းဇော်တစ်ယောက်စိတ်ညစ်ရင်အိမ်ကိုဆန္ဒပြရန်အားသာခဲ့သည်။တစ်ရက်မြို့ ထဲကိုသွားခဲ့သည်။
မြို့ ထဲတွင်နာမည်ကြီးလူသိများသော်အဟောင်းတန်းခေါ်(ChinaTown)တွင်လည်ပတ်လျှောက်ကြည့်ရင်ကွန်ပျူတာမ၀ယ်ခင်
လက်ကွက်ကျင့်ရန်ဆုံးဖြတ်ပြီးKeyboardအစုတ်တစ်ခုကိုဝယ်ခဲ့သည်။ပေကျံနေသော်Keyboardကိုသေချာဆေးကြောပြီး
လက်ကွက်စကျင့်ပါတော့သည်။အိမ်ကKeyboardကိုကိုင်ပြီးလက်ကွက်ကျင့်နေသည်ကိုမြင်ပြီးသနားဟန်တူသည်။ကွန်ပျူတာမ၀ယ်ခင်လက်ကွက်ရသွားပါသည်။
သိပ်မကြာပါကွန်ပျူတာဝယ်ဖို့ အစီအစဉ်ရောက်လာပါတော့သည်။ဒီလို့ နှင့်ကွန်ပျူတာဝယ်လိုက်သည်။
အိမ်ရောက်လာသည်နှင့်အိမ်ရှိမောင်နှမများနှင့်ဆွေမျိုးရင်းချာများကပါလာရောက်ကြည့်ရှူကြသည်။ကစားကြသည်။
အရံသင့်ထည့်ထားပေးသည်ဂိမ်းများကိုဆော့ရင်အားရကျေနပ်နေကြသည်။။အဲအချိန်Xp နှင့်ရင်းနှီးခဲ့၇သည်။
သိပ်မကြာပါကွန်ပျူတာသင်တန်းတတ်ဖို့ အခွင့်အရေးတစ်ခုရလာတော့သည်။သင်တန်းကဘာမှမဟုတ်ပါ။Hardwareသင်တန်းပါ။
ဆရာအိမ်ထိသွားသင်ရပါသည်။ဆရာအိမ်မှာသင်သည်ဖြစ်သော်ကြောင့်အခက်အခဲအနည်းငယ်ရှိပါသည်။
ဆရာကမေးပါသည်။အခြေခံတတ်ပြီးပြီးလားတဲ့။အမှန်တိုင်းဝန်ခံရရင်ကျွန်တော်အခုအချိန်ထိComputer Basic Course မတတ်ရသေးပါ။လိမ်လိုက်ပါသည်။တတ်ပြီးပြီးလို့ ပေါ့။

ဒီလို့ နဲ့ စသင်ပါတော့သည်။စာတွေ့ အလွန်အင်မတန်များပြီးလက်တွေ့ ကိုတစ်ရက်ထဲလုပ်ရပါသည်။
နောက်ဆုံးသင်တန်းတစ်ရက်မှာလက်တွေ့ ပြပါသည်။ဒါနဲ့ ပဲHardwareသင်တန်းတတ်လို့ ပြီးသွားပါပြီး။


          ဒီလို့ နှင့်အိုင်တီနယ်ပယ်ရပ်ထဲကိုဝင်ရောက်လာပါတော့သည်။ဘာမှမသိမတတ်ပဲအူကြောင်ကြောင်နိုင်လွန်းသည်
ဟုထင်ကြပေလိမ့်မည်။ပြောလဲပြောချင်စရာပေါ့ဗျာ။တကယ်လဲဟုတ်နေတာကိုး။သည်လို့ နှင့်ထွက်သမျှဂိမ်းတွေဝယ်ဆော့ရင်က
နေကွန်ပျူတာစလိုက်ပြင်ပါတော့သည်။ဂိမ်းရပ်လိုက်တဲ့အချိန်ကတော့SystemRequirements တောင်းတဲ့အချိန်ကစပြီးတော့
လက်လျှော့လိုက်ပါတယ်။စက်ကိုအလုပ်လုပ်ရန်စပြင်ဆင်ပါတော့သည်။ဂိမ်းကိုတော့လုံးဝမဆော့တော့ပါ။သည်လို့ နှင့်နေလာတာ
ကြာတော့အိုင်တီဗဟုသုတအနည်းအကျဉ်းရှိထားတာပေါ့။ကျွန်တော်စမီတဲ့OS က Windows မှာဆိုရင် Xpပေါ့။


အိုင်တီသမားတစ်ယောက်ဆိုတာနောက်ကြောင်းရောရှေ့ ကြောင်းပါရှင်းရတာဆိုတော့ŠpÏđěŗMĩňတစ်ယောက်
နောက်ကြောင်းပြန်လှည်ခဲ့တာပေါ့။ကိုယ့်မမီလိုက်တဲ့OS တွေကိုတင်သုံးတယ်။စမ်းတယ်။လေ့လာတယ်။ကွာဟချက်တွေကြည့်တယ်။
ဒီလို့ နဲ့ တစ်ဖြည်းဖြည်းနဲ့ လိုက်လာ၇င်ကနေယနေ့ အထိပေါ့။"ကဲဒါဆိုရင်အခုŠpÏđěŗMĩňနောက်ကြောင်းရှင်းပါတယ်နော်"။
ညီမလေးတစ်ယောက်ကမေးလို့ ဒီပိုစ့်ကိုရေးဖြစ်တာပါ။"ညီမကကွန်ပျူတာတက္ကသိုလ်ကပါတဲ့။ကျောင်းမှာက Practical နည်းပါတယ်။ကွန်ပျူတာဆိုတာပြခန်းမှာသွားကြည့်၇မဲ့ပုံစံဖြစ်နေပါတယ်တဲ့။
အခုတော့ကျောင်းပြီးသွားပါပြီး။ကွန်ပျူတာတက္ကသိုလ်ကကျောင်းပြီးတဲ့ဆိုပေမဲ့ဘာမှကိုမသိပါဘူး။
ဒါပေမဲ့ဝင်းဒိုးမတင်တတ်လို့ ဆိုင်ကလူတွေခေါ်ပြီးတင်ရပါတယ်တဲ့။"ညီမလေးကြိုက်တဲ့ OS နဲ့ အခြားOS တွေကိုပါဒီမှာပဲတင်ပေးလိုက်ပါတယ်။ဒါပေမဲ့ကျွန်တော်စာအုပ်တွေလဲတင်ပေးခဲ့ပါတယ်။နားမလည်သူတွေရှိနေဆဲပါ။
ဒီတော့ဒီတစ်ခါတော့Video Tutorials လေးပဲတင်ပေးလိုက်တာပါ။VMware နဲ့ တင်ထားတာတွေဖြစ်ပါတယ်။သို့ ပေမဲ့အစစ်အမှန်တိုင်းStep By Step သွားတာ
ဖြစ်တဲ့အတွက်နားလည်မယ်လို့ ယုံကြည့်ပါတယ်။ကဲ....ဒီပို့ စ်ကိုဒီမှာပဲအဆုံးသတ်လိုက်တော့မယ်။


အောက်မှာဒေါင်းလိုက်နော်...............................


Windows 98 Complete Installation

Windows 2000 Complete Installation

Windows 2003 Complete Installation

Windows XP Complete Installation

Ubuntu Linux Complete Installation

Fedora Core 4 Complete Installation