Subscribe For Free Updates!

We'll not spam mate! We promise.

Showing posts with label Ubuntu ဆိုင်ရာ. Show all posts
Showing posts with label Ubuntu ဆိုင်ရာ. Show all posts

Friday, April 26, 2013

Installing Metasploit in Ubuntu

Metasploit ဆိုတာကနာမည်ကျော် Pentest Tool တစ်ခုဖြစ်ပါတယ်။ အခုပြောမှာက Metasploit ကို Ubuntu မှာဘယ်လို Install လုပ်မလဲဆိုတာကိုပေါ့။ (Window အတွက်ကတော့ Installer ကိုဒေါင်းလိုက်ရင်ရပါတယ် )
Ubuntu က terminal မှာ အောက်မှာပြထားတဲ့အတိုင်းရိုက်လိုက်

wget http://downloads.metasploit.com/data/releases/metasploit-latest-linux-installer.run
  
ဒေါင်းလုပ်ပြီးသွားတဲ့အထိ ခဏစောင့်လိုက်ပါ
ပြီးသွားရင် Download လုပ်လို့ရလာတဲ့ ဖိုင်ကို  execute လုပ်လို့ရအောင် လုပ်ရမယ်...

chmod +x framework-4.0.0-linux-full.run
 
ပြီးရင်တော့ run လို့ရပြီ

sudo ./framework-4.0.0-linux-full.run
 
အဲဒါဆို Install လုပ်တာပြီးပြီ
Update ဖြစ်မဖြစ် စမ်းကြည့်ဦးပေါ့

sudo msfupdate

run ရင်  
sudo msfconsole

Userguide ပါထည့်ပေးထားတယ် လေ့လာကည့်ပါ။ 

http://prefiles.com/n4poipxa0feh/No.Starch.Metasploit.Jul.2011.rar    


 

Thursday, April 25, 2013

Using Nmap in Ubuntu


Nmap ဆိုတာက Network Mapping လုပ်တဲ့နေရာမှာသုံးတဲ့  Scanner တစ်ခုလို့ဆိုပါတယ်။
Network တစ်ခုရဲ့  Security ပိုင်းဆိုင်ရာတွေ၊ Port တွေအပြင် OS version တွေကိုပါ  scan လုပ်လို့ ရပါတယ်။ သူ့ ရဲ့  feature တွေကတော့ အမျာကြီးပါပဲ။ အသေးစိတ် သိချင်ရင် nmap.org မှာ ကြည့်လို့ရပါတယ်။ Window အတွက်လဲ Zenmap ဆိုပြီး GUI mode ရှိပါတယ်။
ခုပြောမှာက Ubuntu အတွက်ပါ။ (Backtrack မှာက default သွင်းပြီးသားပါ ပါတယ်)

ပထမဆုံး  Nmap ကို အရင်သွင်းပါမယ်...
terminal  ကနေ

sudo apt-get update
sudo apt-get install nmap


Install လုပ်တာပြီးသွားပြီဆိုရင် ကျွန်တော်တို့ စသုံးလို့ ရပါပြီ။
usage ကိုသိချင်ရင် Terminal ကနေ  nmap လို့ ရိုက်ပြီး  Enter ခေါက်ကြည့်လိုက်ပါ၊
usage အများကြီးထဲကမှ ကျွန်တော်တို့ သုံးချင်တာလေးတွေပဲ ထည့်သုံးကြတာပေါ့၊

nmap -v -A domain.com

အဲဒီ command  မှာ -v  ဆိုတာက  verbose ကိုပြောတာ  -A က target  ရဲ့   OS  နဲ့  version ကို ပြပေးတာ။ port  တွေ scan ချင်ရင်   ကိုထည့်ပေါ့။ port scanning လုပ်ရင် ဒီလိုလေး ပြလိမ့်မယ်.....

1720/tcp open   H.323/Q.931?
6000/tcp closed X11
6001/tcp closed X11:1
6002/tcp closed X11:2
6003/tcp closed X11:3
6004/tcp closed X11:4
6005/tcp closed X11:5
6006/tcp closed X11:6
6007/tcp closed X11:7
6009/tcp closed X11:9
6025/tcp closed x11
6059/tcp closed X11:59

အိုကေနော်.... ဒီနေ့တော့ ဒီလောက်ပဲ.... နောက်တော့မှ  nmap   Tutorial လေးတွေ လုပ်ကြည့်ကြတာပေါ့

Wednesday, April 24, 2013

How to update and upgrade ubuntu for beginners

Ubuntu OS မှာ update နဲ့ upgrade လုပ်နည်း မသိသေးသော စသုံးတဲ့သူများအတွက် ပါ။ သိတဲ့သူများကတော့ ဗွေမယူပါနဲ့ ခင်ဗျာ :)
ပထမဆုံး Dash Home က နေ search box မှာ terminal လို့ ရိုက်ပြီး terminal ကိုဖွင့်လိုက်ပါ။
terminal ဖွင့်ပြီးရင် $ sudo apt-get update လို့ရိုက်ပေးပါ ရှေ့က ဒေါ်လာမပါဘူးနော်သိအောင်ထည့်ပေးထားတာပါ။ password တောင်းပါလိမ့်မယ် မိမိ စက်ကpassword ကိုရိုက်ထည့်ပေးလိုက်ပါ။ ဒီနေရာမှာ password ရိုက်ရင် မြန်မြန်ရိုက်ရပါတယ် မှိတ်တုတ်မှိတ်တုတ် အတုံးလေးကို နောက်တခါမမှိတ်ခင်ကြားမှာ ဆက်တိုက်ရိုက်ပေးရပါတယ်။
ပြီးသွားရင် ဆက်ပြီးတော့ပဲ $ sudo apt-get upgrade လို့ရိုက်ပေးလိုက်ပါ။ တကယ်လို့ upgrade ရှိရင် install လုပ်မှာ လားမေးပါလိမ့်မယ်။ အဲဒါဆိုရင်တော့ Y ရိုက်ပြီး enter ခေါက်ပေးလိုက်ပါ။
ပြီးသွားရင်တော့ terminal ကိုပိတ်လို့ရပါပြီ
update လုပ်တာက တပတ်တခါလောက်လုပ်ရင်လုံလောက်ပါတယ်။

တကယ်လို့ကိုယ်က OS ကြီးတစ်ခုလုံးကိုဗားရှင်းမြှင့်ချင်တယ်ဆိုရင်
1. terminal ကိုဖွင့်ပါ။
2. $ sudo update-manager -d လို့ရိုက်လိုက်ပါ။
3.အဲမှာ ဘောက်လေးတစ်ခုပေါ်လာပြီး pass တောင်းပါလိမ့်မယ် ။ ကိုယ့် pass ကိုရိုက်ပေးလိုက်ပါ။
4. အဲဒါပြီးရင် စက်က သူ့ဘာသာသူ system update ရှာနေပါလိမ့်မယ်။
5. ရှာပြီးရင် ကိုယ့်စက် ကတကယ်လို့ Ubuntu 12.10 တင်ထားရင် Ubuntu 13.04 is ......
လို့ပေါ်ပါလိမ့်မယ်။ အဲဒါဆိုUpgrade ကိုနှိပ်ပေးလိုက်ပါ အင်တာနတ်လိုင်းပေါ်မူတည်ပြီး စောင့်ရပါလိမ့်မယ်။ ပြီးရင်တော့စက်ကို restart ချပေးလိုက်ပါ။ တက်လာရင်တော့ Ubuntu က 13.04 ကိုပြောင်းပြီးသားဖြစ်နေပါလိမ့်မယ်။....

Note: ကျနော်က ဒီနေ့မှစရေးတဲ့အတွက် အဆင်မပြေတာလေးတွေများရှိခဲ့ရင် ခွင့်လွှတ်ပေးပါလို့ပြောချင်ပါတယ်။

Ubuntu တွင် terminal မှ Star Wars ကြည့်နည်း

 



Ubuntu မှာ terminal ကနေ star wars ကြည့်တဲ့နည်းပေါ့ အသံတော့မပါ ပါဘူး
ကြည့်ချင်တယ်ဆိုရင်
terminal ကိုဖွင့် အောက်က ကုဒ်လေးတွေရိုက်လိုက်ရုံပါပဲ

" telnet towel.blinkenlights.nl "

Terminal တွင် Matrix code ပုံစံတင်နည်း


Ubuntu OS ရဲ့ terminal မှာ ပုံထဲက လို ပုံစံလေးတင်နည်းပါ။
 Terminal ကိုဖွင့်ပါ။
$ sudo apt-get install cmatrix လို့ရိုက်ပါ
မိမိ password ကိုရိုက်ပါ။
install လုပ်ပြီးသွား ရင် terminal ဖွင့်ပြီး cmatrix လို့ရိုက်လိုက်ပါ ဒါပါပဲ

Ubuntu OS တွင် Zawgyi ဖောင့် ထည့်သွင်းနည်း

Ubuntu OS တွင် ဇော်ဂျီ ဖောင့်ထည့်သွင်းရန် အတွက် ထည့်သွင်းနည်းစာအုပ်နှင့် Zip ဖိုင်ကိုဒေါင်းရန်
Download : စာအုပ် ဒေါင်းရန်
                 Zip ဖိုင်ဒေါင်းရန်

Ubuntu ISO ကို memory stick ထဲသို့ထဲ့သွင်းနည်း

Ubuntu OS တင်ဖို့အတွက် ISO ဖိုင်ကြီး ရှိပြီး အခွေမလုပ်တတ်သူတွေအတွက် Universal USB Installer လေးပါ။ ဆိုက်ကသေးပေမဲ့ လုပ်ဆောင်ချက်တွေက မသေးပါဘူး။
 Download: Dropbox
အသုံးပြုနည်းက တော့အောက်က ပုံတွေ မှာကြည့်လိုက်ပါ။
 
I Agree ကို နှိပ်လိုက်ပါ။



Step 1 ကိုနှိပ်ပြီး ကို့မှာရှိတဲ့ISO ဖုင်ရဲ့ Ubuntu (သို့) Linux အမျိုးအစားကို ရွေးပေးလိုက်ပါ။




Step 2 ကိုနှိပ်ပြီး ဖိုင်ရဲ့ တည်နေရာကိုရွေး ဖိုင်ကို select မှတ်ပြီး Open ကိုနှိပ်လိုက်ပါ။


စာတန်းလေးက အစိမ်းရောင်ဖြစ်သွားရင် ကိုရွေးပေးလိုက်တဲ့ဗားရှင်းမှန်ပါတယ် တကယ်လို့မမှန်ရင်တော့ အနီေ၇ာင် ပေါ်မယ်ထင်တယ် :) ထားပါတော့ Step 3 မှာ ကိုယ့်ရဲ့Memory Stick က Drive letter ကို ရွေးပေးလိုက်ပါ။ Format ချချင်တယ်ဆို We will........ ကို အမှန်ခြစ်ပေးလိုက်ပါ။ ပြီးတော့ အောက်က Step 4 မှာ ကိုယ့် stick ရဲ့ storage ကို ချိန်ကိုက်ပြီးရွေးပေးလိုက်ပါ။ (Note: 1024MB=1GB) ပြီးရင်တော့ Create ကိုနှိပ်လိုက်ပါ။


Box လေးတစ်ခုတက်လာပါလိမ့်မယ်။ အဲမှာ အချက်တွေက မှန်မမှန် စစ်ပါ။ မှန်ရင်တော့ YES မမှန်ရင်တော့ NO ကိုနှိပ်ပြီးပြင်လိုက်ပါ။ ဒါပါပဲ အချိန်တော့နည်းနည်းပေးရပါလိမ့်မယ်။ ပြီးတော့ မတင်သေးခင် Stick ကို Computer မှာထိုးရင် USB Disk Security ကိုခဏပိတ်ပေးထားပါ။ ဘာလို့လဲဆိုတော့ USB Disk Security က stick ထဲမှာ ရှိတဲ့ autorun ဖိုင်ကို virus ထင်ပြီးဖျက်ပစ်လိုက်လို့ပါ။
ကျေးဇူးတင်ပါတယ်။

Unbuntu Installation Guide


Ubuntu ကို အခုမှစအသုံးပြုမဲ့ သူတွေအတွက်  Installation Guide လေးပါ။ (ကျနော် ရေးထားတာမဟုတ်ပါဘူး Ubuntu Myanmar LoCo Team(BPS) ကရေးထားတဲ့ ဟာလေးပါ။ လိုချင်ရင် အောက်ကလင့်လေးမှာ ဒေါင်းနိုင်ပါတယ်။
 Download : Dropbox