Subscribe For Free Updates!

We'll not spam mate! We promise.

Saturday, May 19, 2012

Gtalk တွင် ZawGyi Fonts လေးထောင့်တုံးပေါ်သည့်ပြသနာဖြေရှင်းနည်း။

မိမိရဲ့စက်မှာ zawgyi fonts Program သွင်းထားသော်လည်း စာရိုက်နေစဉ်မြန်မာလိုရိုက်လို့ရပီး Enter ခေါက်လိုက်မှ လေးထောင့်တုံးပြောင်းသွားသည့် အဖြစ်အပျက်များကိုတွေ့မြင်ကြားသိနေရပါသည်။ထိုအဖြစ်
အပျက်များသည် အထူးသဖြင့် Internet Explorer 9 တင်ထားသော စက်များတွင်အများဆုံးဖြစ်နေပါသည်။
ထို့အပြင် Windows7 တွင်လည်းဖြစ်တတ်ပါသည်။ ၄င်း ပြသနာကို အောက်ပါအတိုင်းဖြေရှင်းကြည့်ပါမည်။
(၁) မိမိရဲ့စက်မှာ ZawGyi Fonts Program တင်ထားရဲ့လား..? မတင်ထားရသေးရင် ဆိုဒ်ရဲ့ညာဘက်အခြမ်းမှာ
Download ချပီးထည့်သွင်းလိုက်ပါ။ Restart ချခိုင်းရင်ချပေးလိုက်ပါ..စက်ပြန်တက်လာတာနဲ့ အောက်က နံပတ်
(၂) အတိုင်းလုပ်ဆောင်ပါ။
(၂) Gtalk ရဲ့ထိပ်ဆုံးမယ် Setting ဆိုတာကို နှိပ်ပါ။ Change Fonts ကိုနှိပ်ပါ။ Fonts အကွက်ရဲ့အောက်ဆုံးမှာ
Zawgyi-One ကိုရွေးပေးလိုက်ပါ။ ဒါမှအဆင်မပြေသေးဘူးဆိုရင်….
(၃) Internet Explorer ကိုဖွင့်လိုက်ပါ..ပီးတာနဲ့  Tools >> Internet Options >> Fonts >>ZawGyi-One
>> OK >> Apply >> OK အဆင့်ဆင့်ပေးပြီးပြန်ထွက်လိုက်ပါ။ ပီးတာနဲ့ Gtalk မှာပြန်ကြည့်လိုက်ပါ။
လေးထောင့်တုံးတွေမပေါ်တော့ဘဲ မြန်မာလို အမှန်တွေပြန်ပေါ်နေပါလိမ့်မယ်ခင်ဗျာ။ အဆင်ပြေကြပါစေ။

Please Give Us Your 1 Minute In Sharing This Post!
SOCIALIZE IT →
FOLLOW US →
SHARE IT →
Powered By: BloggerYard.Com

0 comments:

Post a Comment