Windows Boot Time မြန်ဆန်အောင် လုပ်ဆောင်ခြင်း။
System BIOS ပြောင်းလဲမှုလုပ်ပါ။
ပထမဆုံးအနေနဲ့ Windows Boot Time မြန်ဆန်စေဖို့ ရိုးရှင်းစွာလုပ်ဆောင်ရမှာကတော့ System BIOS ကို အပြောင်းအလဲအနည်းငယ်လုပ်ဖို့ပါပဲ။BIOS (၀ါ) Basic Input/Output System သည် သက်ဆိုင်ရာ Hardwareများအချင်းချင်းချိတ်ဆက်အလုပ်လုပ်နိုင်စေရန်အတွက်ထိန်းချုပ်လုပ်ဆောင်ပေးနိုင်သော ညွှန်ကြား ချက်အစုအဝေး (၀ါ) set of instructions များကို chip တစ်ခုထဲတွင် ထည့်သွင်းတည်ဆောက်ထား ပါသည်။ ထိုchip အစိတ် အပိုင်းကို Motherboard ပေါ်တွင် Build in တပ်ဆင်ထားပါ သည်။ System Settings ကိုအပြောင်းအလဲ လုပ်ဆောင်ခြင်းမျိုး မဟုတ်ပါ သင့်အနေနှင့် BIOS ရှိ မလိုအပ်သော Settings များကိုပြောင်း လဲမှုကြောင့် ဖြစ်ပေါ်လာသော windows boot မတက်ခြင်းနှင့် နောက်ဆက်တွဲပြဿနာများဖြစ်ပေါ်လာ နိုင်ပါသည်။
1. Computer ကို အလုံးစုံပိတ်ချလိုက်ပါ။ Sleep (or) Hibernation Mode ဖြင့် ပိတ်ခြင်းကိုရှောင်ကြဉ်ပါ။
2. Computer ကိုပြန်ဖွင့်ပါ။
3. BIOS screen မှာဖော်ပြတဲ့ ထုတ်ကုန် အကြုံပြုချက်ကို ဖတ်ရှုလေ့လာပါ။ BIOS ကိုဝင်ရောက်နိုင်ဖို့ရန်အ တွက် motherboad ပေါ်မှုတည်ပြီး DEL key, F1 Key , F10 Key နှင့် CTRL-ALT-S ကွဲပြားနိုင်ပါသည်။
4. BIOS Setup ထဲရောက်လျှင် Boot Menu သို့ရောက်အောင် arrow keys, Tab နှင့် Enter ကီးကိုအသုံးပြု ပါ။
5. Boot Menu သို့ရောက်လျှင် ပုံတွင်ပြထားသည့် Quick Boot Mode ကိုရှာဖွေပါ။ တွေ့လျှင် Enable လုပ်ပါ။
မှတ်ချက် – Enable လုပ်ခြင်းဖြင့် Memory စစ်ဆေးခြင်းနှင့် အရေးမကြီးသော Power On Self Tests (POST) အပိုင်းလေးများကို ကျော်လွှားသွားခြင်းဖြင့် သင်၏ System Boot Time ကိုပိုမိုမြန်ဆန်စေမှာဖြစ် သည်။
6. နောင်တစ်ခုအနေနှင့် Boot Device Priority ကိုရှာပါ။ First boot device ကို hard drive ရွေးပေးပါ။ ထိုသို့ ရွေးချယ်ခြင်းဖြင့် သင်၏ System Boot Time ကိုပိုမိုမြန်ဆန်စေမှာဖြစ်သည်။သို့သော် ထိုသို့ရွေးချယ်ထား ခြင်းဖြင့် CDROM , Floppy မှ Boot လုပ်နိုင်တော့မည်မဟုတ်ပါ။တကယ်လို့များ CDROM , Floppy မှ Boot လုပ်လိုပါက ခုနက ပြင်ဆင်ခဲ့သော First boot device တွင် CDROM or Floppy ကိုပြန်ရွေးပေးရန်လိုပါသည်။
7. အထက်ပါလုပ်ဆောင်ချက်နှစ်ခုပြီးဆုံးသွားပါက Exit and Save Changes ကိုရွေးပါ။ ပြီးလျှင် Computer reboot ပြန်လည်လုပ်ဆောင်ခြင်းဖြင့် Boot Time မြန်ဆန်ခြင်း၊ မည့်သည့် Device ဖြင့် windows တက်ရမည် ကို ရှာဖွေစရာမလိုတော့ခြင်း (၀ါ) ရှာဖွေချိန်သက်သာခြင်းကြောင့် Windows Boot Time ကိုပိုမိုမြန်ဆန်စေ ခြင်း အကျိုးတရားများကိုရရှိစေပါသည်။
Thursday, May 24, 2012
Windows Boot Time မြန်ဆန်အောင် လုပ်ဆောင်ခြင်း။
Subscribe to:
Post Comments (Atom)





0 comments:
Post a Comment