Subscribe For Free Updates!

We'll not spam mate! We promise.

Thursday, September 13, 2012

Bots and Zombies

What is Bot?

Bot ဆိုတာကတော့ DDoser ရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိသော PC တွေကို ဆိုလိုပါတယ် ။ Robot ဆိုတဲ့စကားလုံးက ဆင်းသက်လာပါတယ် ။ Trojan တွေ Backdoor တွေ သဘောမျိုးပါပဲ ။ စက်တစ်စက်မှာ Bot ကပ်နေမယ်ဆိုရင် Bot Commander ရဲ့ထိန်းချုပ်မှု အောက်ကို ရောက်သွားပါပြီ ။

What is Zombies?

Zombies ဆိုတာတော့ ခုနက Bot တွေကပ်နေတဲ့ PC တွေကို ဆိုလိုပါတယ် ။

Botnet

Botnet ဆိုတာကတော့ ခုနက Bot အစုအဝေးကို ဆိုလိုပါတယ် ။ အဲ့ဒီ့ Botnet ကို Botcommander က IRC လို နေရာတစ်ခုကနေ ထိန်းချုပ်ပါတယ် ။ ခုန Bot တွေဟာ Bot Commander ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိပါတယ် ။  

Types of Bots

  1. exe bot နဲ့
  2. http bot ဆိုပြီး အမျိုးအစားခွဲခြားပါတယ် ။

1.Exe Bot

Exe Bot ဆိုကတော့ တော်တော်များများသိကြပါတယ် ။ C / Java / VB နဲ့ ရေးကြပြီး PC တွေ မှာ  သွားကပ်ပါတယ် ။

2.Http Bot

http bot ကတော့ php / perl အစရှိတဲ့ Web Programming Language တွေနဲ့ရေးပါတယ် ။ Website တွေမှာ သွားကပ်စေပါတယ် ။ ဥပမာ . www.zombie.com/ddos.php ဆိုပြီး Hack ထားတဲ့ ဆိုဒ်ကို php နဲ့ ရေးထားတဲ့ Bot Upload လုပ်ထားပါတယ် ။ ဒါဆို php bot ဟာ bot commander ဆီ လာကပ်ပါလိမ့်မယ် ။

Bot Source Codes

Bot Source Code တစ်ခုလုံးကို ကိုယ်ကိုတိုင် ရေးစရာမလိုပါဘူး .( ရေးလိုက ရေးပေါ့ ) တခြား  Bot Coder တွေရေးထားတဲ့ Source Code ကို Configure လုပ်ပြီး လုပ်နိုင်ပါတယ် ။ ဥပမာ Bot Source Code ထဲမှာ ကိုယ့် IRC IP လိုမျိုး Bot User Name Pass တွေပြင်ပေးရင် အဆင်ပြေပါပြီ ။

How Botnet works?

DDoser တစ်ယောက် Botnet တစ်ခုကို ဘယ်လို လုပ်သလဲ ဆိုတာ အကျဉ်းရုံးအနေနဲ့ မိတ်ဆက်ပေးပါ့မယ် ။
  1. IRC Run ဖို့ VPS တစ်ခုဝယ်လိုက်ပါတယ် ။ IRC က ဘာလုပ်ဖို့လဲလို့မေးရင် Bot တွေကို Command ပေးဖို့ပါ ။
  2. Unreal IRCD ကို သုံးပြီး IRC တစ်ခု Install လုပ်လိုက်ပါတယ် ( နောက်နေ့ IRC သွင်းနည်းရေးပေးပါ့မယ် )
  3. ဘာ Bot သုံးမယ်ဆိုတာ စိတ်ကူးပြီးရင် Bot Source Code ကို Configure လုပ်ပါတယ် ။
  4. ပြီးရင် Bot လာချိတ်စေပါတယ် ။
  5. ပြီးတာနဲ့ Spread လုပ်ပါတယ် ။
  6. ပြီးရင် Command ပေး ပြီး အလိုရှိရာ ခိုင်းစေပါတယ် ။

Functions of Bots

Bot တစ်ခုမှာ ပါဝင်တဲ့ Function တွေကိုပြောချင်တာပါ ။
  1. ID
  2. Response
  3. Spread

1.ID

Bot တစ်ခုမှာ ID တစ်ခုရှိပါတယ် ။  botnet တွေထဲမှာ Bot တွေကအများကြီးဆိုတော့ ဘယ်နေရာက Bot ဘယ်စက်က Bot ဆိုပြီး သတ်မှတ်တဲ့ ID တွေ ( လူနာမည်သဘောပေါ့ ) ရှိပါတယ် ။

2.Response

Response ဆိုတာကတော့ Bot Commader က IRC ပေါ် Bot တွေ ခေါ်တင်လိုက်တဲ့အခါမှာ ပြန်ပြီး အလုပ်လုပ်တယ် ဆိုတဲ့သဘောနဲ့ပါတဲ့ Function ပါ ။ ပြန်ပြီး Response မလာရင် Anti-virus ကသော်လည်းကောင်း အကြောင်းတစ်ခုခုကကြောင့်သော်လည်းကောင်း Bot သေသွားပြီဆိုတဲ့သဘောပါ ။

3.Spread

Spread ဆိုတာကတော့ Spread Function ပါပြီးသားဆိုတဲ့သဘောပါ ။ :-D ဥပမာ LAN ထဲက စက်တစ်လုံးကို Bot ကပ်မိတာနဲ့ ကျန်တဲ့ LAN ထဲက စက်မှန်သမျှကို Bot တွေ Spread လုပ်သွားပါ့မယ် ။
ဒီလောက်ဆို Bot တွေအကြောင်း တော်တော်ကြီး စုံသွားပါပြီ ။ အဆင်ပြေကြမယ်ထင်ပါတယ် ။
 
ref : Ghost Area

Please Give Us Your 1 Minute In Sharing This Post!
SOCIALIZE IT →
FOLLOW US →
SHARE IT →
Powered By: BloggerYard.Com

0 comments:

Post a Comment