Subscribe For Free Updates!

We'll not spam mate! We promise.

Sunday, October 28, 2012

Wireshark

    Wireshark ဆိုတာဟာ ကွန်ရက်လမ်းကြောင်း ( network traffic ) လေ့လာခြင်းနဲ့  Packet တွေကို.. စိစစ်ပိုင်းခြားခြင်းတို့အတွက် open source tool တစ်ခု ဖြစ်ပါတယ်။ ဒီ tool ဟာ တစ်ခါတစ်ရံမှာ... network protocol analyzer နဲ့ sniffer အဖြစ်... ရည်ညွှန်းဖော်ပြနိုင်ပါတယ်။
    ယခင်က Ethereal အဖြစ်လူသိများတဲ့.. Wireshark ကို ဆက်သွယ်မှုအဆင့်အချက်အလက်ရဲ့... ကွဲပြားခြားနားလမ်းကြောင်းအသေးစိတ်ကို..လေ့လာခြင်းအတွက်အသုံးပြုနိုင်ပါတယ်။Packet ဖမ်းယူခြင်းကို... network administrator တစ်ဦးကနေ... သီးသန့် packet များဖြစ်တဲ့ transmit time, source , destinaton , protocol type နဲ့ header data စတဲ့.. အချက်အလက်များဖြင့်ပြုလုပ်နိုင်ပါတယ်။ ဒီအချက်အလက်ဟာ.. လုံခြုံရေးဖြစ်စဉ်များကိုလေ့လာတွက်ချက်ခြင်းနဲ့.. network securtiy device ပြသနာများ.. ဖြေရှင်းခြင်းတို့အတွက်အသုံးပြုနိုင်ပါတယ်။
    WireShark ဟာ အချက်အလက်ဖော်ပြခြင်းကို.. panel သုံးခုဖြင့်ဖော်ပြပါတယ်။ ထိပ်ဆုံး panel ဟာ key data တစ်ခုချင်းစီရဲ့ .. frame စာရင်းကိုဖော်ပြပါတယ်။ ထိပ်ဆုံး panel မှာရှိတဲ့.. frame တစ်ခုကိုရွေးချယ်ထားသမျှကို.. tool ရဲ့ အလယ် panel မှာ.. ရှင်းလင်းဖော်ပြပေးပါတယ်။ ၄င်းအလယ် panel ဟာ packet ရဲ့ .. အသေးစိတ်အချက်အလက်များကို data link layer , network layer, transpot layer နဲ့ application layer တို့ဖြင့် ပုံဖော်ပြသပေးပါတယ်။ WireShark tool ရဲ့ အောက်ဆုံး panel မှာတော့ hexadecimal ကို ဘယ်ဘက်ခြမ်းတွင်ဖော်ပြထားပြီး.. ညာဘက်ခြမ်းမှာတော့... ASCII တန်ဖိုးကိုဖော်ပြပေးထားပါတယ်။
    WireShark ကို လျှို့ဝှက်ခိုးယူနားထောင်တဲ့အနေဖြင့်လည်း.. အသုံးပြုနိုင်တာကြောင့်.. ယင်း tool ကို အသုံးပြုတဲ့... အဖွဲ့အစည်းတစ်ခုအနေနဲ့.. ကွန်ရက်ရဲ့သီးခြားလုပ်ပိုင်ခွင့်များ ၊ လုံခြုံရေးအတွက် လမ်းကြောင်းများကို.. ခြေရာခံခြင်းအတွက်.. ခွင့်ပြုချက်များအပြင် network traffic နမူနာများကို..လေ့လာစိစစ်ခြင်း ၊ ထိန်းသိမ်းခြင်းစတဲ့ policy တို့ကိုရှင်းလင်းစွာ.. သတ်မှတ်ပေးဖို့လိုပါတယ်။ WireShark ကို GNU General Public License အောက်မှာ လိုင်စင်ပြုလုပ်ထားပါတယ်။

Please Give Us Your 1 Minute In Sharing This Post!
SOCIALIZE IT →
FOLLOW US →
SHARE IT →
Powered By: BloggerYard.Com

0 comments:

Post a Comment