Subscribe For Free Updates!

We'll not spam mate! We promise.

Monday, November 5, 2012

BIOS rootkit attack

      မင်းစိုးရာဇာ website မှာလာပြီးတော့ BIOS rootkit attack ကိုရှင်းပြရတာ.. နည်းနည်းတော့လန့်တယ် :( >> ဘာလို့လဲဆိုတော့..အကုန်လုံးက.. ဆရာကြီးတွေပဲလေ။ ညီမတော့ ပါဘူးပေါ့နော် :) ဘာရယ်လို့တော့မဟုတ်ပါဘူး ။ စကားလုံးတွေရဲ့အဓိပါယ်တွေကို.. ရှင်းပြရုံသက်သက်ပါပဲ။ သိတာလေးတွေကို.. ဝေမျှရုံသက်သက်ပါပဲ.. 0_0
     ကဲ... စရှင်းတော့မယ်နော်။ BIOS-level rootkit attack ကို persistent BIOS attack လို့လည်း.. လူသိများပါတယ်။ ၄င်းက BIOS မှာရှိတဲ့.. အားနည်းချက်ကိုအသုံးချပြီး.. အန္တရာယ်ရှိတဲ့ code နဲ့တိုက်ခိုက်ခြင်းဖြစ်ပါတယ်။ BIOS rootkit ဆိုတာ အဝေးထိန်းစနစ်နဲ့ထိန်းချုပ်ပေးနိုင်တဲ့ program ဖြစ်ပါတယ်။
     BIOS ( basic input/ output system ) ဟာ memory မှာတည်ရှိတဲ့.. firmware ဖြစ်ပြီး.. ၄င်းဟာကွန်ပျူတာ boot တက်တဲ့အချိန်မှာအလုပ်လုပ်ပါတယ်။ BIOS ဟာသိုလှောင်မှုတွေကို.. hard disk drive မှာသိမ်းဆည်းရမယ့်အစား.. memory ပေါ်မှာသိမ်းဆည်းတာကြောင့်... hard drive ကို format လုပ်ခြင်းနဲ့.. အခြား hard drive ဖြင့်အစားထိုးခြင်းတို့ကို.. ပြုလုပ်တဲ့အခါမှာ BIOS rootkit ဟာ malware ဖြင့်တိုက်ခိုက်နိုင်ပါတယ်။
    အစမှာတော့ BIOS firmware ကို read-only အဖြစ်နဲ့.. မပြောင်းလဲနိုင်အောင်..ပြုလုပ်ထားပါတယ်။ ဒါပေမဲ့.. ထုတ်လုပ်သူများကတော့.. အဝေးကနေ BIOS ကိုအလွယ်တကူ Update ပြုလုပ်နိုင်ဖို့အတွက်... flash memory ကဲ့သို့ ဖျက်နိုင်တဲ့နည်းလမ်းကို.. အသုံးပြုကြပါတယ်။ ဒီနည်းလမ်းကိုအသုံးပြုပြီး.. internet ကနေ BIOS ကိုအလွယ်တကူ... update လုပ်နိုင်ပေမယ့် ၄င်းဟာ online attack ပြုလုပ်နိုင်တဲ့ BIOS ရဲ့အားနည်းချက်ဖြစ်ပါတယ်။
    BIOS တိုက်ခိုက်မှုပြုလုပ်ရာမှာ.. ပစ်မှတ်ထားထားတဲ့.. system မှာ မည်သည့်အားနည်းချက်မျှ ရှိရန်မလိုပဲ.. တိုက်ခိုက်သူမှ administritive level အခွင့်အရေးရရုံနဲ့ malware ပါဝင်တဲ့.. firmware ဖြင့် အင်တာနက်ပေါ်ကနေ BIOS ကိုဖျက်ပြီးတိုက်ခိုက်နိုင်ပါတယ်။
     Ars technica မှ Joel Hruska ဆိုသူက BIOS rootkit တိုက်ခိုက်မှုမှာ.. BIOS ကို read/write/modify ပြုလုပ်နိုင်တဲ့ BIOS အသစ်ပါဝင်ပြီး.. လိုအပ်ချက်ကိုလိုက်ပြီး BIOS ကို hack လုပ်နိုင်တဲ့အထိ.. သေချာအောင်တွက်ချက်မှုများကို..အလိုက်သင့်ပြုလုပ်တယ်လို့ရှင်းလင်းဖော်ပြခဲ့ပါတယ်။
    BIOS rootkit ဟာ physical system တစ်ခုတည်းပေါ်မှာ virtual machine (VM) အမြောက်အများတည်ရှိတဲ့ cloud computing အတွက်.. အထူးခြိမ်းခြောက်မှုတစ်ရပ်ဖြစ်နေပါပြီ။

Please Give Us Your 1 Minute In Sharing This Post!
SOCIALIZE IT →
FOLLOW US →
SHARE IT →
Powered By: BloggerYard.Com

0 comments:

Post a Comment