Subscribe For Free Updates!

We'll not spam mate! We promise.

Wednesday, November 28, 2012

ဈေးအကြီးဆုံး ဂျီအက်စ်အမ်ဖုန်းနံပါတ်

http://pyae-phyo.blogspot.com

ကျပ်နှစ်သိန်းတန် မိုဘိုင်းဖုန်းနံပါတ်အပူးများကို ယခုလ ၁၅ ရက်က မန္တလေးမြို့တွင် လေလံတင် ရောင်းချခဲ့ရာ ဂျီအက်စ်အမ် နံပါတ်တစ်ခုအား ဈေးအမြင့်ဆုံး ကျပ် ၄၇ သိန်းနှင့် ဒဗလျူစီဒီအမ်အေ နံပါတ်တစ်ခုအား ကျပ် ၂၅ သိန်းအထိ ဈေးရရှိခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာ့ဆက်သွယ်ရေးက နိုင်ငံတော်ဝင်ငွေ ပိုမိုရရှိစေရန်အတွက်ဟုဆိုတာ မိုဘိုးဖုန်းလိုင်းနံပါတ် အပူးလေလံပွဲတွင် ဂျီအက်စ်အမ် ဂဏန်းအပူးနံပါတ် ၃၇ လိုင်း နှင့် ဒဗလျူစီဒီအမ်အေ အပူးနံပါတ် ၂၃ လိုင်းတို့ကို ရောင်းချခဲ့ပြီး မူလဈေးနှုန်းထက် အဆပေါင်းများစွာမြင့်သော လေလံတင်ဈေးများဖြင့် ရောင်းချနိုင်ခဲ့သည်။
လေလံတင်ရောင်းချခဲ့သည့် ဂျီအက်စ်အမ်ဖုန်းလိုင်းများတွင် ၀၉ ၄၄၄၄၄၄၄ နံပါတ်မှာ ကျပ် လေးဆယ့်ခုနစ်သိန်းဖြင့် အများဆုံးရရှိခဲ့ပြီး ယင်းနံပါတ်ကို ရန်ကုန်မြို့ခံတစ်ဦးက လေလံအောင်ခဲ့ခြင်းဖြစ်သည်။ ဒဗလျူ စီဒီအမ်အေ ဖုန်းလိုင်းများတွင် ၀၉ ၄၄၃၆၆၆၆၆၆ နံပါတ်အား မိုးကုတ်ဒေသခံတစ်ဦးက ကျပ်နှစ်ဆယ့်ငါးသိန်းဖြင့် လေလံအောင်မြင်ခဲ့သည်ဟု သတင်းရရှိသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ဂျီအက်စ်အမ် အပူးနံပါတ်များကို လေလံစနစ်ဖြင့် ရောင်းချရာတွင် နံပါတ်အများစုမှာ ကျပ်သိန်းနှစ်ဆယ်နှင့် သိန်းလေးဆယ်ဝန်းကျင်များအထိ ဈေးရရှိခဲ့ပြီး အနိမ့်ဆုံးလေလံဈေးဖြင့် ရောင်းချခဲ့ရသည့် ဈေးမှာပင် တစ်ဆယ့်လေးသိန်းငါးသောင်းရှိသည်။
ဒဗလျူစီဒီအမ်အေဖုန်းလိုင်းများ၏ လေလံနှုန်းထားဖြင့်ရောင်းချခဲ့ရသည့် ပမာဏများမှာ အနည်းဆုံး ကျပ်ဆယ့်ငါးသိန်းမှနှစ်ဆယ့် လေးသိန်းအထိ ရှိပြီး ယင်းဖုန်းလိုင်းများအနက်မှ အနိမ့်ဆုံး လေလံဈေးနှုန်းသည် ကျပ်ဆယ့်ငါးသိန်းအထိ ရှိခဲ့သည်ဟု ယင်းလေလံပွဲကို တက်ရောက်ခဲ့သည့် မန္တလေး ဒေသခံတစ်ဦးထံမှ သိရသည်။
မန္တလေးမြို့တွင် စတင်ပြုလုပ်ခဲ့သည့် အပူးဂဏန်းများပါရှိ သော မိုဘိုင်းဖုန်းနံပါတ်များကို လေလံတင်ခဲ့သည့် ပွဲသည် စောင့်ကြည့်သူများ၏ ဝေဖန်မှုများကို အများအပြားခံခဲ့ရကြောင်းလည်း အင်တာနက်ပေါ်ရှိ လူမှုဝက်ဆိုက်များမှ သိရသည်။
ထို့အပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ယခုကဲ့သို့ ကျပ်နှစ်သိန်းတန် မိုဘိုင်းဖုန်းများအား လေလံတင်သည့်ပွဲသည် မိုဘိုင်းဖုန်းဈေးနှုန်းများကို ထပ်မံလျှော့ချရန် အချိန်နီးကပ်လာပြီ ဖြစ်၍ ကျန်ရှိနေသေးသည့် ဖုန်းလိုင်းများကို ၀င်ငွေပိုမိုရရှိစေရန်အတွက် ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်းလည်း ယင်းလေလံပွဲကို စောင့်ကြည့်လေ့လာသူ အချို့က ဆိုကြသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ပထမဆုံးအကြိမ်ပြုလုပ်သည့် မိုဘိုင်းဖုန်းနံပါတ် အပူးများ လေလံပစ်သည့်ပွဲကို ရန်ကုန်မြို့၊ အမ်အိုင်စီတီပါ့ခ်တွင် ယခုလ ၂၂ ရက်၌ ဒုတိယအကြိမ် ကျင်းပဦးမည်ဖြစ်ပြီး နောက်နှစ်များတွင်လည်း ယခုကဲ့သို့ အစီအစဉ်အတိုင်း ထပ်မံပြုလုပ်သွားဦးမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

credit- 7daynewsjournal.com

Please Give Us Your 1 Minute In Sharing This Post!
SOCIALIZE IT →
FOLLOW US →
SHARE IT →
Powered By: BloggerYard.Com

0 comments:

Post a Comment