လက်ညိုးအသုံးပြုပြီး ဘက်ထရိအားဖြည့်နိုင်တယ်ဆိုတာ ထွေထွေထူးထူး ရှင်းပြစရာ မလိုပဲ ပုံကိုကြည့်ရင် သိနိုင်ပါတယ်။
တီထွင်သူက ဖော်မြူလာတောင် ထုတ်ပေးထားလိုက်ပါသေးတယ်။ အပတ်ရေ ဘယ်လောက်များမျာ
းကို ဘယ်လို မြန်မြန်၊ ဘယ်လောက်ကြာ
ကြာ လှည့်ပေးရင် လျှပ်စစ်ဓာတ် ဘယ်လိုထွက်လာတယ်ဆိုတာကို ထုတ်ယူတဲ့ သီအိုရီ သဘောတရား ဖြစ်ပါတယ်။ တောင်ကိုရီးယား ဒီဇိုင်နာ Song Teaho နဲ့ Hyejin Lee တို့ ဖန်တီးထားခြင်း ဖြစ်ပါတယ်။
လက်ညိုးနဲ့တင်မကပဲ လျှပ်စစ်ဓာတ်အားကိုသဘာဝကနေ အလွယ်တကူ ထုတ်ယူလို့ ရတယ်ဆိုတာကို အမျိုးမျိုးထုတ်ဖော်ပြသပြီး ဖြစ်ပါတယ်။ ဥပမာ- နှလုံးခုန်နှုန်းနှင့် ဖုန်းအားသွင်းခြင်း၊ လမ်းလျှောက်သည့်နှုန်းဖြင့် ဖုန်းအားသွင်းခြင်း၊ လက်ဖြင့်ပွတ်၍ ကင်မရာ ဘက်ထရီ ပြည့်စေခြင်း အစရှိသဖြင့် မယုံနိုင်လောက်အောင် ပြောင်မြောက် ထူးခြားတဲ့ နည်းပညာ များကို မိတ်ဆက်ပြသခဲ့ကြပါတယ်။
ယခု လက်ညိုးနဲ့ ဖုန်းဘက်ထရီဖြည့်တဲ့ ဒီဇိုင်းကလည်း လွန်ခဲ့တဲ့ နှစ်နှစ်
လောက်ကတည်းက ပေါ်ပေါက်ပြီး လူကြိုက်များခဲ့ပါတယ်။ သို့ပေမယ့် အလွယ်တကူ ပလက်ပေါက်ထိုးရုံနဲ့ အားပြည့်တဲ့ အနေအထားမှာမို့ Green Gadget တွေကို သိပ်စိတ်ဝင်မစား ကြသေးပါဘူး။ စွမ်းအင်ရှား
ပါးတဲ့ တစ်နေ့ကျရင် လက်ညိုးနဲ့အားဖြည့်ရတဲံ့ ဘက်ထရီလိုနည်းပညာများ
ရေပန်းစားလာမယ်လို့ နည်းပညာရှင်တို့က ခန့်မှန်းထားကြပါတယ်။

0 comments:
Post a Comment