စပ်စုတတ်တဲ့ကလေးတစ်ယောက် သူ့အမေကိုမေးလိုက်တယ်။
"မေမေ့ခေါင်းမှာ ဘာလို့ ဆံပင်ဖြူတွေ တဖြည်းဖြည်း ပေါက်လာရတာလဲဟင်"
ကလေးကို လိမ္မာစေချင်တဲ့အနေနဲ့ အမေလုပ်သူက -
"သားသမီးတွေမကောင်းတာတစ်ခုလုပ်တိုင်း သူ့အမေခေါင်းမှာ ဆံပင်ဖြူတစ်ပင်ပေါက်လာတယ်"
အဲ့ဒီမှာ ကလေးဖြစ်သူ ပြန်ပြောလိုက်တာက -
"သြော်... ဒါကြောင့် ဘွားဘွား တစ်ခေါင်းလုံး ဆံဖြူပင်တွေပေါက်နေ တာကိုး" တဲ့။

0 comments:
Post a Comment