Subscribe For Free Updates!

We'll not spam mate! We promise.

Wednesday, December 12, 2012

Android Application ရေးသားနည်း (အပိုင်း ၁)

            Android ဆိုရင်..လူတိုင်းစိတ်ဝင်စားကြပါတယ်။ IOS နဲ့ ယှဉ်လိုက်ရင်.. Android က...free ရတာများပါတယ်။ Open Source ဖြစ်တဲ့အတွက်..စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။ Android application ရေးသားနည်းကို..အပြင်မှာဆိုရင်.. သိန်းချီပေးပြီး..သင်တန်းတွေတတ်နိုင်ပါတယ်။ ဒါပေမဲ့.. မတတ်နိုင်တဲ့သူတွေအတွက်.. သိသလောက်ကို..ဝေမျှလိုက်ပါတယ်။ ညီမလည်း..စာအုပ်တွေပဲဖတ်ပြီး..လေ့လာနေတဲ့သူတစ်ယောက်ပါ။ Android Application ရေးနည်းမပြောခင်..အရင်ဆုံး Android အကြောင်းကို..မိတ်ဆက်ပေးချင်ပါတယ်။

Android ဆိုတာဘာလဲ
    Android ဆိုတာ..ကြိုးမဲ့ဆက်သွယ်ရေးကိရိယာများအတွက်... ဦးတည်ပြီး ဒီဇိုင်းထုတ်လုပ်ထားသော ၊ အများနားလည်လွယ်ပြီး..မည်သူမဆိုယူသုံးနိုင်သည့်.. Open Source Platform တစ်ခုပါ။ Android ကို Google မှပြည့်စုံသည့်အဆင့်ရောက်အောင်.. မွမ်းမံပြီး.. Open Handset Alliance ( OHA ) မဟာမိတ် အုပ်စုမှ..ပိုင်ဆိုင်ပါတယ်။ OHA ၏ရည်ရွယ်ချက်က.
. wireless device များကို..ပိုမိုဆန်းသစ်ရန်နှင့်.. အသုံးပြုသူများအား..ပိုမိုစုံလင်ပြီးဈေးသက်သာသည့်.. wireless device များဖန်တီးပေးရန်ဖြစ်ပါတယ်။ Android သည် Linux ပေါ်တွင်..အခြေခံထားပါသည်။ Linux ပေါ်တွင်အခြေခံရခြင်းမှာ.. ပေါ့ပါးခြင်း ၊ portability ၊ လုံခြုံခြင်း security နှင့် features စုံလင်မှုတို့ကြောင့်ပါ ။

***** ဆက်လက်ဖော်ပြပါမည် *****

Please Give Us Your 1 Minute In Sharing This Post!
SOCIALIZE IT →
FOLLOW US →
SHARE IT →
Powered By: BloggerYard.Com

0 comments:

Post a Comment