Subscribe For Free Updates!

We'll not spam mate! We promise.

Monday, January 28, 2013

အသက် ၂၆နှစ်အရွယ် ဟက်ကာတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSrQSOKPRrchRtMrdldXRL9WpXwl63csTDGnBhyphenhyphenuHnzkX-4hKYsgbo-SWIsYlCieAPcA_K0dLwLNiwsVCYEQ_Nk89792F0jmR2J1zdrd2imAzahwlmKT0v_Apdyb05mwJ2eKAOVOb6aDE/s1600/537448_587143017969765_1219119268_n-766869.jpg




Reddit ဟုအမည်ရသည့် လူမှုသတင်းဝက်ဘ်ဆိုက်ကို တွဲဖက်တည်ထောင်သူတစ်ဦးဖြစ်သူ
Aaron Swartz သည် ၂၀၁၃ခုနှစ် ဇန်န၀ါရီလ ၁၈ရက်နေ့တွင် မိမိကိုယ်ကို
အဆုံးစီရင်ခဲ့ကြောင်း သတင်းရရှိသည်။

Swartz သည် ဟားဗက်တက္ကသိုလ်၏ ကျင့်ဝတ်ပိုင်းဆိုင်ရာ စင်တာ၏
အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး Creative Commons ကို တွဲဖက်တည်ထောင်သူ
တစ်ဦးလည်း ဖြစ်ခဲ့သည်။
၂၀၁၁ ခုနှစ် ဇူလိုင်လတွင် MIT တက္ကသိုလ်၏ စာတမ်းများကို အခွင့်မရှိဘဲ
ဖောက်ထွင်းယူကာ အင်တာနက်မှတစ်ဆင့် ဖြန့်ဝေမှုဖြင့် အဖမ်းခံခဲ့ရသည်။


Deman Progress ဟုအမည်ရသည့် နိုင်ငံသားများ၏ အခွင့်အရေးကို
ကာကွယ်စောင့်ရှောက်သည့် အဖွဲ့အစည်းကမူ Swartz အဖမ်းခံရခြင်းနှင့်
ပတ်သတ်ပြီး "စာကြည့်တိုက်ထဲက စာအုပ်တွေကို အပြင်ကိုထုတ်ယူပေးတဲ့သူကို
ထောင်ချလိုက်တာပဲ" ဟု တုံ့ပြန်ပြောဆိုခဲ့သည်။ ထို့ပြင် Swartz သည်
Hacking ပြုလုပ်ခြင်းပဲ မဟုတ်ဘဲ သူသည် MIT ကျောင်းဝင်းအတွင်းသို့
သွားရောက်ပြီး MIT က ခွင့်ပြုသည့် Guest အကောင့်ဖြင့် သုံးစွဲခဲ့ကာ
စာတမ်းများကို ယူဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။
Swatz သည် MIT မှ စာတမ်းဖိုင်ပေါင်း ၄ သန်းကျော်ကို ရယူခဲ့ပြီး
အင်တာနက်မှတစ်ဆင့် အခမဲ့ ပြန်လည်ဖြန့်ဝေခဲ့သည်။

Swartz ၏ အမှုကို ကွန်ပျူတာဆိုင်ရာ လိမ်လည်မှုနှင့် အလွဲသုံးစားပြုမှု
ကာကွယ်ရေးဥပဒေဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး Swartz သည် ယခုကဲ့သို့
မိမိကိုယ်ကို အဆုံးစီရင်ခြင်းသည် အဆိုပါဥပဒေအား ကန့်ကွက်ဆန္ဒပြသည့်
အနေဖြင့် သတ်သေခဲ့ခြင်းဖြစ်ကြောင်း သူ၏ ဇနီးက ပြောဆိုသည်။

သတင်းအချက်အလက်ရင်းမြစ်များ ဝေမျှပေးနေသော Wikimedia Commons ကမူ Aaron
Swartz အား အင်တာနက်အား ပိုမိုလွတ်လပ်အောင် ဖန်တီးပေးခဲ့သည့် အတွက်
ကျေးဇူးတင်ရှိပါကြောင်းဟု ရေးသားဖော်ပြခဲ့သည်။ ကွန်ပျူတာနည်းပညာ
သတင်းများကို ဖော်ပြပေးလျက်ရှိသော ZDNet မှလည်း Aaron Swartz ၏
ဖြစ်ရပ်ကြောင့် အင်တာနက်ဆိုသည်မှာ လွတ်လပ်ပွင့်လင်းသည်ဆိုမှာ
မေးခွန်းထုတ်စရာဖြစ်လာကြောင်း ဖော်ပြရေးသားခဲ့သည်။

Please Give Us Your 1 Minute In Sharing This Post!
SOCIALIZE IT →
FOLLOW US →
SHARE IT →
Powered By: BloggerYard.Com

0 comments:

Post a Comment