Subscribe For Free Updates!

We'll not spam mate! We promise.

Tuesday, January 22, 2013

Facebook ပေါ်မှာ Unfriend လုပ်လို့ သူငယ်ချင်းအိမ်ကို မီးသွားရှို့ ခဲ့



အမေရိကန်နိုင်ငံ အလယ်ပိုင်း Iowa ပြည်နယ်က မြို့ ငယ်လေးမှာ ဖြစ်ခဲ့ တဲ့ ဖြစ်ရပ်လေး တစ်ခု ဖြစ်ပါတယ်။
၂၁၁၁ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ မနက် ၁ နာရီလောက်က သူငယ်ချင်း အိမ်ကို မီးသွားရှို့ ဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ ဖြစ်ပုံကတော့ ဒီလို ဖြစ်ပါတယ်။ Jennifer Harris အမည်ရ အသက် ၃၀ ဝန်းကျင် အမျိုးသမီးမှာ Nikki Rasmussen အမည်ရ အမျိုးသမီး သူငယ်ချင်း ရှိပါတယ်။
အပြင်မှာ ခင်တာ ကြာသလို Facebook မှာလည်း ခင်ပြီး စကားပြောပါတယ်။ တစ်နေ့တော့ Facebook chatting မှာပဲ စကားများပြီး Nikki က သူ့ကို Unfriend လုပ်ပစ် ပါတယ်။ ဒါကြောင့် သူ့ကို Unfriend လုပ်ပစ် ရလားဆိုပြီး နောက်တစ်နေ့မနက် ၁ နာရီတော့ Nikki တို့လင်မယား အိပ်နေတုန်း မီးသွားရှို့ ပါတယ်။
အချိန်မှီသိလိုက်ရလို့ အသက်ဘေးက လင်မယားနှစ်ယောက် လွတ်မြောက် သွားပါတယ်။ Harris ကတော့ တရားဥပဒေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ယင်း Facebook ပေါ်မှာ Unfriend လုပ်လို့ မီးတက်ရှို့ တဲ့ ဖြစ်ရပ်လေးကတော့ ယနေ့တိုင် အမှတ်ရနေဆဲ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: dailmail
ရိုးရာလေး သတင်း

Please Give Us Your 1 Minute In Sharing This Post!
SOCIALIZE IT →
FOLLOW US →
SHARE IT →
Powered By: BloggerYard.Com

0 comments:

Post a Comment