Subscribe For Free Updates!

We'll not spam mate! We promise.

Wednesday, February 6, 2013

Post Paid စနစ်ဖြင့် အသုံးပြုနေသည့် GSM ဖုန်းများ ဂျပန်၊ ကိုရီးယားနှင့် အာဆီယံနိုင်ငံများတွင် ယူဆောင်ပြောဆိုနိုင်ပြီ


tdbyg - Click for Next Image...

မြန်မာဂျီအက်စ်အမ်ဖုန်းကို အာဆီယံ ဆယ်နိုင်ငံ အပါအဝင် ကိုရီးယားနှင့် ဂျပန်နိုင်ငံများတွင်လည်း ဆက်သွယ် ပြောဆိုနိုင်မည် ဖြစ်ကြောင်း ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ သိရသည်။

ပြည်ပနိုင်ငံများ တွင်တွင်ကျယ်ကျယ် အသုံးပြုနေသော စနစ်တစ်ခုဖြစ်သည့် ဂျီအက်စ်အမ်ဖုန်းများ Outbound စနစ် အသုံးပြုနိုင်ရန်အတွက် သတ်မှတ်ထားသော နိုင်ငံများတွင် ကြိုတင်စမ်းသပ်မှုများ ဆောင်ရွက် ထားခဲ့ပြီး ဖြစ်ကာ အဆိုပါ နိုင်ငံများတွင် ယင်းစနစ်သုံးစွဲမှု အောင်မြင်ပါက အခြားသော နိုင်ငံများတွင်ပါ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“Outbound စနစ်ကို သုံးနိုင်ဖို့အတွက် အာဆီယံ ဆယ်နိုင်ငံနဲ့ ကိုရီးယား၊ ဂျပန်မှာ စမ်းသပ်မှုတွေ လုပ်ပြီးပါပြီ။ အခုဆိုရင် ဒီနိုင်ငံက ဖုန်းတွေကို နံပါတ်ပြောင်းလဲမှုမရှိဘဲ ဆက်သွယ် အသုံးပြုနိုင်ပါပြီ” ဟု ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။

ယင်းစနစ်ကို (Post Paid) ဘီလ်ကျခံသုံးစွဲခြင်း စနစ်ဖြင့် အသုံးပြုနေသည့် မိုဘိုင်းဖုန်းများသာ အသုံးပြုနိုင်မည်ဖြစ်ပြီး လက်ရှိသုံးစွဲခွင့် ပြုမည်ဖြစ်ကြောင်း
သိရသည်။

“အခုရတဲ့ နိုင်ငံတွေ အပြင် အခြားနိုင်ငံတွေကိုပါ သယ်ဆောင် အသုံးပြု လို့ရအောင် စီစဉ်မှာပါ။ ဒီစနစ်ကို ဂျီအက်စ်အမ်ဖုန်း တစ်မျိုးတည်းဘဲ သုံးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဂျီအက်စ်အမ် ကွန်ရက်ဟာ နိုင်ငံအများစု သုံးစွဲတဲ့ စနစ် ဖြစ်တာကြောင့်ပါ” ဟု ယင်းက ထပ်မံပြောသည်။

ယင်းသို့ သုံးစွဲရာတွင် ကောက်ခံမည့် ဘေလ်နှုန်းထား များမှာ မြန်မာ့
ဆက်သွယ်ရေး လုပ်ငန်းမှ သတ်မှတ်ထားသော ပြည်ပနိုင်ငံ များသို့
ခေါ်ဆိုသည့် နှုန်းထားအတိုင်းပင် ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်း Outbound စနစ်နှင့် ပတ်သက်၍ အိုင်စီတီ ကျွမ်းကျင်သူ ဦးရဲနိုင်က “ဒီစနစ် အသုံးပြုနိုင်တဲ့အတွက် တခြားနိုင်ငံရောက်ရင် သူတို့ကတ်ဖုန်း သုံးစရာ မလိုတော့ဘူး။ နောက်တော့ နံပါတ်ကလဲ ဒီမှာကိုင်တဲ့ နံပါတ်ဘဲဆိုတော့ ဆက်သွယ်ရတာ လွယ်ကူတယ်၊ ဘန်ကောက် သွားတုန်းက ကျွန်တော်သုံးဖူးတယ်၊ လိုင်းကောင်းတယ်လို့လဲ
ပြောလို့ရတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံ အတွင်း၌ မိုဘိုင်းဖုန်း သယ်ဆောင် အသုံးပြုနိုင်သည့်
Inbound စနစ်ကို အာဆီယံနိုင်ငံများနှင့် ဂျပန်နိုင်ငံမှ ဖုန်းများ အသုံးပြုခွင့် ပေးထားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြည်ပနိုင်ငံများသို့ မိုဘိုင်းဖုန်းများ သယ်ဆောင် အသုံးပြုနိုင်မည့် Outbound စနစ်ကို ၂၀၁၁ ခုနှစ်မှ စတင်၍ အကောင်အထည်ဖော်
ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ သုံးစွဲနိုင်ခြင်း
ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Credit : Khit Lu Nge

Please Give Us Your 1 Minute In Sharing This Post!
SOCIALIZE IT →
FOLLOW US →
SHARE IT →
Powered By: BloggerYard.Com

0 comments:

Post a Comment