အင်တာနက် ဟက်ကာ လောကတွင် ထင်ပေါ်ကျော်ကြား လူသိများသည့် Anonymous ဟက်ကာ အဖွဲ့ဝင် များ၏
အကောင့်များကို သာမက Anonymous ဝက်ဘ်ဆိုက် တစ်ခုလုံးကိုပါ အမည်မသိ ပြိုင်ဘက် ဟက်ကာ အဖွဲ့တစ်ခုက တိုက်ခိုက်လိုက်ပြီ ဖြစ်သည်။ ပြိုင်ဘက်အဖွဲ့ အသုံးပြုသည့် နည်းပညာ သည် Anonymous ဟက်ကာအဖွဲ့ အသုံးပြုလေ့ ရှိသည့် DDoS နည်းပညာထက်ပင် ပိုမို အဆင့်မြင့် သောကြောင့် Anonymous ဟက်ကာ အဖွဲ့၏ ပင်မဌာနချုပ် တစ်ခုလုံး ဖောက်ထွင်း ခံရခြင်းပင် ဖြစ်သည်။ Anonymous ဟက်ကာ အဖွဲ့ကို တိုက်ခိုက် သူများက Anonymous ကို အဓိက ထောက်ပံ့ ပေးထားသည့်
AnonOps.net နှင့် AnonOps.ru တို့ကို တိုက်ခိုက်ခဲ့သည့် အပြင် ကမ္ဘာ့ တစ်လွှားမှ အင်တာနက် အသုံးပြုသူများ ကိုလည်း Anonymous အဖွဲ့အား ဆက်လက် မပံ့ပိုးပေးကြရန် သတိပေးထားပြီး ၎င်းတို့ သတိပေးမှုကို ဂရုမပြုဘဲ ဆက်လက် ပံ့ပိုးနေမည် ဆိုလျှင် Anonymous နှင့် ဆက်စပ်နေသူ အားလုံးကိုလည်း တစ်ယောက်မကျန် လိုက်လံ တိုက်ခိုက် သွားမည်ဟု သတိပေး ထားသည်။ Anonymous နှင့် ဆက်စပ် အကောင့်ပေါင်း များစွာကို ခိုးယူထားသော ထူးဆန်းသည့် အမည်မသိ အဖွဲ့က အကောင့် ပိုင်ရှင်များ အနေဖြင့် ခိုးယူခံထား ရသူများက ၎င်းတို့၏ အကောင့်များကို ပြန်လည် အသုံးပြုလိုလျှင် Anonymous အဖွဲ့ကို ယုံကြည်မှု မရှိတော့ပါဟု ဆိုသည့် ခံဝန်ကတိ များအား ရေးသားရမည်ဟု သိရသည်။





0 comments:
Post a Comment