Subscribe For Free Updates!

We'll not spam mate! We promise.

Saturday, March 23, 2013

ယာဉ်တိုက်မှု ကာကွယ်နိုင်သော နည်းပညာသစ် တစ်မျိုး သိပ္ပံ ပညာရှင်များ တီထွင်


http://myawady.com.mm/media/k2/items/cache/f57a64c377f48571192a9c16db50ad1a_XL.jpg

ယာဉ်တိုက် မှုများကို ကာကွယ်ခြင်းဖြင့် မရေတွက် နိုင်သော လူသားများ၏ အသက်ကို ကယ်တင်နိုင်သည့် နည်းပညာသစ် တစ်မျိုးကို သိပ္ပံ ပညာရှင်များက တီထွင် လိုက်ကြောင်း သိရသည်။
၎င်းနည်းပညာသည် ကျိုင်းကောင်၏ အမြင်အာရုံ လှုံ့ဆော်မှု စနစ်ပေါ်တွင် အခြေခံထားခြင်း ဖြစ်သည်။ အဆိုပါ အင်းဆက်များသည် မြင့်မားသော အရှိန်ဖြင့် အုပ်စုလိုက် ပျံသန်းစဉ်တွင်  တစ်ကောင်နှင့် တစ်ကောင် တိုက်မိခြင်းကို ရှောင်ရှားရာ၌ အထောက်အပံ့ ဖြစ်စေသည့် ကြိုတင် သတိပေး စနစ်ကိုပိုင်ဆိုင်ထားသည်။

ကားများတွင် တပ်ဆင်မည့် အလွန် တိကျသော တိုက်ခိုက်မှုကို ထောက်လှမ်း ပုံဖော်နိုင်သည့် ကွန်ပျူတာ စနစ်တစ်ရပ်ကို တီထွင်ရန် အတွက် ကျိုင်းကောင်များ၏ အဓိက ကျသော ကြိုတင် သတိ ပေးစနစ်ကို သုတေသီများက အတုခိုး ပြုလုပ် ခဲ့ကြသည်။ကျိုင်းကောင်များ၏ ဦးနှောက်အတွင်း လျှပ်စစ်နှင့် ဓာတုဗေဒ ဆိုင်ရာ အချက်ပြ လုပ်ငန်းစဉ်များ၏ ထူးခြားသော လုပ်ဆောင်မှုကို လေ့လာပြီး လင်ကွန်း တက္ကသိုလ်ရှိ ဒေါက်တာ ကလယ်ရီရင်းနှင့် ပါမောက္ခ ရှီဂန်ယုတို့က တီထွင် ခဲ့ကြသည်။
မိမိတို့သည် ကျိုင်းကောင်များ၏ လှုပ်ရှားမှုကို အာရုံခံနိုင်သော အာရုံခံ နာ့ပ်ကြော စနစ်ကို တုပနည်း ယူ၍ စနစ်တစ်ခုကို ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း ပါမောက္ခယုက ပြောကြားထားသည်။
၎င်းစနစ်သည် စက္ခုအာရုံ အမြင်ပိုင်း ဆိုင်ရာအား ထိရောက်စွာ အသုံးပြုပြီး အရာ ဝတ္ထုများနှင့် အပြန်အလှန် တုံ့ပြန်မှု သို့မဟုတ် လမ်းကြောင်းများကို စူးစမ်း ရှာဖွေရန် အတွက် စက်ရုပ်တစ်ရုပ် အတွင်း  ထည့်သွင်း အသုံး ပြုထားသည်။
အဆိုပါ မြင်ကွင်းစနစ်သည် တိရစ္ဆာန် မျိုးစိတ် အများစု၏ အပြန်အလှန် တုံ့ပြန်မှု စနစ်နှင့် အဆင့်နိမ့်သော တိရစ္ဆာန်များ၏ အမြင်အာရုံ အလုပ်လုပ် ပုံတို့တွင် အလွန်အရေး ပါသော ကဏ္ဍတစ်ရပ် ဖြစ်သည်။ ဥပမာအားဖြင့် ပိုးမွှားများသည် အံ့အားသင့်ဖွယ် အရှိန်နှုန်းဖြင့် ချဉ်း ကပ်လာသော သတ္တဝါများကို တုံ့ပြန် နိုင်ကြသည်။
သဘာဝကို တုပ ပြုလုပ်ထားသော အမြင် အာရုံခံ စနစ်သည် လျင်မြန်စွာ လှုပ်ရှားနေသော ပတ်ဝန်းကျင်တွင် ကွန်ပျူတာ၏ အမြင်ပိုင်းဆိုင်ရာ တွက်ချက် ခန့်မှန်း အဖြေရှာရာတွင် အထောက်အ ပံ့ ဖြစ်စေနိုင်ကြောင်း ယခု သုတေသန ပြုမှုတွင် သရုပ်ပြထားသည်။ ယခု နည်းပညာသည် ယခင်က တွေ့ရှိခဲ့သည့် ရေဒါနှင့် အနီအောက် ရောင်ခြည် ထောက်လှမ်းမှု စနစ်များနှင့် မတူဘဲ  အမြင်အာရုံကို အသုံးပြု ၍ အရာဝတ္ထုအား အပြန်အလှန် တိုင်းတာ တွက်ချက်ပြီး လမ်းကြောင်းသစ် ရှာဖွေနိုင်သည်။ ၎င်းအာရုံခံ စနစ်သည် လမ်းမကြီးပေါ်တွင် ယာဉ်များ မည်သို့ ဖြစ်ပျက် တော့မည်ကို ကြိုတင်နားလည် သိတတ် နိုင်စွမ်းရှိသည်။ အရာဝတ္ထုများ တိုက်ခိုက်မှုမှ ကြိုတင် ရှောင်ရှားနိုင်မှု စနစ်ကို  ကျိုင်းကောင်၏ မျက်လုံးနှင့် အာရုံကြောတို့အား အခြေခံ ထုတ်လုပ်ခဲ့ပြီး မော်တော်ယာဉ်များတွင် တိုက်ခိုက်မှု ကြိုတင် ရှောင်ရှားနိုင်ရေး စနစ်တပ်ဆင် သွားရေးမှာ စိန်ခေါ်မှု များစွာ ရှိနေပြီး နောင်အနာဂတ်တွင်   လူသားတို့၏ အမှားကြောင့် ဖြစ်လာနိုင်သည့် အကြောင်း တရားများကို  ကြိုတင်ကာကွယ်နိုင် သည့်စနစ် ကို မော်တော်ယာဉ်တွင် တပ်ဆင်နိုင်ရေး ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်သည်။
အဆိုပါ သုတေသန လုပ်ငန်းကို ဟမ်းဘာ့ဘ်ခန့် တက္ကသိုလ်၊ တရုတ်နိုင်ငံမှ ဆင်ဟွာ တက္ကသိုလ်နှင့် ရှန်ချောင်တုံ တက္ကသိုလ်တို့မှ ပညာရှင်များက ပြုလုပ် ခဲ့ကြသည်။      

Please Give Us Your 1 Minute In Sharing This Post!
SOCIALIZE IT →
FOLLOW US →
SHARE IT →
Powered By: BloggerYard.Com

0 comments:

Post a Comment