Subscribe For Free Updates!

We'll not spam mate! We promise.

Wednesday, May 22, 2013

အင်တာနက် အသုံးပြုရာတွင် သတိထားသင့်သော အချက်များ

 
မိမိမျှော်လင့်မထားဘဲ ရောက်ရှိလာသော link များကို ဘယ်တော့မှမနှိပ်ပါနှင့်။

ဒါကအရေးကြီးဆုံး အချက်၁ချက် ဖြစ်ပါတယ်။ ဟက်ကာတွေက link ဒါမှမဟုတ် attachment တို့ ဖြင့် ကွန်ပျူတာ အသုံးပြုသူတွေကို  သွေးဆောင်ကာ ကွန်ပျူတာများထဲသို့  virus ဖြန့် လေ့ရှိသည်။ တခါတရံ email တွေထဲတွင် စာလုံးပေါင်းသတ်ပုံ မှားယွင်းနေခြင်း နှင့် သဒ္ဒါမှားယွင်းခြင်း တို့ ဖြင့်ရောကာ virus ပေါင်းစပ်ပါဝင်နေတတ်သည်။ ထို့ ကြောင့်လဲ ဟက်ကာတွေက လက်တွေ့ အသုံးဝင်သော email များနှင့် မခွဲနိုင်အောင်တူသော email တို့ ဖြင့် သူတို့ ပစ်မှတ်ထားသူတွေရဲ့  ကွန်ပျူတာမှအချက်အလက်များကို ရယူနှောက်ယှက်ခြင်းများ ပြုလုပ်ကြသည်။ ဟက်ကာတွေကို သူတို့ ရဲ့ ပစ်မှတ်တွေကို စိတ်ဝင်စားစရာကောင်းသော စာစောင်ပေးပို့ ခြင်း နဲ့  ဖိတ်ကြားမှုတစုံတရာအားနှိပ်စေခြင်း တို့ ဖြင့် Social media ကလဲ တဖက်တလမ်းမှ အားပေးကူညီရာရောက်နေပါသည်။ ထို စာစောင်များနှင့် ဖိတ်ကြားမှုများကို မနှိပ်မိစေပါနှင့် ။

မတူညီသော website များတွင် မတူညီသော စကားဝှက် (password) များကို အသုံးပြုပါ။ 

လူ၁ယောက်တွင် online account စုစုပေါင်း ၁၀ခု ထက်မနည်းရှိတတ်ကြပါသည်။ ဒီအတွက်ကြောင့်လဲ account အားလုံးအတွက် စကားဝှက် (password) ကို မိမိချစ်တဲ့သူ နာမည် ၊ မိမိတို့ ရဲ့ ပထမဆုံး အိမ်မွေးတိရိစ္ဆာန်နာမည် ဒါမှမဟုတ် မိမိကြိုက်နှစ်သက်တဲ့ အားကစားအသင်းနာမည် အစရှိတဲ့ လွယ်ကူတဲ့ စကားဝှက် (passwoed) ၁မျိုး သို့ မဟုတ် ၂မျိုးပဲ ထားရှိတတ်ကြသည်။ Ofcom ရဲ့ လေ့လာတွေ့ ရှိချက်အရ UK မှာရှိတဲ့ လူကြီးပိုင်း ၅၅% က account အားလုံးကို တူညီတဲ့ စကားဝှက် (password) ၁ခုတည်းထားလေ့ရှိသည်။ အဲ့ဒီထဲက ၄ယောက်ထဲမှ ၁ယောက် (၂၆%) နှုန်းက သူတို့ ရဲ့  မွေးနေ့ ဒါမှမဟုတ် နာမည်တွေကို စကားဝှက်(password) အနေနဲ့ ထားရှိတတ်ကြသည်။ အဘိဓာန်မှာရှိတဲ့ စာလုံးတွေကလဲ crack လုပ်ရလွယ်ကူပါတယ်။ ထို့ ကြောင့် မိမိနှစ်သက်တဲ့ သီချင်း သို့ မဟုတ် ကဗျာ တွေရဲ့  မှတ်မိလွယ်တဲ့ စာသား၊ ကိန်းဂဏန်းများထည့်ခြင်းတို့ ဖြင့် စကားဝှက် (password) ပြုလုပ်ခြင့်း က ပိုမိုလုံခြုံမှု ရှိစေပါသည်။

အများပြည်သူသုံး Wi-Fi ကို လည်းသတိထားပါ။ 

Wi-Fi hotspots အများစုက တိကျတဲ့ သတင်းအချက်အလက် ပေးထားခြင်းမရှိဘူး။ အကယ်၍ သင်က အများပြည်သူသုံး Wi-Fi ကို အသုံးပြု ပြီး web ၁ခုမှာ မိမိရဲ့  အရေးကြီးတဲ့ ကိုယ်ရေးသတင်းအချက်အလက်ကို ဖြည့်စွက်နေရင် program ၁ခုက မိမိကို အနှောက်အယှက်ပေးခြင်းဖြင့် မိမိရဲ့  သတင်းအချက်အလက်တွေကို ခိုးယူသွားလို့ ရပါတယ်။ ဒါကြောင့်မလို့  အများပြည်သူသုံး Wi-Fi ကို အသုံးပြုမယ်ဆိုရင် မိမိတို့ ရဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို မဖြည့်မိဖို့  သတိပြုကြပါ။ Facebook အစရှိတဲ့ social network တို့ ရဲ့ စကားဝှက် (password) တို့ လဲမဖြည့်စွက်မိပါစေနှင့်။

Macs ကလဲ PCs တွေလိုပဲ လုံခြုံမှုမှရှိပါဘူး။

သတိမမူရင် သင်တို့ ရဲ့  MacBook Air ထဲက သတင်းအချက်အလက်တွေလဲ ခိုးယူခံရ မှာပါပဲ။ ဟက်ကာတွေက Macs ကို အသုံးပြုသူတွေကို သိပ်ပြီးပစ်မှတ်မထားပါဘူး ။ ဘာကြောင့်လဲဆိုတော့ Windows အသုံးပြုတဲ့ သူတွေက ပိုများလို့  ဟက်ကာတွေက Windows အသုံးပြုသူတွေကို အဓိက ပစ်မှတ်ထားကြပါတယ်။ Apple နှင့် Microsoft တို့ ကလဲ သူတို့ ရဲ့  software လုံခြုံမှုတွေကို တင်းတင်းကြပ်ကြပ် ထားရှိထားသော်လည်း ဟက်ကာတွေကတော့ နည်းလမ်းသစ် တစ်နည်းမဟုတ်တစ်နည်းဖြင့် ကွန်ပျူတာမှအချက်အလက်တွေကို ခိုးယူရရှိနေဦးမည် ဖြစ်ပါသည်။

မိမိတို့ ၏ ဖုန်းနှင့် tablet ကိရိယာများကို lock လုပ်ထားပါ။

ဖုန်း နှင့် tablet ကိရိယာများကို စကားဝှက် (password) ဖြင့် lock လုပ်ထားခြင်းသည် မိမိ၏ သတင်းအချက်အလက် ကို ကာကွယ်ပေးထားခြင်းဖြစ်သည်။

Facebook account ကို လဲ သေချာ ထိန်းချုပ်ထားပါ။

Facebook က timeline နှင့် privacy setting တွေကို အမြဲ update လုပ်လေ့ရှိသည်။ ဒါကြောင့်မလို့ လဲ မိမိရဲ့  profile ကိုစိတ်တိုင်းကျ ပြုပြင်လို့ ရပါသည်။ ပထမဆုံးအချက်ကတော့  privacy setting menu ရဲ့ “who can see my stuff?” တွင် “friends” လို့ ရွေးချယ်လိုက်ပါ။ “friends of friends” ကို ရွေးချယ်လိုက်ခြင်းက မိမိ၏ သတင်းအချက်အလက်တွေကို ပျမ်းမျှအားဖြင့် လူပေါင်း ၁၅၆,၅၆၉ ယောက်နဲ့ ဝေငှပေးလိုက်တာနဲ့ တူပါသည်။ ထို့ နောက် မိမိ၏ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ မွေးနေ့ နှင့် တခြားကိုယ်ရေး အချက်အလက်များကိုလဲ private လုပ်ထားသင့်ပါသည်။


http://www.guardian.co.uk/technology/2013/may/12/20-ways-keep-internet-identity-safe မှ မြန်မာပြည်မှ အင်တာနက်အသုံးပြုသူများနှင့် ကိုက်ညီသော အချက်များကို ကူးယူဘာသာပြန်ဖော်ထုတ်ထားပါသည်။
 
 Credit to : https://www.facebook.com/mspiral

Please Give Us Your 1 Minute In Sharing This Post!
SOCIALIZE IT →
FOLLOW US →
SHARE IT →
Powered By: BloggerYard.Com

0 comments:

Post a Comment