Subscribe For Free Updates!

We'll not spam mate! We promise.

Sunday, June 16, 2013

Android Version 4.0 နှင့်အထက်တွေမှာ မြန်မာစာကို အကောင်းဆုံးရေးသားနိုင်တဲ့ Frozen Keyboard Pro 0.6.0


Android သုံး Phone နဲ့ Tablet မှာ သုံးနေတဲ့ Frozen Keyboard ဟာ သုံးစွဲသူတွေအတွက် အဆင်ပြေတာကြောင့် လူကြိုက်များခဲ့ပါတယ်.. Android 4.0 တွေပေါ်လာပြီးတဲ့နောက် အသုံးပြုသူတွေအနေနဲ့ နည်းနည်း စိတ်ကသိကအောက်ဖြစ်စရာလေးတွေရှိပေမယ့် သုံးစွဲနေကြဆဲပါ.. ဒါပေမယ့် ခုနောက်ပိုင်း Expired ဖြစ်သွားပြီးတော့ သုံးလို့မရတဲ့အတွက် Bagan Keyboard ကိုသုံးလာကြပါတယ်.. Bagan က 4.0 အထက်တွေမှာ အဆင်ပြေတယ်လို့ပြောလို့ရပေမယ့် ကီးဘုတ်လက်ကွက်တွေက အမြင်ဆန်းနေတာကြောင့် သုံးစွဲသူတွေကို ရင်းနှီးမှု မရှိစေပါဘူး. သုံးနေကျ Frozen Keyboard ကိုပဲ မျှော်လင့်နေကြဆဲပါ.. June လ 15 ရက်နေ့ကတော့ Frozen Keyboard Version အသစ် 0.6.0 ထွက်လာပါတယ်.. ကျွန်တော် ဒေါင်းပြီး သုံးကြည့်တာ Zawgyi Font တွေ အမှန်အတိုင်းမြင်ရတယ်.. စာလုံးလေးတွေက သေသပ်တယ်.. ပြီးတော့ ဆင့်စာလုံးတွေအတွက် Shift ကိုနှိပ်စရာမလိုတော့ဘဲ ဖိထားလိုက်ရုံနဲ့ Pop-up Menu လေးထွက်လာပြီး အဲဒီထဲက ချက်ချင်းရွေးနိုင်တယ်.. 4.0 အထက်တွေအားလုံးမှာ အဆင်ပြေပြေ သုံးနိုင်တယ်.. ဒီ Frozen Keyboard Pro ကို ရေးသားတဲ့ Developer ကတော့ ကိုသီဟကျော်လို့ သိရပါတယ်.. ဒီအတွက် သူ့ကို ကျေးဇူးတင်နေကြမှာပါ.. မိတ်ဆွေများအနေနဲ့ Frozen Keyboard ကိုသုံးမယ်ဆိုရင်တော့ Zawgyi Font ကို သီးခြားထည့်ပေးရမှာဖြစ်ပြီး Frozen Keyboard ကတော့ စာရေးဖို့ Keyboard သက်သက်သာ ဖြစ်ပါကြောင်း အသိပေးချင်ပါတယ်.. မသိသေးသူများအတွက်ပေါ့.. ကဲ လိုချင်သူများ ဒေါင်းနိုင်ပါပြီခင်ဗျာ..



အဆင်ပြေပါစေ..


>>Download Here<<

Please Give Us Your 1 Minute In Sharing This Post!
SOCIALIZE IT →
FOLLOW US →
SHARE IT →
Powered By: BloggerYard.Com

1 comments:

  1. အဲ့ Frozen Pro က ကျွန်တော့် ဖုန်းမှာ error တက်တယ်ဗျ ဘယ်လိုပုံစံလဲဆိုတော့ ကီးဘုတ် လုံးဝပေါ်မလာတော့ဘူး အဲ့လိုဖြစ်ဖြစ်သွားတယ် ပထမ ဗားရှင်းပါ အခု ဗားရှင်းကို စမ်းကြည့်မယ်လေ အဆင်ပြေခဲ့လို့ရှိရင် ကျေးဇူး အဆင်မပြေရင်တော့ ဘာ error လည်းဆိုတာကို ပြန်ပြောပြမယ်

    ReplyDelete