Subscribe For Free Updates!

We'll not spam mate! We promise.

Wednesday, July 24, 2013

Session Hijacking ဆိုတာဘာလဲ ?

Ref : http://koalpha.blogspot.com/2013/07/session-hijacking.html

Session Hijacking ဆိုတာဘာလဲ ?


Session Hijacking လုပ်တယ်ဆိုတာ ရှိပြီးသား active session တစ်ခုကို ခိုးယူခြင်းပဲဖြစ်ပါတယ်။ Session Hijacking လုပ်ခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ authentication process ကို bypass လုပ်ခြင်းဖြင့် website တစ်ခု သို့ မဟုတ် computer တစ်လုံးကို unauthorized access ကို ရယူဖို့ ပဲဖြစ်ပါတယ်။
အရိုးရှင်းဆုံးပြောရရင်တော့ attacker ဟာ တစ်ခြား client တစ်ယောက်ရဲ့  session နဲ့ login လုပ်ခြင်းပဲဖြစ်ပါတယ်။

Session Hijacking ကို ဘယ်လို Method တွေနဲ့  လုပ်မလဲ 


 1. Session fixation: 

ဒီ Method ကတော့  attacker ဟာ victim ရဲ့  user session ID ကို set လုပ်ခြင်းပဲဖြစ်ပါတယ်။
ဥပမာ.. attacker ဟာ victim ဆီကို သူကိုယ်တိုင် set လုပ်ထားတဲ့ session ID တစ်ခုပါဝင်တဲ့ link တစ်ခုကို mail ကနေ တဆင့်ပေးပို့ ပါမယ်။ တကယ်လို့  victim ကသာ အဲ့လင့်ကို နှိပ်လိုက်မယ်ဆိုရင်ဖြင့် အဲ့ victim ရဲ့  user session ID ဟာ attacker set လုပ်ပေးလိုက်တဲ့ အတိုင်း ပြောင်းလဲသွားမှာဖြစ်ပါတယ်။
ဒီလို နည်းလမ်းနဲ့ အဲ့ဒီ victim ရဲ့ session ကို hijack လုပ်ယူသွားခြင်းပဲဖြစ်ပါတယ်။


2. Session SideJacking(session Sniffing):



ဒီ Method ကတော့  attacker ဟာ packet sniffing ကို အသုံးပြုပြီးတော့ session cookie ကို ခိုးယူခြင်းပဲဖြစ်ပါတယ်။ အဲ့ဒါကို ကာကွယ်ဖို့ အချို့  website တွေက SSL(encrypts the session) ကို အသုံးပြုကြပါတယ်။ ဒါပေမယ့် authenticated တစ်ခါ ဖြစ်ပြီးသွားပြီ ဆိုတာနဲ့  အဲ့ encryption ကို ထပ်မသုံးသင့်တော့ပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ အဲ့လို လုပ်ခြင်းဖြင့် attacker ကို network traffic ကို ဖတ်ရှုခွင့်ရရှိသွားပြီးတော့ server data တွေကို ကြားက ဖြတ်ယူနိုင်မှာဖြစ်ပါတယ်။

3. Client-side attacks (XSS, Malicious JavaScript Codes, Trojans, etc):


Attacker တွေဟာ Javascript codes တွေကို client system ထဲမှာ run ပေးခြင်းဖြင့် Session ကို ခိုးယူလို့ ရပါတယ်။ ပုံမှန်အားဖြင့်တော့ ဒီ Method ဖြင့် XSS အသုံးပြုတဲ့ website တွေကနေတဆင့် client ကိုတိုက်ခိုက်လေ့ ရှိပါတယ်။
Client အနေနဲ့ ကလည်း ယုံကြည်ရတယ်ထင်တဲ့ website ကိုအသုံးပြုသင့်ပါတယ်။ ဒီလိုမှမဟုတ်ပဲ attacker တွေရဲ့ Malicious Javascript codes တွေပါဝင်တဲ့ website link ကိုသာ နှိပ်လိုက်မိလို့ ကတော့ Session cookies တွေနဲ့ အခြား confidential data တွေ ခိုးယူခြင်းခံရမှာဖြစ်ပါတယ်။

4. Physical access:


တကယ်လို့ Attacker ကသာ Physical access လုပ်ဖို့ အခွင့်အရေးရခဲ့ရင်တော့  Session တွေကို ခိုးယူဖို့ သူ့ အတွက်ပိုမိုလွယ်ကူပါတယ်။ အများအားဖြင့် ဒီလို Physical access တွေအဖြစ်များတာက Public Internet Cafe တွေ Internet ဆိုင်တွေမှာ အဖြစ်များပါတယ်။ Client တစ်ယောက်ဟာ website တစ်ခုကို login လုပ်ပြီး အသုံးပြုခဲ့မယ်။ ( ဥပမာ facebook တို့  gmail ) အဲ့ Client လဲ အသုံးပြုပြီးရော အဲ့စက်ကို attacker တစ်ယောက် အသုံးပြုဖို့ ရောက်လာရင်တော့ Session Cookie တွေကို အလွယ်တကူ ခိုးယူပြီး access ရယူသွားနိုင်မှာဖြစ်ပါတယ်။

Please Give Us Your 1 Minute In Sharing This Post!
SOCIALIZE IT →
FOLLOW US →
SHARE IT →
Powered By: BloggerYard.Com

0 comments:

Post a Comment