ကျွန်တော်တို့  SQL ထိုးတဲ့အခါကျရင် Order by/ group by စသဖြင့် ကျွန်တော်တို့ ထိုးကြတယ်ပေါ့။ Manal Sql injection Tutorial ကိုတော့ အရင်တုန်းက တင်ထားပြီးသားရှိတဲ့အတွက် ကျွန်တော်မပြောတော့ဘူး။ ကိုယ့်ဘာကို ရှာဖတ်တော့..။ UNION SELECT အဆင့်ကို ရောက်တဲ့အခါမှာ တချို့ ဆိုက်တွေက WAF ခံထားကြတယ်ဗျာ... WAF ဆိုတာ Web Application Firewall ပေါ့... အဲလိုခံထားတဲ့အခါ ကျွန်တော်တို့ ဆီမှာ 403 error ဆိုပြီး Forbidden error တစ်ခုတက်တယ်။ အဲဒီ WAF ကို Bypass လုပ်ပြီး UNION SELECT ကို ဆက်လုပ်သွားကြတာပေါ့ဗျာ။
အောက်က ပုံစံက ကျွန်တော်တို့ လုပ်နေကြအတိုင်း ထိုးကြည့်တယ်ပေါ့ဗျာ...
http://www.site.com/index.php?id=-1 UNION SELECT 1,2,3,4--
အဲဒီအခါမှာ ကျွန်တော်တို့ Forbidden Error ဆိုပြီး Error တစ်ခုတက်တယ်။
အဲဒီတော့ ကျွန်တော်တို့ WAF ကို bypass လုပ်ရတော့မယ်... bypass လုပ်နည်းတွေအများကြီး ရှိတယ်။ အလွယ်ဆုံးနည်းကနေ တစ်ဆင့်ချင်းပြောသွားတာပေါ့...။
အခုစပြောတဲ့ method တွေက Simple Method တွေပါ။
# Comments
ကျွန်တော်တို့ php လိုမျိုး web programming language တွေမှာ comment ရေးတယ်ဆိုတာရှိတယ်..အဲဒီ comment ရေးပုံမျိုးနဲ့ UNION SELECT လုပ်ပြီး ထိုးသွားတာပါ။
http://www.site.com/index.php?id=-1/*!UNION*/ /*!SELECT*/ 1,2,3,4--
ဒါက simple method ထဲက အရိုးရှင်းဆုံးနဲ့ အလွယ်ဆုံးပါပဲ.. WAF အများစုက ဒီနည်းနဲ့ bypass လုပ်လို့ မရတော့တာများတယ်... အဲတော့ နောက်တစ်နည်းနဲ့ပေါ့ :D
# Change The Case of Letters
WAF မခံထားတဲ့ ဆိုက်တွေဆို UNION SELECT ကို upper case နဲ့ပဲ ရေးရေး lower case နဲ့ပဲ ရေးရေး ပြဿနာမရှိပါဘူး။ WAF ကိုကျော်ဖို့ ဆို Uppercase နဲ့ lowercase ကိုရောထွေးရေးခြင်းနဲ့ bypass လုပ်သွားလို့ ရနိုင်ပါတယ်။
http://www.site.com/index.php?id=-1 uNIoN sELecT 1,2,3,4--
ဒီနည်းကလဲ သိပ်အသုံးဝင်တဲ့နည်းတော့မဟုတ်သေးပါဘူး...။ simple ထဲကမှ အရှင်းဆုံးလေးတွေဖြစ်နေသေးတယ်။
# Combine the previous Methods
နာမည်အတိုင်းပဲ ပထမ method နှစ်ခုကို ပေါင်းပြီး ထိုးကြည့်တာပါ...
http://www.site.com/index.php?id=-1/*!uNIOn*/ /*!SelECt*/ 1,2,3,4--
ဒီနည်းကတော့ WAF တော်တော်များများကို bypass လုပ်နိုင်ပါတယ်...။
# Replace Keywords
တစ်ချို့  firewall တွေက URL ထဲမှာ Union Select ဆိုတာကို တွေ့ တာနဲ့ ဖြုတ်ပစ်လိုက်တယ်. အဲဒီအခါကျ ကျွန်တော်တို့  Union Select လုပ်ထားက မပြည့်မစုံဖြစ်ပြီး error တွေ ဖြစ်ကုန်ရော...
အဲဒီတော့ ကျွန်တော်တို့  ဒီနည်းလေးကို စမ်းကြည့်တယ်...
http://www.site.com/index.php?id=-1 UNIunionON SELselectECT 1,2,3,4--
ဒီနည်းက အလုပ်လုပ်သွားပုံကိုသာ အဓိက သိစေချင်တာပါ...သိပ်အလုပ်မဖြစ်ဖူး.. :D ကျွန်တော်တို့  UNI နောက်မှာ union ကိုဆက်ရေးပြီး နောက်က ON ကိုကပ်ရေးထားတယ် (UNIunionON) အဲဒီမှာ သူက စစ်မယ်.. URL မှာ union ဆိုတာပါလား.. ပါရင်ဖြုတ်လိုက်တယ်... အလယ်က union ကိုဖြုတ်လိုက်တော့ UNI နဲ့ ON နဲ့က ပေါင်းပြီး UNION ဆိုပြီး ပြန်ဖြစ်သွားတယ်ပေါ့ SELECT လဲအဲလိုပဲ.. နောက်ပိုင်း WAF တွေမှာက URL ကို ထပ်ကာထပ်ကာ စစ်နေတာ မို့ လို့ ဒီနည်းက သိပ်အသုံးမ၀င်တော့ပါဘူး။
# Inline Comments
Inline comment ကိုသုံးပြီး WAF တော်တော်များများကို bypass လုပ်လို့ ရပါတယ်။ ဘယ်လိုလုပ်မလဲဆိုတော့ inline comment ဆိုတဲ့အတိုင်းပဲ UNION SELECT ထဲက စာလုံးတစ်လုံးကို encode လုပ်ပြီး comment တွေနဲ့ ခံရေးတာ.. အဲလိုရေးတော့ Firewall တွေလဲ UNION SELECT ကို မဖမ်းနိုင်တော့ဘူး။
http://www.site.com/index.php?id=-1%55nION/**/%53ElecT 1,2,3,4--
အဲဒီမှာ %55 ဆိုတာက U ကို encode လုပ်ထားတာဖြစ်ပြီးတော့ %53 ဆိုတာကတော့ S ပါ... နှစ်သက်ရာကို encode လုပ်လို့ ရပါတယ်....။
OK ကျွန်တော်တို့ Simple Method တွေကို သိပြီ။ Advanced Method တွေကိုတော့ ကျွန်တော်နောက်မှ တင်ပေးတော့မယ်...။ ဒီနည်းတွေမှာ မရှင်းတာရှိရင် မေးလို့ ရပါတယ်... ။
Good Luck all !





0 comments:
Post a Comment