Subscribe For Free Updates!

We'll not spam mate! We promise.

Wednesday, August 28, 2013

Best Android Hacking Tools

လူတော်တော်များများ သိထားကြတာက hacking တို့  pentesting တို့ ကို computer ကနေပဲလုပ်လို့ ရတယ်လို့ ထင်နေကြတယ်ဗျ။ တကယ်တန်းတော့
Android ဖုန်းတွေနဲ့ လည်း pentesting လုပ်လို့ ရပါတယ်။ အဲ့လို attacking လုပ်နိုင်ဖို့ အတွက် အသုံးပြုတဲ့ android hacking tools တွေ အများကြီး ရှိပါတယ်။ အဲ့ဒီအထဲကမှ တကယ်အသုံးဝင်တဲ့ tools အချို့ ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Android Network Toolkit:
Android Network Toolkit:

Android Network Toolkit


နောက်ဆုံးပြုလုပ်ခဲ့တဲ့ Defcon Conference မှာ စတင်ပြီး release လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီ toolkit ကို အသုံးပြုခြင်းဖြင့် penetration tester တွေ Ethical Hackers တွေ အနေနဲ့  mobile device တွေ အသုံးပြုပြီးတော့ vulnerable  network တွေကို ရှာဖွေဖို့ အသုံးပြုနိုင်ပါတယ်။ ဒီ application ကို ထုတ်လုပ်တဲ့ company ရဲ့ နောက်ကွယ်မှာ Israel Security Firm တစ်ခုဖြစ်တဲ့ Zimperium ပါဝင်နေတယ်လို့ သိရပါတယ်။

Download Android Network Toolkit

Nmap for Android


Nmap (Network Mapper) ဟာ Network Scanner (Port Finder)Tools  တွေထဲမှာ အကောင်းတကာ့အကောင်းဆုံး tool တစ်ခုပဲဖြစ်ပါတယ်။ Nmap ဟာ Unix OS အတွက် အဓိကထားပြီး ထုတ်လုပ်ခဲ့သော်လည်း အခုဆိုရင်တော့ Windows OS အတွက်သာမက Android OS အတွက်ပါ ထုတ်လုပ်လာခဲ့ပါတယ်။ Nmap ကို အသုံးပြုပြီး scan လုပ်လို့ ပြီးတာနဲ့ scan result ကို email ကတဆင့် လက်ခံရရှိမှာဖြစ်ပါတယ်။

Download Nmap for Android

FaceNiff 2.4 - Session Hijacker for Android


FaceNiff ကတော့ Social Networking Site တွေဖြစ်တဲ့ Facebook တို့ Twitter တို့ ကို session hijacking လုပ်ဖို့ အတွက်ရည်ရွယ်ပါတယ်။

(Note: ကျနော် ကိုယ်တိုင် တစ်ခါမှ အသုံးမပြုဖူးပါ။)

Download FaceNiff 2.4

AnDOSid - Ddos tool for Android


Ddos Attack ဟာ အရမ်းကြောက်ဖို့ ကောင်းပါတယ် ဘာဖြစ်လို့ လဲဆိုတော့ အဲ့ဒီ attack ဟာ hacking ပိုင်းမှာ သိပ်ကျွမ်းကျင်စရာမလိုဘူး တကယ်တိုက်ရင် တကယ်ထိရောက်ပြီး Server တစ်ခု Down သွားနိုင်ပါတယ်။ AnDOSid ဆိုတဲ့ tool ကတော့ ကျနော်သုံးဖူးသမျှထဲမှာ Android Device တွေအတွက် အကောင်းဆုံး Ddos tool ပဲဖြစ်ပါတယ်။

Download AnDOSid

SSHDroid - Android Secure Shell


Secure Shell လို့ ခေါ်တဲ့ SSH အသုံးပြုခြင်းဖြင့် သင့် Device ကို PC နဲ့ connect လုပ်တဲ့ အခါမှာ execute command တွေဖြစ်တဲ့ terminal တို့  adb shell တို့ ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Download SSHDroid



Ref :  http://koalpha.blogspot.com/2013/08/best-android-hacking-tools.html

Please Give Us Your 1 Minute In Sharing This Post!
SOCIALIZE IT →
FOLLOW US →
SHARE IT →
Powered By: BloggerYard.Com

1 comments: