Subscribe For Free Updates!

We'll not spam mate! We promise.

Saturday, August 31, 2013

အင်တာနက်အသုံးပြုသူတွေအတွက် Hotspot Shield (v 3.13 )

Hotspot Shield ဆိုတာကို ကျွန်တော်နားလည်ထားသလောက်လေး နည်းနည်းပြောပြချင်လို့ပါ။ မပြည့်စုံဘူး၊ မှားနေတယ်ဆိုရင်လည်း အနူးညွှတ်
တောင်းပန်ပါတယ်ဗျာ။ ဒီ software လေးက ကိုယ့်ကို block လုပ်ထားတဲ့ website တွေနဲ့ content တွေကို unblock အနေနဲ့ အသုံးပြုနိုင်အောင် 
ကူညီပေးမဲ့ software လေးပါ။ ကိုယ်က ရုံးတို့၊ ကျောင်းတို့မှာ အင်တာနက်သုံးရပြီဆိုရင် အချို့ နေရာတွေမှာ သူတို့မသုံးစေချင်တဲ့ site တွေကို 
ပိတ်ထားတာကိုခံရတတ်ပါတယ်။ အဲဒီအချိန်မှာ ဒီ software လေးကို သုံးလိုက်ရင် မသုံးစေချင်တဲ့ website တွေကို အသုံးပြုနိုင်မှာဖြစ်ပြီး၊ ကိုယ့်ရဲ့ 
IP ကိုလည်း မဖော်ပြပေးနိုင်တဲ့ အတွက် လုံခြံစိတ်ချစွာ အသုံးပြုနိုင်ပြီလို့ထင်ပါတယ်ဗျာ။ ဒီနောက်ဆုံးထွက် software လေးက online မှာရှိနေတတ်တဲ့ 
maleware တိုက်ခိုက်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ Hackers တွေရဲ့ နည်းမျိုးစုံတိုက်ခိုက်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ 
 ကျွန်တော်လည်း လက်ရှိအချိန်ထိ ကိုစမ်းသုံးကြည့်နေ
တုန်းမို့လို့ မပြည့်စုံတာကိုတော့ ခွင့်လွှတ်ပေးကြဖို့တောင်းပန်ပါတယ်ဗျာ။ ကျွန်တော်နားလည်ထားသလောက်ကို review ရေးပေးလိုက်ရခြင်းပါ။ 
ကျွန်တော်လည်း သုံးကြည့်စေချင်လို့သာတင်ပေးလိုက်တာပါ။ တကယ်လို့သုံးဖူးတဲ့ လူတွေကတော့ ကျွန်တော့်ရဲ့လိုအပ်ချက်ကို ကူညီဖြည့်စွက် 
တဲ့အနေနဲ့ အောက်က comment box မှာ comment ပေးခဲ့ကြဖို့ တောင်းဆိုပါတယ်ဗျာ။ 


အောက်က link တွေကနေ download လုပ်နိုင်ပါတယ်ဗျာ။ 

အားလုံးအဆင်ပြေကြပါစေဗျာ။ 

Please Give Us Your 1 Minute In Sharing This Post!
SOCIALIZE IT →
FOLLOW US →
SHARE IT →
Powered By: BloggerYard.Com

0 comments:

Post a Comment