Subscribe For Free Updates!

We'll not spam mate! We promise.

Sunday, October 13, 2013

Internet Connection ကဘာဖြစ်လို့ တောင်ကိုရီးယားနိုင်ငံမှာအမြန်ဆုံးဖြစ်ရတာလဲ?

Internet ဆိုတာကို အမေရိကန်နိုင်ငံကလူတွေအရင်ဖန်တီးခဲ့တာလို့ သိခဲ့ရပါတယ်။ ဒါဆို အမေရိကန်နိုင်ငံက အင်တာနက် connection အမြန်ဆုံးဖြစ်သင့်တာပေါ့။ ဟုတ်ဖူးလား?
ဒါပေမယ့် မဟုတ်ခဲ့ပါဘူး။ အင်တာနက်ကွန်နက်ရှင်တွေကိုအမြဲစောင့်ကြည့်လေ့လာနေတဲ့အဖွဲ့စည်း Akamai ရဲ့တွေ့ရှိချက်အရ အမေရိကန်နိုင်ငံက Broadband Internet speeds ဟာတောင်ကိုရီးယားနိုင်ငံရဲ့ အင်တာနက်အမြန်နှုန်းထက် ၄ ပုံ ၁ ပုံသာမြန်ပါသတဲ့။ နောက်ပြီးတော့ အင်တာနက်ဖိုး ကုန်ကျငွေဟာလည်း အမေရိကန်က ကုန်ကျစရိတ်မြင့်မားနေပါတယ်။
အမေရိကန်မှာ connection က တောင်ကိုရီးယားထက် speed နှေးကွေးပေမယ့် တစ်လကုန်ကျစရိတ်က ပျမ်းမျှအားဖြင့် $45.5 ကုန်ကျပါတယ်။ အဲဒီအချိန်မှာ တောင်ကိုရီးယားကတော့ ပိုမြန်တဲ့ အင်တာနက် speed နဲ့ တစ်လကို $17 နဲ့အောက်မှာပဲ ရှိပါတယ်။ ကဲ ဒီတော့ ဘာလို့ အမေရိကန်က တောင်ကိုရီးယားထက် အင်တာနက် connection နှေးကွေးရတာလဲတိုတာကို ကျွန်တော်တို့ လေ့လာကြည့်ရအောင်။ ဒီလိုဖြစ်ရတဲ့အချက်တွေကတော့ အများကြီးရှိပါတယ်။ အဲဒီထဲမှာ နိုင်ငံရေးသဘောအရ၊ ပထဝီအနေအထားအရ၊ လူနေမှုစတိုင်အရ အစရှိသလို ကွဲပြားတာတွေတော့ ရှိပါတယ်။
ကုမ္ပဏီ အချင်းချင်းပြိုင်ဆိုင်မှု
တောင်ကိုရီးယားမှာ Broadband Access ပေးတဲ့ ကုမ္ပဏီတွေက ပြိုင်ဆိုင်မှုပြင်းထန်ပါတယ်။ အမေရိကန်နိုင်ငံမှာတော့ လူတွေက အင်တာနက်ရဖို့ Cable connection ဒါမှမဟုတ် Telephone
ကုမ္ပဏီ တစ်ခုခုနဲ့ဆက်သွယ်လိုက်တာများပါတယ်။ Broadband ကုမ္ပဏီတွေကလည်း တောင်ကိုရီးယားထက်စာရင် နည်းပါတယ်။ ဒီအချက်ကလည်း ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့မှတ်သားထားသင့်တဲ့အရာတစ်ခုပါပဲ။ ကုမ္ပဏီ အချင်းချင်းပြိုင်ဆိုင်လာရင် ဈေးနှုန်းတွေက ကျလာမှာအမှန်ပဲဖြစ်ပါတယ်။ အခုတော့ MPT ငနဲ့သားတစ်ယောက်တည်းမူပိုင်ထားတော့ ကွန်နက်ရှင်ကောင်းချက်က
ကမ္ဘာမှာ နောက်ဆုံးကနေရေရင် Top Ten စာရင်းဝင်သွားတာပဲဖြစ်ပါတယ်။ :P
နိုင်ငံရေးသဘောအရနဲ့ လူနေမှုပုံစံ
ဒါကလည်း တကယ်ကိုမှတ်ထားသင့်တယ်ဗျာ။ တောင်ကိုရီးယားနိုင်ငံရဲ့ 94% သောလူဦးရေဟာ hyper-speed Internet connection နဲ့အသုံးပြုနေချိန်မှာ အမေရိကန်နိုင်ငံက 65% လူဦးရေက
ရိုးရိုး Broadband Access ကိုသာအသုံးပြုနိုင်ပါတယ်။ နောက် တောင်ကိုရီးယားအစိုးရက ပြည်သူတွေကို ကွန်ပျူတာနဲ့ထိတွေ့ဖို့၊ ဈေးနှုန်းချိုချိုသာသာနဲ့ တောထဲကလူတွေပါ အင်တာနက်အသုံးပြု
နိုင်အောင် ကုမ္ပဏီတွေကို အမြဲတွန်းအားပေးပါတယ်။ ဥပမာတစ်ခုအနေနဲ့ အိမ်ရှင်မတွေ အင်တာနက်ကိုဘယ်လိုသုံးရမလဲဆိုတဲ့ Program တစ်ခုကိုဖန်တီးပေးခဲ့တာကိုပဲကြည့်ပါတော့။
နောက် တောင်ကိုရီးယားရဲ့ မိဘတွေဟာ သူတို့ကလေးတွေရဲ့ ပညာရေးအတွက် အင်တာနက်ကွန်နက်ရှင်က အရေးပါတယ်ဆိုတာကောင်းကောင်းသဘောပေါက်ခဲ့ကြပါတယ်။ ဒီတော့ စဉ်းစားကြည့်ရုံနဲ့ အဖြေက ပေါ်လာပါပြီ။ လူတွေကိုယ်တိုင်ကလည်း အင်တာနက်ကို မရှိမဖြစ်အသုံးချလာတယ်။ ဈေးကွက်သဘောအရ Demand တွေများလာရင် ကုမ္ပဏီတွေကလည်း မိုလိုပေါက်လာ၊ ကုမ္ပဏီ အချင်းချင်းပြိုင်ဆိုင်ရာကနေ အင်တာနက်ဖိုး ဘေလ်တွေကျ။ အင်တာနက် Speed ပိုကောင်းလာတာ မထူးဆန်းပါဘူး။ ဟော ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ အခုထိအင်တာနက်မပြောနဲ့ ကွန်ပျူတာဆိုတာကို မမြင်ဖူးတဲ့သူတွေ အများသားပဲမဟုတ်ဘူးလားဗျာ။ မပြောတော့ပါဘူးလေ။ :(
Open versus closed networks
အလွယ်ကူဆုံးဥပမာပေးရရင်တော့ Broadband Access ပေးမယ့် ကုမ္ပဏီတွေကို အစိုးရက ခွင့်ပြုချက်ပေးတာ လွယ်တယ်/မလွယ်ကူဘူးလို့ပဲပြောရမယ်။ ဆိုပါတော့ဗျာ။ ခင်ဗျားက  Broadband Access
ပေးမယ့် Company တစ်ခုထောင်ချင်တယ်။ ဒါပေမယ့် အစိုးရက ခင်ဗျား Company ထောင်ဖို့ ကန့်သတ်ချက်တွေကများနေတယ်။ လိုင်စင်ဖိုး ဘာညာဆိုပြီးတော့ ကုန်ကျစရိတ်တွေကလည်းများလွန်းတယ်။ တောင်ကိုရီးယားမှာကျတော့ အဲဒါတွေအတွက် အင်မတန်လွယ်ကူတယ်။ ဒါကလည်း အမေရိကန်က ဘာလို့ တောင်ကိုရီးယားထက် speed နှေးရတာလဲဆိုတဲ့အချက်တစ်ခုပါပဲ။ မြန်မာနိုင်ငံမှာဆိုတော့
မပြောချင်တော့ပါဘူး။ :(
Population density
တောင်ကိုရီးယားမှာ ၁ စတုရန်းမိုင်မှာ လူပေါင်း 1200 အင်တာနက်အသုံးပြုနေချိန်မှာ အမေရိကန်မှာတော့  ၁ စတုရန်းမိုင်မှာ လူပေါင်း 88 ယောက်ပဲအသုံးပြုနိုင်ပါတယ်။ နောက်ပြီးတော့ အမေရိကန်မှာက ကျေးလက်ဒေသတွေက များလွန်းတာလည်းပါတယ်လေ။ ဒါကတော့ ပထဝီအနေထားအရ အားနည်းချက်တစ်ခုပါပဲ။ ဆိုလိုတာက အင်တာနက်ရဖို့ အိမ်နဲ့ ISP ချိတ်မယ်ဆိုရင်
အကွာအဝေးက စကားပြောပါတယ်။ အကွာအဝေးကခံနေတော့ Copper wire သုံးမယ့်ဆို speed ကကျလာမယ်။ Fiber line တွေနဲ့ချိတ်မယ်ဆိုရင်လည်း ဈေးနုန်းက ပိုကုန်လာပါပြီ။ ဒါလည်း အရေးကြီးတဲ့အချက်ပါပဲ။
တောင်ကိုရီးယားက Broadband Plan ကိုဆယ်စုနှစ်ကတည်းက စီမံခဲ့တာ
ပြောရရင်တော့ တောင်ကိုရီးယားက မြန်ဆန်တဲ့ အင်တာနက် speed အတွက် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေထဲကတည်းက ကြိုတင်စီမံထားနှင့်ပြီးသား။ အမေရိကန်ကျတော့ တောင်ကိုရီးယားထက်
စာရင် လက်နှေးတယ်ဆိုရမှာပါပဲ။ မြန်မာနိုင်ငံကတော့ ခုမှ 3G Network ကိုတစ်နိုင်ငံလုံးသုံးနိုင်အောင် စီမံမယ်လို့ ပြောနေတုန်း။ ခုထိတော့ KB/s ကနေတက်လာတာမတွေ့ရသေးပါဘူး။
ဒီကြားထဲ KB/s တောင်မရဘဲ 0 KB/s ထိတောင်ကျနေတဲ့အချိန်တွေကလည်းရှိသေးတယ်။ ပြောတော့ပါဘူးလေ။ :P
 
ref : http://www.soesoediary.org/2013/10/internet-connection.html

Please Give Us Your 1 Minute In Sharing This Post!
SOCIALIZE IT →
FOLLOW US →
SHARE IT →
Powered By: BloggerYard.Com

0 comments:

Post a Comment