Subscribe For Free Updates!

We'll not spam mate! We promise.

Friday, November 29, 2013

ဆီလီကွန်တောင်ကြားရဲ့  မွေးဖွားရာ သို့မဟုတ် HP မွေးဖွားရာ



 Birthplace of Silicon Valley ဆိုတဲ့ ဂုဏ်ပုဒ်ကို ကမ္ဘာ့ အိုင်တီ လောကသားများက သဘောတူညီပြီး ပေး လိုက်တဲ့ အိမ်လေးကတော့ ကယ်လီဖိုးနီးယားပြည်နယ်၊ Palo Alto မြို့ ငယ်လေးက HP စတင်ရာ ဂိုဒေါင် လေး တစ်ခု ဖြစ်ပါတယ်။

ပုံမှာ မြင်တွေ့နေရတဲ့ ဂိုဒေါင် ဖြစ်ပါတယ်။ သက္ကရာဇ် ၁၉၀၅ ခုနှစ်မှာ စတင်တည်ဆောက်တဲ့ အိမ်ဖြစ်ပြီး ယင်းအိမ်ဘေးမှာ တွဲပါတဲ့ ဂိုဒေါင်ငယ် တစ်ခု ဖြစ်ပါတယ်။ Standford University ကနေ လျှပ်စစ် အင်ဂျင်နီယာ ဘွဲ့ရတဲ့ Bill Hewlett နဲ့ Dave Packard ဟာ ယင်း ဂိုဒေါင်မှာ ပထမဆုံး ကွန်ပြူတာနဲ့ ဆက်စပ် ပစ္စည်းများကို စလုပ်ပါတယ်။ ပထမဆုံး Customer အနေနနဲ့ အသံစနစ် ပစ္စည်းဝယ်တဲ့ Walt Disney Studio ဖြစ်ခဲ့ ပါတယ်။ ဂိုဒေါင်ထဲမှာ လျှပ်စစ်ပစ္စည်း၊ ကွန်ပြူတ ပစ္စည်းများနဲ့ ပြည့်ခဲ့ပြီး အဲ့တုန်းက ၁၉၃၇ ခုနှစ် ဖြစ်ပါတယ်။ နှစ်အနည်းငယ်အတွင်း ကုမ္မဏီ အောင်မြင်သွားတော့ ဆီလီကွန် တောင်ကြားကို ပြောင်းရွှေ့ ရုံး တည် ပေမယ့် HP Garage ကြီးဟာ ဆီလီကွန်တောင်ကြားရဲ့  မွေးဖွားရာအဖြစ် အသတ်မှတ်ခံရဆဲ ဖြစ်ပါတယ်။
ယနေ့အထိ သမိုင်းဝင်နေရာတစ်အခုအဖြစ် အသိမှတ်ပြုခံရပြီး ထိန်းသိမ်းထားပါတယ်။ ပြတိုက် သဘောမျိုး ဖွင့်မထားပေမယ့် အပြင်ကနေ ကြည့်လို့ရအောင် ဓာတ်ပုံရိုက်လို့ရအောင် ဒေသခံ အာဏာပိုင်များက ဖန်တီးပေးထား ပါတယ်။ HP ဂိုဒေါင်ဟာ အမေရိကန်ရဲ့  သမိုင်းဝင် နေရာတစ်ခုအဖြစ် အသိအမှတ်ပြုခံထားရ တဲ့ နေရာတစ်ခု ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: wiki
ဤ ဆောင်းပါးကို www.house.com.mm မှ ပံ့ပိုး ကူညီသည်။

Please Give Us Your 1 Minute In Sharing This Post!
SOCIALIZE IT →
FOLLOW US →
SHARE IT →
Powered By: BloggerYard.Com

0 comments:

Post a Comment