Subscribe For Free Updates!

We'll not spam mate! We promise.

Sunday, February 16, 2014

ပြည်ပ ကုမ္ပဏီများ လုပ်ငန်းစတင်ချိန်မှ MPT မိုဘိုင်းလ်ဖုန်း ခေါ်ဆိုခ လျှော့ချမည်



Photo

။    ။ အများပိုင် ကုမ္ပဏီအဖြစ် အသွင်ပြောင်းလဲရန် စီစဉ်နေသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)  က ယခုနှစ်အတွင်း အော်ရီဒူး၊ တယ်လီနော စသည့် ပြိုင်ဘက် ကုမ္ပဏီများ လုပ်ငန်း စတင်ချိန်မှသာ မိုဘိုင်းဖုန်း ခေါ်ဆိုခများ လျှော့ချ ကောက်ခံမည် ဖြစ်ကြောင်း ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။ “ဈေးနှုန်းကိုတော့ အခုချိန်မှာ မပြောနိုင်သေးပေမယ့် လူတိုင်း အဆင်ပြေပြေ သုံးစွဲနိုင်မယ့် ပြည်ပ ကုမ္ပဏီတွေနဲ့လည်း ယှဉ်နိုင်တဲ့ ဈေးနှုန်း ဖြစ်မှာပါ” ဟု ၎င်းက ဆိုသည်။
 
နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီများနှင့် ပူးပေါင်း၍ ပုဂ္ဂလိက ကုမ္ပဏီအဖြစ် အသွင်ပြောင်းရန် ပြင်ဆင်နေသော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက နောက်ပိုင်းတွင် အင်တာနက် သုံးစွဲမှုများကိုလည်း နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီများကဲ့သို့ သုံးစွဲသူ စိတ်ကြိုက် ရွေးချယ် ဝယ်ယူသည့် စနစ်သို့ ပြောင်းလဲရန် ပြင်ဆင်နေကြောင်း အဆိုပါ ဌာနထံမှ သိရသည်။ “မိုဘိုင်းဖုန်း ခေါ်ဆိုခတွေ လျှော့ချတာထက် ဝန်ဆောင်မှုတွေကို ပိုကောင်းအောင် အရင်လုပ်သင့်တယ်။ ဖုန်းခေါ်ဆိုခတွေ လျှော့လည်း ဒီလိုဝန်ဆောင်မှုတွေပဲ ထပ်ပေးနေမယ်ဆိုရင် ဘာမှမထူးဘူး။ ဒီအချိန်မှာ MPT ကို ပြည်သူတွေ ယုံကြည်လာအောင် လုပ်သင့်နေပြီ။ ပြည်ပ ကုမ္ပဏီတွေစမှ အသည်းအသန် ပြောင်းမယ်ဆိုရင်တော့ နောက်ကျနေပြီလို့ ထင်တယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အငြိမ်းစား အရာရှိ ဦးသန်းဦးက ဆိုသည်။
 
ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ စတင်ရန် အဓိကကျသည့် ဆက်သွယ်ရေး လိုင်စင် ရရှိရေးအတွက် တင်ဒါအောင် ပြည်ပ ကုမ္ပဏီ နှစ်ခုဖြစ်သည့် အော်ရီဒူးနှင့် တယ်လီနောတို့က ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနနှင့် လိုင်စင် ကိစ္စရပ်များကို အပြီးသတ် ဆွေးနွေးနေပြီး ယခုနှစ်ဆန်းပိုင်းတွင် အပြီးသတ်နိုင်ဖွယ် ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။ အော်ရီဒူးက ဖုန်းခေါ်ဆိုခ တစ်မိနစ် ၄၅ ကျပ်၊ ဆင်းမ်ကတ်တစ်ခု ၁၅၀၀ ကျပ် ဖြင့် 3G စနစ် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးအပ်မည်ဟု ကြေညာထားပြီး တယ်လီနောက ဖုန်းခေါ်ဆိုခ တစ်မိနစ် ၂၅ ကျပ်၊ ဆင်းမ်ကတ် တစ်ခု ၁၅၀၀ ကျပ်ဖြင့် ဝန်ဆောင်မှုများ ပေးမည်ဟု ဆိုထားကာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကမူ မိုဘိုင်းဖုန်း ခေါ်ဆိုခ တစ်မိနစ်လျှင် ၅၀ ကျပ် ကောက်ခံနေသည်။


Ref: The Voice Weekly

Please Give Us Your 1 Minute In Sharing This Post!
SOCIALIZE IT →
FOLLOW US →
SHARE IT →
Powered By: BloggerYard.Com

1 comments:

  1. Telenor ပဲဝယ်မယ်ကွာ။ ကဲကွာ။ ကြမ်းရော

    ReplyDelete