ဖုန်းနောက်ကျောနဲ့ ebook ဖတ်လို့ရတဲ့ မျက်နှာပြင်နှစ်ဖက်ပါ ဖုန်းကို  အမေရိကမှာ ပထမဆုံးရဖို့ ရှိပါတယ်။ ဒီဖုန်းနံမည်ကတော့ Yotaphone ဖြစ်ပြီး  အီးမေးလ်၊ စာတိုမက်ဆေ့ဂ်ျတွေကို ပါဝါစား အထူးနည်းတဲ့ မျက်နှာပြင်ပေါ်မှာ  ပြသပေးမှာပါ။ အဲ့ဒီ့ ပါဝါစား သက်သာတဲ့ ကျောဘက်မျက်နှာပြင်ဟာ  အမြဲပွင့်နေမှာဖြစ်လို့ မျက်စိတစ်ဖျတ် ကြည့်လိုက်ရုံနဲ့ မက်ဆေ့ဂ်ျတွေ  ဖတ်လို့ရနိုင်တာပေါ့။
ကာလာစုံ မျက်နှာပြင်လို ဘက်ထရီ မြန်မြန်မကုန်စေဘဲ Facebook နဲ့ တခြား လူမှုကွန်ရက်တွေကို Post တင်လို့ရနိုင်ပါတယ်။
မော်စကို ကုမ္ပဏီတစ်ခုက ထုတ်လုပ်ထားပြီး ဒီမော်ဒယ်သစ် စမတ်ဖုန်းကို ဒီနှစ်ကုန်ပိုင်းလောက် အမေရိကမှာ စရောင်းမယ်လို့ သိရပါတယ်။
၅လက်မ  အရွယ် AMOLED မျက်နှာပြင်ဟာ သာမန် Android ဖုန်းတစ်လုံးလို  လုပ်ဆောင်ပေးမှာ ဖြစ်ပေမဲ့ Appတွေကို နောက်ကျောဘက် မျက်နှာပြင်နဲ့  သုံးနိုင်ဖို့ အထူးရေးဆွဲထားရမှာပါ။ 
Ref:dailymail.co.uk
Friday, April 18, 2014
ကျောဘက်မှာ ebook reader ပါတဲ့ မျက်နှာပြင်နှစ်ဖက်ဖုန်း
Subscribe to:
Post Comments (Atom)





0 comments:
Post a Comment