Subscribe For Free Updates!

We'll not spam mate! We promise.

Tuesday, June 23, 2015

တယ်လီဖုန်းခြေရာခံခြင်းနှင့်သိထားသင့်သောသတိပြုစရာများ

http://prawfsblawg.blogs.com/photos/uncategorized/picture_cell_phone_gps_tracking_1.jpg 
 
   တယ်လီဖုန်းဖြေရာခံခြင်းနဲ့ ပတ်သတ်ပြီး ဘယ်လိုဘယ်ပုံမျိုးနဲ့  ခြေရာခံတယ် ၊ ဘယ်လိုဘယ်ပုံ
မျိုးနဲ့  ကိုယ့်ကိုယ်ခြေရာခံတာကို ကာကွယ်မလဲဆိုတာကို ပြောပြပေးပါမယ်၊

* သင်ဘယ်မှာရှိနေတယ်ဆိုတာကို ဘယ်လိုခြေရာခံတာလဲ ?


   ဒါကတော့ရိုးရှင်းပါတယ် သင်အသုံးပြုနေတဲ့ ဖုန်းနဲ့ အနီးဆုံး တယ်လီဖုန်းရေဒီယို တာဝါတိုင်
သုံးခုကိုအသုံးပြုပြီး တြိဂံ ပုံစံ ကွန်ယက်အတွင်းက တည်နေရာကို တွက်ချက်တာပါ၊
တြိဂံခြေရာခံနည်းစနစ် လို့ ခေါ်ပါတယ်၊ လူနေထူထပ်တဲ့ မြို့ ပြ လိုနေရာမျိုး
(ဥပမာကျွန်တော်တို့ ရန်ကုန်ပေါ့ ) မှာ ခြေရာခံမယ်ဆိုရင် တယ်လီဖုန်းတာဝါတိုင်တွေ အများကြီး
ရှိတဲ့အတွက် 10 ပေ 15 ပေ အတွင်းအတိအကျသိ နိုင်ပေမယ့်  ဖုန်းတာဝါတိုင်တွေနည်းပါးတဲ့
ကျေးလက်ဒေသလိုနေရာမျိုးမှာပေါ့ ပေ ရာဂဏန်းအထိ ကွဲလွဲနိုင်ပါတယ်၊
သင်ဖုန်းလက်ခံစကားပြောတာ ၊message ပို့ တဲ့အချိန်မျိုးမှာ သင်ဘယ်နေရာမှာရှိနေတယ်ဆိုတာကို
ကွန်ယက်မှတ်တမ်းတွေထဲမှာ သိမ်းဆည်းထားနိုင်ပါတယ်၊ သတိပြုရမှာက ဒါဟာ ဖုန်းကွန်ယက်ရဲ့
လုပ်ဆောင်ချက်ပဲရှိပါသေးတယ် ၊ဆိုလိုချင်တာကတော့ ဒါဟာသေသေချာချာစောင့်ကြည့်ခြေရာခံတဲ့ နည်းလမ်းတွေ မဟုတ်သေးပါဘူး။ ကွန်ယက်တိုင်းက သင့်ဖုန်းက အသံလှိုင်းကို တြိဂံနည်းစံနစ်သုံးပြီး ခြေရာခံနိုင်ပါတယ်။ အဲဒီအတွက် ဒီလိုအချက်အလက်ကိုသုံးပြီး (ဘယ်မှာရှိနေတယ်ဆိုတာသိပြီး) သင့်ကိုဒုက္ခပေးနိုင်တယ် ဆိုတာ မမေ့ဖို့ အင်မတန်အရေးကြီးပါတယ်။


  သင့်လက်ကိုင်ဖုန်းက ချိတ်ဆက်မိတဲ့ ဖုန်းတာဝါတိုင်တိုင်းကို သင်ဘယ်မှာရှိနေတယ်ဆိုတာ စဉ်ဆက် 

 မပြတ် သတင်းပို့ပါတယ်။ ခြေရာမခံမိစေချင်ရင် ဖုန်းထဲကဓါတ်ခဲကိုထုတ်ရုံသာမက ဖုန်းကိုပါ အိမ်မှာ

 ထားခဲ့ပါ။



ခြေရာခံခြင်းနဲ့ပတ်သက်ပြီး သတိပြုသင့်တဲ့ အချက်တချို့



သင်ပုံမှန်အသုံးပြုသည့် ဖုန်းဆင်မ်ကဒ် (subscriber identity module လို့ခေါ်တဲ့ ဖုန်းကဒ်) အစား

ပြောင်းလဲအသုံးပြုနိုင်မယ့် (ဖုန်းကုမ္ပဏီမတူတဲ့) ဆင်မ်ကဒ်တခု ဆောင်ထားပါ။ ဖြစ်နိုင်ရင်တော့

ဖုန်းတလုံးထက်မက သယ်ဆောင်အသုံးပြုပါ။ အစည်းအဝေးတွေအတွက် ခရီးသွားနေစဉ်အတွင်း

ဖုန်းကတဆင့် ခြေရာမခံနိုင်အောင်၊ ဘယ်နေရာရောက်နေတယ်ဆိုတာ မသိရအောင် ဖုန်းထဲက ဓါတ်ခဲ

ကို ထုတ်ထားပါ။ (ဖုန်းပိုင်ရှင် ဘယ်နေရာမှာရှိတယ်ဆိုတာ GPS စံနစ်လို့ခေါ်တဲ့ ဂြိုလ်တု

ကတဆင့် ခြေရာခံနိုင်သလို triangulation လို့ခေါ်တဲ့ ဖုန်းတိုင်တွေကတဆင့်

တြိဂံခြေရာခံနည်းစံနစ်နဲ့လဲခြေရာခံနိုင်ပါတယ်)

အာဏာပိုင်တွေက သင့်ကိုခြေရာခံနေတယ်လို့ထင်ရင်

စိတ်ပူရင် သင်အသုံးပြုနေတဲ့ ဖုန်းကဒ် ကိုသာမက ဖုန်းကိုပါ

စွန်ပစ်ပါ။

သင့်ဖုန်းက သင့်ကိုပြန်စောင့်ကြည့် နားထောင်နိုင်ပါတယ်

သင်ဖုန်းသုံးမနေတဲ့ အချိန်မှာတောင် တခြားသူတွေက လက်ကိုင်ဖုန်းတွေကို အသံဖမ်းစက်အဖြစ်

အသုံးပြုပြီး သင်ဖုန်းနဲ့ဘာတွေပြောတယ်ဆိုတာကို နားထောင်နိုင်ပါတယ်။ ဥပမာအားဖြင့် သင်

သူငယ်ချင်းတွေနဲ့ တွေ့ဆုံနေတယ် သင်တို့ဖုန်းတွေက ရှေ့ကစားပွဲပေါ်မှာရှိနေတယ်ဆိုရင်


 သင်နဲ့ သူငယ်ချင်းတွေ ဘာတွေပြောတယ်ဆိုတာကို အသံဖမ်းမှတ်တမ်းတင်ဖို့အတွက်


 အဲဒီဖုန်းတွေကို သုံးနိုင်ပါတယ်။ ဖုန်းပိတ်ထားရုံနဲ့မလုံလောက် တဲ့အတွက် အဲဒီလိုစောင့်ကြည့်


 နားထောင်အသံဖမ်း မှတ်တမ်းတင်တာကို ကာကွယ်ဖို့ တခုတည်းသောနည်းလမ်းက ဖုန်းထဲက


 ဓါတ်ခဲကိုထုတ်ထားဖို့ပဲ ဖြစ်ပါတယ်။
သင့်လက်ကိုင်ဖုန်းနဲ့ ဖုန်းကဒ်က သင်ဘယ်သူလဲဆိုတာဖော်ထုတ်နိုင်ပါတယ်

သင်ဘယ်သူလဲဆိုတာ ဖုန်းကနေတဆင့်ဖော်ထုတ်သိရှိတာကိုကာကွယ်ချင်ရင်
ဖုန်းကဒ်ပြောင်းရုံနဲ့ မလုံလောက်ပါဘူး။ ဖုန်းတိုင်းမှာထူးခြားတဲ့နံပါတ်တွေရှိပါတယ်။ အဲဒီအတွက်

လုံခြုံစိတ်ချချင်ရင် ဖုန်းကဒ်ပြောင်းသုံးရုံတင်မဟုတ်ပဲဖုန်းကိုပါ ပြောင်းသုံးရမှာဖြစ်ပါတယ်။

သင့်လက်ကိုင်ဖုန်းနဲ့ ဖုန်းကဒ်က သင်ဘယ်သူလဲဆိုတာဖော်ထုတ်နိုင်ပါတယ်။ဖုန်းလက်ခံစကားပြောတာပဲဖြစ်ဖြစ်၊
 ကိုယ်ကဖုန်းခေါ်တာပဲဖြစ်ဖြစ်၊ မက်ဆေ့ခ်ျပို့တာပဲဖြစ်ဖြစ်၊အင်တာနက် သုံးတာပဲဖြစ်ဖြစ် ဒါမှမဟုတ်

ဘာမှသုံးမနေပဲအင်တာနက်နဲ့ချိတ်မိနေတာပဲဖြစ်ဖြစ် ဖုန်းကွန်ယက်နဲ့

ချိတ်ဆက်ထားတယ်ဆိုရင် ဖုန်းကဒ်အပြင်

ဖုန်းနဲ့ပတ်သက်တာတွေ စုံစမ်းသိရှိနိုင်ပါတယ်။






ဖုန်းကဒ်ကနေ သင်ဘယ်သူလဲဆိုတာ ဘယ်လိုမျိုးဖော်ထုတ်နိုင်တာလဲ


ဖုန်းဆင်မ်ကဒ် (subscriber identity module လို့ခေါ်တဲ့ ဖုန်းကဒ်) ထဲမှာ ဖုန်းကဒ်ပိုင်ရှင် (သင်) နဲ့

ပါတ်သက်တဲ့ အချက်အလက်တွေ သိမ်းဆည်းထားပါတယ်။ အဲဒီအချက်အလက်တွေက (ဖုန်းကဒ်

ဝယ်ချိန်မှာ သင်ပေးထားတဲ့ အချက်အလက်တွေဖြစ်ပြီး)  သင့် ဖုန်းကုမ္ပဏီက သင်ဘယ်သူလဲ

ဆိုတာကိုခွဲခြားအသုံးပြုရာမှာ သုံးပါတယ်။




လက်ကိုင်ဖုန်းကနေ သင်ဘယ်သူလဲဆိုတာ ဘယ်လိုမျိုးဖော်ထုတ်နိုင်တာလဲ




ဖုန်းကဒ်ကနေတဆင့် သင်ဘယ်သူလဲဆိုတာကိုဖော်ထုတ်နိုင်တဲ့အပြင် လက်ကိုင်ဖုန်းကလဲ သင့်ကို
ဒုက္ခရောက်စေနိုင်ပါတယ်။ လက်ကိုင်ဖုန်းတိုင်းမှာ (theInternational Mobile EquipmentIdentity-IMEI

လို့ခေါ်တဲ့ နိုင်ငံတကာ လက်ကိုင်ဖုန်း ခွဲခြားသိရှိရေှးဆိုင်ရာ)

ထူးခြားတဲ့နံပါတ်တွေရှိပါတယ်။ အဲဒီ နံပါတ်ကတဆင့်

သင့်ကိုအချိန်မရွေး ခြေရာခံလို့ရပါတယ်။

ဘာမှာဖတ်ဖူးတာမှန်းတော့မသိတော့ဘူးဗျာ. ကျွန်တော့ Notepad တည်းကပြန်ထွက်လာတာ

Please Give Us Your 1 Minute In Sharing This Post!
SOCIALIZE IT →
FOLLOW US →
SHARE IT →
Powered By: BloggerYard.Com

0 comments:

Post a Comment