Subscribe For Free Updates!

We'll not spam mate! We promise.

Wednesday, August 28, 2013

Facebook Account တစ်ခု ကို Crack လုပ်ဖို့ ဖြစ်နိုင်ပါ့မလား ?


ဒီတစ်ခါ Facebook Account တစ်ခုကို Crack လုပ်ဖို့ ဖြစ်နိုင်မလား မဖြစ်နိုင်ဘူးလား ဆိုတာကို လေ့လာကြည့်ကြရအောင်။

အရင်ဆုံး Hacking A Facebook Account နဲ့  Cracking A Facebook Account ဆိုတာ မတူညီတဲ့ term နှစ်ခု ဖြစ်တယ်ဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။

Hacking A Facebook Account ဆိုတာက foolproof methods တွေဖြစ်တဲ့ Phishing တို့  Keylogger တို့ စသည့် နည်းလမ်းပေါင်းစုံ ဖြင့် account တစ်ခုကို ရယူခြင်းဖြစ်ပါတယ်.... ( မှတ်ချက် ။ ။ အခြား methods တွေအများကြီး ရှိပါသေးတယ် )

Cracking A Facebook Account ဆိုတာကတော့ Bruteforce Attack တို့  Dictionary Attack တို့ ဖြင့် password ကို crack လုပ်ပြီ account တစ်ခုကို ရယူခြင်းဖြစ်တယ်လို့  အကြမ်းဖျင်းအားဖြင့် ဆိုနိုင်ပါတယ်။

Bruteforce Attack

Bruteforce Attack ဆိုတာကတော့ အခြေခံအကျဆုံး cracking method တစ်ခုဖြစ်ပါတယ်။ Bruteforce Attack ဟာ ဖြစ်နိုင်ခြေရှိတဲ့ password combination တွေကို correct password ရသည်အထိ  တိုက်ဆိုင် စစ်ဆေးပေးတဲ့ method ဖြစ်ပါတယ်။  ဒါပေမယ့် password က ရှုပ်ထွေးလေလေ correct password ရဖို့  အချိန်ပို ကြာလေလေ ပါပဲ။

အဲ့ဒါနဲ့ ပတ်သတ်လို့  အောက်က table လေးကို ကြည့်ကြည့်ပါ။

Dictionary Attack

Bruteforce Attack နဲ့  Dictionary Attack တို့ မှာ ကွာခြားချက်က တစ်ခုတည်းရှိပါတယ်။ အဲ့ဒါကတော့ Dictionary Attack မှာ မိမိစိတ်ကြိုက် try ချင်တဲ့ password ကို try လုပ်နိုင်တဲ့ အချက်ပါပဲ။ နားရှုပ်သွားလားမသိဘူး :D
Dictionary Attack မှာ wordlist ကို လွတ်လွတ်လပ်လပ် စိတ်ကြိုက်ရွေးခြယ်ပိုင်ခွင့်ရှိပါတယ်။

အောက်မှာဖော်ပြထားတဲ့ Video Tutorial ကို ကြည့်ခြင်းဖြင့် Dictionary Attack ကို ပိုမို သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ်။
 
ကဲ .. ဒါဆို Facebook Account တစ်ခုကို Crack လုပ်ဖို့ ဖြစ်နိုင်ပါ့မလား ?
Facebook နဲ့ တခြား social site တွေအားလုံး နီးပါးက unsuccessful login attempts လို့ ခေါ်တဲ့ မအောင်မြင်တဲ့ login attempts တွေ အကြိမ်အနည်းငယ်လောက် try ပြီးသွားတဲ့ အခါမှာ အဲ့ဒီ account ကို lock ချလေ့ရှိပါတယ်။ အဲ့ဒီလို အချိန်မျိုးမှာ "Account Lockout Feature" သို့ မဟုတ် "Account Lockout feature" ကဲ့သို့ သဘောတရားတူသည့် feature တစ်ခုခုဖြင့် automated password cracking method ကို ကာကွယ်လေ့ရှိပါတယ်။ 
ဒါ့ကြောင့် ကျွန်တော့် အနေနဲ့  Facebook Account တစ်ခုကို Crack လုပ်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုချင်ပါတယ်။
 
 
Ref : http://koalpha.blogspot.com/2013/08/facebook-account-crack.html

Please Give Us Your 1 Minute In Sharing This Post!
SOCIALIZE IT →
FOLLOW US →
SHARE IT →
Powered By: BloggerYard.Com

0 comments:

Post a Comment