Subscribe For Free Updates!

We'll not spam mate! We promise.

Wednesday, August 28, 2013

Install Firefox on Kali Linux


Mozilla Firefox ဟာ Kali Linux မှာပါတဲ့ Default Browser ဖြစ်တဲ့  Iceweasel နဲ့ နှိုင်းယှဉ်ရင် အသုံးပြုရတာ User Friendly ဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်ကိုယ်တိုင်လည်း Iceweasel နဲ့ ယှဉ်ရင် Firefox ကိုအသုံးပြုရတာ ပိုနှစ်သက်ပါတယ်။
ဒါကြောင့် Kali Linux မှာ Mozilla Firefox အသုံးပြုပုံကို share လုပ်ပေးသွားမှာဖြစ်ပါတယ်။

အဓိက အရေးကြီးတာက မူလ Kali မှာပါတဲ့ Iceweasel ကို uninstall လုပ်ရမှာဖြစ်ပါတယ်။ မဟုတ်ရင် သူက Firefox ကို install လုပ်ဖို့ allow ပေးမှာမဟုတ်ဘူးဗျ။

ဒါကြောင့် အရင်ဆုံးအနေနဲ့ 
၁။ terminal ဖွင့်ပြီးတော့  apt-get remove iceweasel
လို့ ရိုက်ထည့်ပေးလိုက်ပါ။ ဒါဆိုရင် Iceweasel ကို remove လုပ်သွားမှာဖြစ်ပါတယ်။

၂။ ပြီးရင် echo -e "\ndeb http://downloads.sourceforge.net/project/ubuntuzilla/mozilla/apt all main" | tee -a /etc/apt/sources.list > /dev/null လို့ ရိုက်ထည့်ပြီးတော့ install လုပ်ဖို့ အတွက် repository ကို add လုပ်ရမှာဖြစ်ပါတယ်။

၃။ apt-key adv --recv-keys --keyserver keyserver.ubuntu.com C1289A29
ဆိုတာကတော့ လိုအပ်တဲ့ gpg key ကို import လုပ်ပေးမှာပါ။

၎။ လိုအပ်တဲ့ package ကို update လုပ်ဖို့ အတွက်ကတော့  apt-get update ဆိုတဲ့ command ကို အသုံးပြုရပါမယ်။

၅။ Mozilla Firefox ကို install လုပ်ဖို့ အတွက်ကတော့ apt-get install firefox-mozilla-build လို့ ရိုက်ထည့်ရပါမယ်။

၆။ အဲ့ဒီ installation ပြီးသွားရင်တော့ terminal ကနေ firefox လို့ ရိုက်ထည့်ပြီး Mozilla Firefox ကို အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

Please Give Us Your 1 Minute In Sharing This Post!
SOCIALIZE IT →
FOLLOW US →
SHARE IT →
Powered By: BloggerYard.Com

0 comments:

Post a Comment