Subscribe For Free Updates!

We'll not spam mate! We promise.

Saturday, January 25, 2014

စတိဗ်ဂျော့ ဂိုထောင်ကို သမိုင်းဝင်နေရာအဖြစ် သတ်မှတ်

ကယ်လီဖိုးနီးယားပြည်နယ်၊ ဆီလီကွန်တောင်ကြားက စတိဗ်ဂျော့ရဲ့  ဂိုထောင်လေးဟာ ကမ္ဘာ့ သမိုင်းဝင်မှတ်တမ်းတင် နေရာတစ်ခုအဖြစ် အသတ်မှတ်ခံလိုက်ရပါပြီ။ လိပ်စာ အတိအကျကတော့ -
2066 Crist Dr. in Los Altos, Calif. ဖြစ်ပါတယ်။ Jobs, Wozniak နဲ့ အခြားသော လူနည်းစုတို့ ပေါင်းလို့ Apple ဆိုတာကို ဖြစ်အောင် စတင်ခဲ့တဲ့နေရာ ဖြစ်ပါတယ်။ Apple ပထမဆုံး ကွန်ပြူတာဆို ယင်း ဂိုဒေါင်ကနေ ဖြစ်ပေါ် လာတာပါ။

စတိဗ်ဂျော့ပိုင် ကြီးပြင်းခဲ့တဲ့ ဂိုဒေါင်လည်း ဖြစ်ပါတယ်။ ၁၉၅၂ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး ၆၁ နှစ် သက်တမ်း ရှိပြီး ဖြစ်တဲ့ အိမ် ဖြစ်ပါတယ်။ ယခုတော့ ယင်း အိမ်ပိုင်ရှင်က စတိဗ်ဂျော့ရဲ့  မွေးစားမိခင် Marilyn Jobs ဖြစ်ပြီး ယနေပတိုင် ထိန်းသိမ်းထားဆဲ ပါပဲ။ လေလံဈေးကွက် သို့ ရောက်ရှိသွားမှာ စိုးရိမ်နေကြတဲ့ ယင်းအိမ်ကို ယခု ဒေသခံ အာဏာပိုင် များမှာ သမိုင်းဝင် အထင်ကရ နေရာတစ်ခုအဖြစ် သတ်မှတ် လိုက်ပြီ ဖြစ်ပါတယ်။ ပြတိုက်ပမာ ထားရှိပြီး အချိန်အနေ၊ အချိန်အခါလိုက် လာရောက်လေ့လာသူများကို ခွင့်ပြုပေးမှာ ဖြစ်ပါတယ်။

ထိန်းသိမ်းရေးအတွက်ပါ ဒေသခံ အာဏာပိုင်များက ပြုလုပ်ပေးသွား မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ စတိဗ်ဂျော့ရဲ့  Apple စတင်ရာ ဂိုဒေါင်ဟာ ကမ္ဘာ့ တန်ဖိုးအကြီးဆုံး အိမ်နေရာ တစ်ခု ဖြစ်လာကြောင်း သိရပါတယ်။
.
Ref: mashable

Please Give Us Your 1 Minute In Sharing This Post!
SOCIALIZE IT →
FOLLOW US →
SHARE IT →
Powered By: BloggerYard.Com

0 comments:

Post a Comment