Subscribe For Free Updates!

We'll not spam mate! We promise.

Saturday, February 1, 2014

LG ရဲ့ ကွေးကောက်စမတ်ဖုန်း G Flex တရားဝင် မိတ်ဆက်

တောင်ကိုရီးယား ထွက်ချင်း အတူတူဖြစ်တဲ့ Samsung က Galaxy Round ဆိုပြီး ထုတ်လုပ်ပြီးနောက် LG ကတော့ ကွေးကောက်လို့ရတဲ့ စမတ်ဖုန်း LG G Flex ကို တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။


Samsung ရဲ့  Galaxy Round က ဘေးနှစ်ဘက်ကို ကွေးနိုင်ခြင်း ဖြစ်ပြီး LG G Flex ကတော့ အပေါ်အောက် ကို ကွေးနိုင်မှာ ဖြစ်ပါတယ်။ ယခုလို ထူခြားချက်ကို ဘယ်သူမှ မခန့်မှန်းထားမိခဲ့ ပါ့ဘူး။ LG G2 နဲ့ Specification သိပ်ကွာခြားမှု မရှိပါဘူး။ RAM 2GB, 2.26 Snapdragon 800 processor တို့ ပါဝင်ပြီး ကင်မရာက 13 megapixel ရှိပါတယ်။ ရှေ့ မှာက 2.1 megapixel ကင်မရာ ဖြစ်ပါတယ်။ ဘက်ထရီက 3500 mAh ရှိပါတယ်။ ဖုန်း အလေးချိန်က ၁၇၇ ဂရမ် ရှိပါတယ်။ ဖုန်း Display က ၆ လက်မ ကျယ်ပြီး 720p အရည်အသွေး ထုတ်နိုင် ပါတယ်။ Android 4.2.2 Jelly Bean OS နဲ့ ထုတ်လုပ်ထားပါတယ်။

Swing Lockscreen တို့လိုမျိုး ကွေးကောက်နိုင်တဲ့အလျောက် ထူးခြားတဲ့ Special Feature တွေပါဝင်လာမှာ ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ LG က မကြေညာသေးပါဘူး။ သို့ပေမယ့် ၂၀၁၄ နှစ်ဆန်းပိုင်းအတွင်း LG G Flex ကို ဈေးကွက် ဖြန့်ချိ ရောင်းချသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( TSJ Team )

Please Give Us Your 1 Minute In Sharing This Post!
SOCIALIZE IT →
FOLLOW US →
SHARE IT →
Powered By: BloggerYard.Com

0 comments:

Post a Comment