Subscribe For Free Updates!

We'll not spam mate! We promise.

Thursday, July 18, 2013

Set DNS Pro : အင်တာနက်အမြန်နှုန်းကို မြှင့်တင်ပေးနိုင်တဲ့ Android App




Domain Name Server (or) DNS ဆိုတာ  လူတွေ မှတ်ရလွယ်တဲ့ Web Address (eg. www.google.com)   ကို ကွန်ပြူတာတွေ နားလည်တဲ့ IP Address တွေ အဖြစ်ပြောင်းလဲ ပေးတာပါ။ဥပမာ သင်က facebook.com လို့ ရိုက်လိုက်တယ်ဆိုပါစို့ ။ DNS server က IP address အဖြစ်ပြောင်းလဲပေးလိုက်ပါတယ်။အဲဒီအခါကျမှသင်က facebook ကို အသုံးပြုလို့ ရတာပါ။သင် ၀က်ဆိုက်တစ်ခု ဖွင့်တိုင်း DNS server ကကြားထဲကနေအလုပ်လုပ်ပေးနေတာပါ။ အဲဒီအတွက် အင်တာနက်အမြန်နှုန်းက DNS server ပေါ်မှာလည်းမူတည်ပါတယ်။ လူအများစုက Internet Service Provider(ISP) တွေရဲ့  DNS ကို သုံးကြပါတယ်။သင့် အင်တာနက် speed ပိုမိုကောင်းမွန်အောင်လို့  သင့် ISP ရဲ့ DNS ကို မသုံးဘဲတစ်ခြား DNS(google dns,open dns etc:) တွေကို ပြောင်းလဲသုံးနိုင်ပါတယ်။နောက်ပြီး ISP က blocked လုပ်ထားတဲ့ဆိုက်တွေ ၊ region blocked sites တွေ ကို လည်း ကြည့်ရှုနိုင်အောင်ပြုလုပ်ပေးနိုင်ပါတယ်။ Set DNS Pro ဆို တဲ့ android app က dns server တွေကို အလွယ်တကူပြောင်းလဲပေးနိုင်ပြီး သင့် အင်တာနက် အမြန်နှုန်းကို ပို တည်ငြိမ်အောင် ပိုမြန်အောင်မြှင့်တင်ပေးနိုင်ပါတယ်။Set DNS Pro ကို သုံးဖို့  သင့် ဖုန်းဟာ root လုပ်ထားဖို့ လိုပါတယ်။
Set DNS ကို run ပြီးရင် default dns  ကိုတွေ့ မြင်နိုင်ပြီး Active DNS ကို  note app တစ်ခု မှာမှတ်သားထားသင့်ပါတယ်။Set DNS app မှာ default dns ကို ပြန်ပြောင်းပေးဖို့  option မပါရှိပါဘူး။အဲဒါမှ default dns ကို ပြန်သုံးချင်ရင်ပြန်ပြောင်းလို့ ရမှာပါ။ ပြီးရင် Drop down arrow ကိုနှိပ်ပြီး DNS တွေကို ရွေးချယ်နိုင်ပါတယ်။ပြီးရင် Apply ကိုနှိပ်ပါ။


ပြီးရင် သင့်အင်တာနက် အမြန်နှုန်းပို ကောင်းလာလားး speedtest.net app  နဲ့ စမ်းသပ်ကြည့်ပါ။ Set dns app  မှာလိုအပ်တာတစ်ခု က fastest dns ကိုရှာမပေးနိုင်ပါဘူး။နောက်ပြီး default dns ကိုပြန်ပြောင်းဖို့  option မပါရှိပါဘူး။ပြန်ပြောင်းချင်ရင် custom ကိုရွေးပြီး manual ပြန်ပြောင်းရမှာပါ။ဝင်းဒိုး မှာ DNS ကို အလွယ်တကူပြောင်းပေးနိုင်တဲ့ DNS Jumper ဆို တဲ့ ဆော့ဝဲ အကြောင်းရေးပေးထားပါတယ်။DNS Jumper က fastest dns ကို ရှာပေးနိုင်တဲ့အပြင် သင့် isp ရဲ့ default dns ကို ပါ အလွယ်တကူပြန်သုံးနိုင်အောင်ပြုလုပ်ပေးနိုင်ပါတယ်။
app နှစ်ခုလုံးကို အင်စတောလုပ်လိုက်ရင် pro ဖြစ်ပါပြီ။ Set DNS Pro ကို MMUG မှ  Ko Ye Thu  တင်ပေးထားတာကို သဘောကျလို့ ပြန် share တာပါ။
 

Please Give Us Your 1 Minute In Sharing This Post!
SOCIALIZE IT →
FOLLOW US →
SHARE IT →
Powered By: BloggerYard.Com

2 comments:

  1. အကိုမင်စိုးရာဇာ တစ်ခုလောက်ကူညီပါလား အကိုရဲ့ဘလော့ Template လေးကို သဘောကျလို့ အကိုလိုမျိုး Template လေးလိုချင်လို့ပါ ကုညီပါလား ဘယ်လိုလုပ်ရမှာလဲ လုပ်နည်းလေးကိုတင်ပေးပါလား****************ကျေးဇူးတင်ပါတယ်********************

    ReplyDelete
  2. ဟုတ်တယ် ဗျာ
    သားလည်းကြိုက်တယ် အစ်ကို Template လေး

    ReplyDelete